စိတ်သက်သာရာရစေဖို့ တစ်ပတ်ကြာ ခရီးထွက်ရင်း မထင်မှတ်ဘဲ သူမရဲ့ဧည့်လမ်းညွှန်နဲ့ ချစ်မိသွားခဲ့ပြီး လက်ထပ်လိုက်တဲ့ အမျိုးသမီးတစ်ဦး (ရုပ်သံ)

စင်္ကာပူနိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ အားလပ်ရက်မှာ ဘူတန်သို့ တစ်ပတ်ကြာ ခရီးထွက်ခဲ့ပြီးနောက်မှာဘဲ သူမရဲ့ ဧည့်လမ်းညွှန်ကို နှစ်သက်သဘောကျသွားခဲ့ပြီး သူမရဲ့တစ်သက်တာအချစ်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ဒစ်ဂျစ်တယ်ဂျာနယ်လစ်နှင့် အယ်ဒီတာအဖြစ် စင်္ကာပူတွင် နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ သဩစတြေးလျနိုင်ငံဖွား Karen Lim ဟာ သူမရဲ့ဘ၀မှာ လှိုင်းထန်သောကာလကို ဖြတ်သန်းပြီးနောက် 2017 ခုနှစ်၌ တစ်ပတ်ကြာ ခရီးကို စိတ်အားထက်သန်စွာ ခရီးထွက်ခဲ့ပါတယ်။ Karen ဟာ သူမရဲ့စိတ်ဝိညာဉ်ကို ကုစားရင်း တရားအားထုတ်ပြီးနောက် စိတ်ချမ်းသာရာရမဲ့တိုင်းပြည်သို့ သွားရောက်လည်ပတ်ဖို့ စိတ်ကူးထားခဲ့ပါတယ်။

.

ဒါပေမဲ့ အိန္ဒိယနှင့် နီပေါနှစ်နိုင်ငံစလုံးကို စဉ်းစားပြီးနောက်မှာ ဘူတန်ဟာ သူမရဲ့ ယဉ်ကျေးမှု တစ်ကိုယ်တော် ခရီးစဉ်အတွက် ဦးတည်ရာအဖြစ် ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ထို့နောက် ဘူတန်နိုင်ငံရဲ့သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများစွာရှိသော အကြီးတန်း အမျိုးသားဧည့်လမ်းညွှန်တစ်ဦးကိုတောင်းဆိုတဲ့အခါ၊ Karen ဟာ ၎င်းက သူမရဲ့အနာဂတ်ခင်ပွန်းဖြစ်လာမှာကို မသိနေခဲ့ပါဘူး။ အခုချိန်မှာတော့ သူမတို့နှစ်ဦးဟာ ဘူတန်နိုင်ငံရဲ့ မြို့တော် Thimpu မှာ ပျော်ရွှင်စွာ လက်ထပ်ပြီး အတူနေထိုင်နေကြပါပြီ။ သူမဟာ ခရီးစဉ်တစ်လျှောက် သူမရဲ့ပတ်ဝန်းကျင်ကို ချက်ခြင်းပင် ချစ်မိသွားပြီး ၊

.

၎င်းတိုင်းပြည်က သူမကို ငြိမ်းချမ်းစေတယ်လို့ ခံစားလာခဲ့ရပါတယ်။ ” အဲဒီလို ငြိမ်းချမ်းမှုမျိုးကို ကလေးဘဝတုန်းက ကြုံဖူးကြမှာပါ၊ စိုးရိမ်စရာမရှိ၊ စိတ်တည်ငြိမ်မှု၊ ရိုးရိုးရှင်းရှင်းနဲ့ အသေးငယ်ဆုံးအရာတွေမှာ အလှတရားတွေကို မြင်နေရတာမျိုးလေ ” လို့ Karen က သူမရဲ့ဘလော့ဂ် Life in Bhutan မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ထို့နောက် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာနေရာဖြစ်သည့် ကမ္ဘာကျော် Tiger’s Nest သို့ ခြေလျင်တက်ပြီးနောက်မှာ ၎င်းတို့နှစ်ဦးဟာ မှော်ဆန်ဆန် ချစ်ကြိုက်သွားခဲ့ကြပါတယ်။ “ မျက်လှည့်လိုပါဘဲ၊ ကျွန်တော် သူမကိုရှာတွေ့တာ အရမ်းကံကောင်းတယ်” လို့ ဧည့်လမ်းညွှန် Ngawang က ပြောခဲ့ပါတယ်။

.

ထို့နောက် Karen ဟာ သူမရဲ့ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘူတန်မှာထားခဲ့ပြီး စင်္ကာပူကို ပြန်လာခဲ့ပါတယ်။ Ngawang နှင့် Karen တို့ဟာ အချင်းချင်း အဆက်အသွယ်ရှိနေခဲ့ကြပြီးနောက် နောက်ဆုံးမှာ မှော်အစွမ်းကဖြစ်ပေါ်လာခဲ့ကာ Ngawang ဟာ Karen အား လက်ထပ်ခွင့်တောင်းဆိုခဲ့ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ ၎င်းတို့စုံတွဲဟာ အောက်တိုဘာလမှာ လက်ထပ်ထိမ်းမြားကြခဲ့ပြီး ၎င်းတို့ရဲ့မင်္ဂလာပွဲကလည်း တရုတ်၊ အနောက်တိုင်းနှင့် ဘူတန်တို့ရဲ့ ရိုးရာဓလေ့များဖြင့် ရောနှောထားခဲ့ပါတယ်။

“ကျွန်မတို့ရဲ့လမ်းခရီးမှာ အတားအဆီးတွေရှိပေမဲ့ အတူလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ အချစ်ဆိုတာ အချိန်တွေ ခက်ခဲလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အရှုံးမပေးဘူးလို့ ကျွန်မတို့ယုံကြည်ထားတဲ့အတွက်ကြောင့်ပါ ” လို့လည်း Karen က ဆိုခဲ့ပါတယ်။ Karen တို့ဇနီးမောင်နှံရဲ့ဇာတ်လမ်းလေးက လေးလေးနက်နက် ရင်ခုန်စရာပါဘဲ။ ဂုဏ်ပြုတဲ့အနေနဲ့ နှစ်ယောက်လုံး ပျော်ရွှင်စွာ ထာဝရ အတူနေထိုင်သွားနိုင်ပါစေဗျာ ။

Mia (Mckzone daily)

Reference :

Be the first to comment on "စိတ်သက်သာရာရစေဖို့ တစ်ပတ်ကြာ ခရီးထွက်ရင်း မထင်မှတ်ဘဲ သူမရဲ့ဧည့်လမ်းညွှန်နဲ့ ချစ်မိသွားခဲ့ပြီး လက်ထပ်လိုက်တဲ့ အမျိုးသမီးတစ်ဦး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*