တော်တော်ဆိုးတဲ့ သူမရဲ့နဂိုရုပ်ရည်ကို မိတ်ကပ်အစွမ်းနဲ့ အံ့သြဖွယ်အသွင်ပြင်မျိုးကို ပြုပြင်ခြင်းကြောင့် အင်တာနက်သုံးသူများ အံ့သြခဲ့ရတဲ့ ကောင်မလေး

မိတ်ကပ်လိမ်းခြင်းရဲ့ အစွမ်းက တကယ်ကို ကြီးမားပြီး ရုပ်ဆိုးတဲ့လူတွေကို ပိုကြည့်ကောင်းအောင် ဖုံးအုပ်ပေးနိုင်တယ်လို့ ဆိုနိုင်ပါတယ် ။ သူတို့ထဲက တချို့လူတွေက အရမ်းပြောင်းလဲသွားပြီ မမှတ်မိနိုင်တော့တဲ့အထိပါဘဲ ။ ယခုဖော်ပြပေးမဲ့ ဒီကောင်မလေးလိုပါပဲ ။ သူမရဲ့ မိတ်ကပ်လိမ်းခြယ်မှုစွမ်းရည်ကြောင့် အင်တာနက်သုံးစွဲသူတွေကို အံ့အားသင့်စေခဲ့ပါတယ် ။ “CRA (@cramakeup)” လို့လည်း လူသိများတဲ့Rosalinda Dirkmook အမည်ရှိ အမျိုးသမီးဟာ သူမရဲ့ ပရိသတ်များ လိုက်ကြည့်ရန် မိတ်ကပ်လိမ်းခြယ်ခြင်းဗီဒီယိုများကို post တင်ခဲ့ပါတယ် ။

.

တစ်ကြိမ်စီတိုင်းက အလွန်တုန်လှုပ်ချောက်ချားစရာဖြစ်ရတဲ့ အကြောင်းမှာ ရလဒ်များက သူမရဲ့ မူလရုပ်နဲ့ မတူတော့ဘဲ လုံးဝပြောင်းလဲသွားသောကြောင့်ဖြစ်ပါတယ် ။ ဗီဒီယိုမှာ Rosalinda က မိတ်ကပ်ကင်းစင်တဲ့ မျက်နှာဖြင့် စတင်ပြီး အရေးအကြောင်းများ သို့မဟုတ် အပြစ်အနာအဆာများကို ဖုံးကွယ်ထားခြင်းမရှိတဲ့အပြင် ကြည့်ရ တော်တော်ဆိုးတယ်လို့ ပြောရမှာပါပဲ ။ နောက်ပိုင်းမှာ Rosalinda က မိတ်ကပ်အပြည့်နဲ့ ပြုပြင်ထားပါတယ် ။

.

သူမက မျက်နှာကို သေးငယ်သွားစေရန်နဲ့ ကြည်လင်တဲ့ မျက်နှာဘောင်ကို ရရှိစေရန် ကွန်တိုပေါ်ရာများကို ပွတ်ပေးပြီး မျက်လုံးပိုကြီးလာစေရန် မျက်ကပ်မှန်နဲ့ မျက်တောင်တုကြီးများ ဝတ်ဆင်ထားတာကြောင့် မိတ်ကပ်လိမ်းပြီးတာနဲ့ လုံးဝကို ပြောင်းလဲသွားပါတယ် ။

.

သူမရဲ့ အလှကုန်အစွမ်းက အင်တာနက်သုံးစွဲသူတွေကို တုန်လှုပ်စေခဲ့ပါတယ် ။ Rosalinda က အံ့သြဖွယ်ကောင်းတဲ့ အသွင်အပြင်များစွာဖြင့် ယခင်က ပျံ့နှံ့သွားခဲ့ပါတယ် ။

JRose (Mckzone daily)

Reference : khaosod

Be the first to comment on "တော်တော်ဆိုးတဲ့ သူမရဲ့နဂိုရုပ်ရည်ကို မိတ်ကပ်အစွမ်းနဲ့ အံ့သြဖွယ်အသွင်ပြင်မျိုးကို ပြုပြင်ခြင်းကြောင့် အင်တာနက်သုံးသူများ အံ့သြခဲ့ရတဲ့ ကောင်မလေး"

Leave a comment

Your email address will not be published.


*