NBA ၾကယ္ပြင့္ျဖစ္တဲ့ Kobe Bryant ဟာ ၿပီးခဲ့တဲ့ January 26 ရက္ေန႔က Los Angeles ၿမိဳ႕ရဲ႕ အေနာက္ေတာင္ဖက္ 65 km အကြာ Calabasas ၿမိဳ႕အနီးမွာ ရဟတ္ယာဥ္ပ်က္က်ၿပီးေနာက္ အသက္ေသဆံုးသြားခဲ့ရပါတယ္ ။ အသက္ 41 ႏွစ္အရြယ္ NBA ကစားသမားေဟာင္း ႏွင့္ သူ၏ 13 ႏွစ္အရြယ္သမီးအပါအဝင္ ရဟတ္ယာဥ္ေပၚ႐ွိ ခရီးသည္ 9 ဦးလံုး အသက္ေသဆံုးသြားခဲ့ရပါတယ္ ။ အဆိုပါ ရဟတ္ယာဥ္တြင္လိုက္ပါစီးနင္းလာေသာ ခရီးသည္မ်ားဟာ အသက္႐ွင္က်န္ရစ္ခဲ့ျခင္းမ႐ွိေၾကာင္းလည္း တာဝန္႐ွိသူမ်ားက ထုတ္ျပန္ေၾကညာခဲ့ပါတယ္ ။
Bryant ႏွင့္ သူ၏သမီး Gianna တို႔ဟာ သမီးျဖစ္သူပါဝင္ယွဥ္ၿပိဳင္မယ့္ ကစားပြဲသို႔သြားရင္း ရဟတ္ယာဥ္ပ်က္က်၍ေသဆံုးခဲ့တာျဖစ္ပါတယ္ ။ ထို႔အျပင္ Bryant ဟာ သမီးျဖစ္သူတို႔ပါဝင္တဲ့အဆိုပါဘတ္စကတ္ေဘာအဖြဲ႔ရဲ႕ နည္းျပတစ္ေယာက္လည္းျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ သားအဖႏွစ္ေယာက္လံုးဟာ အျခား NBA ပြဲေတြမွာဆိုရင္ အတူတကြလာေရာက္ၾကည့္႐ႈၾကတာကို အျမဲေတြ႔ရေလ့႐ွိၿပီး ၊ အသက္ 13 ႏွစ္အရြယ္ Gianna ရဲ႕ ဘတ္စကတ္ေဘာစြမ္းရည္မွာလည္း အေတာ္ေလးကိုနာမည္ႀကီးလ်က္႐ွိပါတယ္ ။
သတင္းအရင္းအျမစ္အရ မေတာ္တဆမႈျဖစ္ပြားခဲ့တဲ့မနက္ခင္းဟာ အေတာ္ေလးကို ျမဴ ေတြပိတ္ေနလ်က္႐ွိေၾကာင္း ႏွင့္ ေျမျပင္ေပၚသို႔ပ်က္က်ခဲ့ျခင္းမွာလည္း ရာသီဥတုဆိုးဝါးတဲ့အျပင္ ျမဴ ေတြပိတ္ေနတဲ့အတြက္ေၾကာင့္လည္း ျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။ အဆိုပါမေတာ္တဆမႈကို စံုစမ္းစစ္ေဆးမႈမ်ားဆက္လက္ျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။
Jasmine (Mckzone Daily)
Source: worldofbuzz
unicode
NBA ကြယ်ပွင့်ဖြစ်တဲ့ Kobe Bryant ဟာ ပြီးခဲ့တဲ့ January 26 ရက်နေ့က Los Angeles မြို့ရဲ့ အနောက်တောင်ဖက် 65 km အကွာ Calabasas မြို့အနီးမှာ ရဟတ်ယာဉ်ပျက်ကျပြီးနောက် အသက်သေဆုံးသွားခဲ့ရပါတယ် ။ အသက် 41 နှစ်အရွယ် NBA ကစားသမားဟောင်း နှင့် သူ၏ 13 နှစ်အရွယ်သမီးအပါအဝင် ရဟတ်ယာဉ်ပေါ်ရှိ ခရီးသည် 9 ဦးလုံး အသက်သေဆုံးသွားခဲ့ရပါတယ် ။ အဆိုပါ ရဟတ်ယာဉ်တွင်လိုက်ပါစီးနင်းလာသော ခရီးသည်များဟာ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းမရှိကြောင်းလည်း တာဝန်ရှိသူများက ထုတ်ပြန်ကြေညာခဲ့ပါတယ် ။
Bryant နှင့် သူ၏သမီး Gianna တို့ဟာ သမီးဖြစ်သူပါဝင်ယှဉ်ပြိုင်မယ့် ကစားပွဲသို့သွားရင်း ရဟတ်ယာဉ်ပျက်ကျ၍သေဆုံးခဲ့တာဖြစ်ပါတယ် ။ ထို့အပြင် Bryant ဟာ သမီးဖြစ်သူတို့ပါဝင်တဲ့အဆိုပါဘတ်စကတ်ဘောအဖွဲ့ရဲ့ နည်းပြတစ်ယောက်လည်းဖြစ်ကြောင်း သိရှိရပါတယ် ။ သားအဖနှစ်ယောက်လုံးဟာ အခြား NBA ပွဲတွေမှာဆိုရင် အတူတကွလာရောက်ကြည့်ရှုကြတာကို အမြဲတွေ့ရလေ့ရှိပြီး ၊ အသက် 13 နှစ်အရွယ် Gianna ရဲ့ ဘတ်စကတ်ဘောစွမ်းရည်မှာလည်း အတော်လေးကိုနာမည်ကြီးလျက်ရှိပါတယ် ။
သတင်းအရင်းအမြစ်အရ မတော်တဆမှုဖြစ်ပွားခဲ့တဲ့မနက်ခင်းဟာ အတော်လေးကို မြူ တွေပိတ်နေလျက်ရှိကြောင်း နှင့် မြေပြင်ပေါ်သို့ပျက်ကျခဲ့ခြင်းမှာလည်း ရာသီဥတုဆိုးဝါးတဲ့အပြင် မြူ တွေပိတ်နေတဲ့အတွက်ကြောင့်လည်း ဖြစ်ကြောင်းသိရှိရပါတယ် ။ အဆိုပါမတော်တဆမှုကို စုံစမ်းစစ်ဆေးမှုများဆက်လက်ပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "ရဟတ္ယာဥ္ပ်က္က်ၿပီး ေသဆံုးသြားခဲ့ရတဲ့ NBA ကစားသမားေဟာင္း Kobe Bryant ႏွင့္ သူ၏ 13 ႏွစ္အရြယ္ သမီး (႐ုပ္သံ)"