ကမ္ဘာ့သဘာဝသမိုင်းပြတိုက်ကြီးတစ်ခုရဲ့ လူအများစုသိပ်မသိကြသေးတဲ့ နောက်ကွယ်အတွင်းပိုင်းရှိ စိတ်ဝင်စားစူးစမ်းချင်ဖွယ် လျှို့ဝှက်စုဆောင်းမှုပုံရိပ်များ (၁၂ ပုံ)

စာဖတ်သူတို့ထဲမှာ လူ့သမိုင်း ၊ သဘာဝတရားနှင့် စိတ်ဝင်စားစရာအရာများကို လေ့လာရတာကြိုက်နှစ်သက်သူတွေလည်းရှိမှာပါ။ ဒါ့ကြောင့် အံ့ဩဖွယ်ကောင်းတဲ့ပြပွဲများကို သင်သွားနိုင်သည့် အကောင်းဆုံးနေရာများထဲမှတစ်ခုကတော့ အမေရိကန်နိုင်ငံရှိ Smithsonian သဘာဝသမိုင်းပြတိုက်ကြီးဘဲဖြစ်ပါတယ်။ ၎င်း၌ ကြည့်ရမဲ့ ရယ်စရာကောင်းတဲ့ပြပွဲတွေ အများအပြားရှိပေမယ့် ပြတိုက်ရဲ့ 99.9 ရာခိုင်နှုန်းဟာ အများသူငါနဲ့ ဝေးကွာပြီး နောက်ကျောမှာ သိမ်းဆည်းထားတယ်ဆိုတာကို လူအများစုက မသိကြပါဘူး။ ဒါ့ကြောင့် ဝန်ထမ်းများဟာ ၎င်းတို့ရဲ့စိတ်ဝင်စားစရာပစ္စည်းအများစုကိုသိမ်းဆည်းထားသည့် နောက်ကွယ်ရှိ ရိုက်ထားတဲ့ဓာတ်ပုံတွေကိုမျှဝေပေးခဲ့ကြပါတယ်။ ပထမဆုံးအပိုင်းအနေနဲ့ မိုးကောင်ကင်ပေါ် ပျံသန်းတဲ့ ခြေနှစ်ချောင်းဌက်အမျိုးအစားများကိုလေ့လာတဲ့ Ornithology အပိုင်းဘဲဖြစ်ပါတယ်။

ဒါကတော့ ကြည့်ရုံနဲ့ တုန်လှုပ်ချောက်ချားသွားစေမဲ့ အင်းဆက်ကောင်များအပိုင်းပါ။

Anthropology ဆိုတဲ့ မနုဿဗေဒကဏ္ဍအပိုင်းကတော့ လုံးဝ အံ့ဩဖွယ်ကောင်းလှပြီး ဒီအံဆွဲတွေထဲမှာ လူ့သမိုင်းများစွာပါရှိပါတယ်။

ဒါကတော့ ကျောရိုးမဲ့သတ္တဗေဒကဏ္ဍဖြစ်ပြီး ခရုအမျိုးအစားမျိုးစုံကို တွေ့မြင်နိုင်ပါတယ်။

ထို့နောက် တွင်းထွက်ဓာတ်သတ္တုပညာရပ်တွေပါဘဲ။ ဒီအရာတွေအားလုံးဟာ လုံးဝကို လှပတဲ့အရာတွေပါဘဲ။

ဤအရာတွေကတော့ ရုက္ခဗေဒဆိုင်ရာ စုဆောင်းမှုများဖြစ်ပြီး ဤနေရာမှာ အလွန်အဆိပ်ပြင်းတဲ့ အရာများစွာ ပါရှိပါတယ်။

ဒါကတော့ ထက်ပြီး မနုဿဗေဒ (Anthropology)
အပိုင်းဘဲဖြစ်ပြီး ဒီအပိုင်းမှာ လူ့သမိုင်းတွေ အများကြီးပိုရှိမယ်ထင်သလို ဓာတ်ပုံရဲ့ညာဘက်ရှိလူ့ဦးခေါင်းက ဘယ်လောက်ကြီးလဲဆိုတာကို တွေ့မြင်နိုင်ပါတယ်။

ဒါ့ပြင် ဒါကတော့ ကျောက်ဖြစ်ရုပ်ကြွင်းဝါသနာရှင်တွေ အဝကြီး စူးစမ်းလေ့လာချင်သွားမဲ့ Paleobiology ကဏ္ဍအပိုင်းဘဲဖြစ်ပါတယ်။

ဒီအရွယ်အစားစုံဖန်ပုလင်းတွေထဲမှာတော့ မတူညီတဲ့ငါးမျိုးစိတ်ပေါင်းစုံကို ဆေးရည်စိမ်ထားတာပါ။

ဒီကြွက်တွေကတော့ Vertebrate Zoology ဌာနမှဖြစ်ပြီး ဒီကနေ ရောဂါတွေ မဖြစ်ပွါးလာဖို့ဘဲ မျှော်လင့်မိပါတယ်။

ဒါကတော့ ရုက္ခဗေဒ စုဆောင်းမှုများအတွင်း ပါရှိတဲ့ ရေညှိအမျိုးအစား အမျိုးမျိုးပါဘဲ။

နောက်ဆုံးအနေနဲ့ကတော့ Vertebrate Mammal အပိုင်းကဏ္ဍမှ ဝေလငါးအရိုးစုတွေဘဲဖြစ်ပါတယ်။

ဤကြီးမားတဲ့ အစုအဝေးကြီးတွေကို တစ်ချက်ကြည့်လိုက်ရင် မည်သူမဆို မနာလိုဖြစ်သွားမိပါလိမ့်မယ်။ ဒီပြတိုက်မှာ တကယ့်ပစ္စည်းတွေ ဘယ်လောက်သိမ်းဆည်းထားတယ်ဆိုတာ အံ့သြစရာပါပဲ။ ဒါ့ပြင် ဒီအံ့ဩဖွယ်ကောင်းတဲ့ အမွေအနှစ်တွေကို နောက်ထပ်တကြိမ် မပြသနိုင်တော့တာကလည်း အံ့ဩစရာပါဘဲ။ ဒီဓာတ်ပုံတွေကို မြင်ပြီးသူတိုင်းအတွက် ဒီနေရာကြီးကို ဖြတ်လျှောက်သွားရဖို့က ၎င်းရဲ့အိပ်မက်ကြီးတစ်ခုလို ဖြစ်လာပါလိမ့်မယ်။ ဤမျှလောက် သမိုင်းကြောင်းများစွာကို တစ်နေရာတည်းမှာ ကြည့်ရှုခွင့်ရခြင်းအတွက် ပြတိုက်ချစ်သူတို့ရဲ့စိတ်လှုပ်ရှားမှုကို ရိုးရိုးသားသား ထိန်းထားနိုင်မှာမဟုတ်ပါဘူး။

Mia (Mckzone daily)

Reference : buzznicked

Be the first to comment on "ကမ္ဘာ့သဘာဝသမိုင်းပြတိုက်ကြီးတစ်ခုရဲ့ လူအများစုသိပ်မသိကြသေးတဲ့ နောက်ကွယ်အတွင်းပိုင်းရှိ စိတ်ဝင်စားစူးစမ်းချင်ဖွယ် လျှို့ဝှက်စုဆောင်းမှုပုံရိပ်များ (၁၂ ပုံ)"

Leave a comment

Your email address will not be published.


*