အိမ်ငှါးရမ်းရန်နေရာမှန်ရှာဖွေဖို့က တစ်ခါတစ်ရံတွင် ခက်ခဲနိုင်ပေမဲ့လည်း သင့်အနေနဲ့ မှားယွင်းပြီး တာဝန်မဲ့သော အိမ်ငှါးသူထံသို့ သင့်တိုက်ခန်းကို ငှါးရမ်းပေးလိုက်ခြင်းကလည်း အနှောင့်အယှက်ဖြစ်သွားစေနိုင်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ အင်တာနက်အသုံးပြုသူတစ်ဦးဟာ အိပ်မက်ဆိုးတစ်ခုနဲ့ သူ့အိမ်ကို အိမ်ဌားတစ်ဦးအား ငှါးရမ်းပေးခဲ့ပြီးနောက် စိတ်ကူးကြည့်လို့တောင်မရနိုင်တဲ့ အခြေအနေဖြင့် ကျန်ရစ်ခဲ့တာကိုသိလိုက်ရတဲ့အခါ အဲဒီအဖြစ်မှန်ကို ရင်ဆိုင်ခဲ့ရပါတယ်။ အစပိုင်းမှာတော့ အိမ်ငှားနေတဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးငယ်လေးက သူ့ထံမဆက်သွယ်လာတဲ့အခါ အဆိုပါအိမ်ပိုင်ရှင်အမျိုးသားက ထူးဆန်းသလို ခံစားနေခဲ့ရပါတယ်။
.
အဆိုပါတိုက်ခန်းကို လွန်ခဲ့တဲ့နှစ်လကတည်းက ဌားရမ်းထားပေးခဲ့ပေမဲ့ မကြာသေးခင်က အိမ်ဌားက သူမရဲ့လစဉ်အိမ်ငှားခကို ပေးဆောင်ရာမှာ ပြဿနာရှိနေခဲ့ပါတယ်။ ဒါ့ကြောင့် အိမ်ပိုင်ရှင်အမျိုးသားက သူ့တိုက်ခန်းဆီ အလည်သွားဖို့ဆုံးဖြတ်ချခဲ့ပါတယ်။ ဒါပေမဲ့ အပြင်ကနေ ခေါ်မကြားအော်မကြားဖြစ်နေတာကြောင့် ၎င်းက တိုက်ခန်းတံခါးသော့ကိုပျက်စီးပြီး ဝင်ကြည့်လိုက်တဲ့အခါ လူမရှိတော့ဘဲ တိုက်ခန်းတစ်ခုလုံးက အမှိုက်တွေနဲ့ပြည့်နှက်နေခဲ့ပြီး လေအေးပေးစက် လည်ပတ်နေသေးတာကို တွေ့ရတော့ ၎င်းတို့ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရပါတယ်။
.
အစားအသောက်ပုံးများ၊ ညစ်ပတ်သောအဝတ်အစားများနှင့် တိုက်ခန်းနံရံလောက်မြင့်တဲ့အမှိုက်ပုံတွေက ပြန့်ကျဲနေတာကြောင့် အိမ်ပိုင်ရှင်မှ ပံ့ပိုးပေးသည့် ပရိဘောဂများလည်း ပျက်စီးသွားခဲ့ပါတယ်။ သူမြင်လိုက်ရတာကို စိတ်ရှုပ်စွာနဲ့ အိမ်ပိုင်ရှင်အမျိုးသားက သန့်ရှင်းရေးသမား (၄)ဦးကို ခေါ်ပြီး အပြီးသတ်ဖို့ တစ်ရက်နီးပါး အချိန်ယူခဲ့ရပါတယ်။ အိမ်ပိုင်ရှင်က သူ့အတွေ့အကြုံကို ပြန်ပြောပြတဲ့အခါ အဆိုပါအိမ်ဌားမိန်းကလေးရဲ့ပုံစံက သူမ ဒီလောက်ညစ်ပတ်မယ်လို့မထင်ထားခဲ့ကြောင်းနှင့် ၊ ” ဝတ်ကောင်းစားလှရှိတဲ့ မိန်းမတစ်ယောက်က မထားရလောက်အောင် ညစ်ပတ်လွန်းတယ်၊ အဲ့တာကြောင့် သူမက နှုတ်မဆက်ဘဲ တိတ်တဆိတ် ထွက်သွားခဲ့ပုံရတယ် ” လို့ ပြောကြားခဲ့ပါတယ်။
.
ပုံတွေမှာမြင်ရတဲ့အတိုင်း အိမ်က ညစ်ပတ်လွန်းပါတယ်။ ဧည့်ခန်းရဲ့ အပျက်အစီးပုံသဏ္ဍာန်သာမက အိပ်ခန်းနှင့် ရေချိုးခန်းကလည်း အတော်လေး ညစ်ပတ်လွန်းနေခဲ့ပါတယ်။ အဲ့မိန်းကလေးက ဒီလောက်ထိ ညစ်ပတ်အောင် ဘယ်လိုမျိုးစိတ်နဲ့များ နေထိုင်ခဲ့ပါလိမ့်ဗျာ ။
JRose (Mckzone daily)
Reference : gtgoodtimes
Be the first to comment on "အထင်ကြီးစရာကောင်းတဲ့ မိန်းကလေးငယ်ကို အိမ်ဌားပေးလိုက်ပေမဲ့ မထင်ထားလောက်အောင် ညစ်ပတ်လွန်းနေလို့ အံ့ဩသွားခဲ့ရတဲ့ အိမ်ပိုင်ရှင်အမျိုးသား"