မၾကာေသးခင္ကက်င္းပခဲ့တဲ့ online racing game အဆင့္ဆင့္ၿပိဳင္ပြဲမွာ ကိုရင္3ပါးဟာ သကၤန္းဝတ္ရံုျဖင့္ အႏိုင္ရဗိုလ္စြဲသြားခဲ့လို႔ အေတာ္ေလးကိုနာမည္ႀကီးေနခဲ့ပါတယ္ ။အဆိုပါ ႏွစ္ပတ္လည္ၿပိဳင္ပြဲႀကီးကို Khon Kaen University ရဲ႕ Nong Khai campus မွာ 3ရက္ဆက္တိုက္က်င္းပခဲ့တာျဖစ္ၿပီး August 15 ရက္ေန႔မွ August 18ရက္ေန႔ထိျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ အဆိုပါကိုရင္ေလးမ်ားဟာ ထိုင္ႏိုင္ငံအေ႐ွ႕ဖက္ပိုင္းတြင္႐ွိေသာ Balee Sathit Suksa ဗုဒၶစာေပသင္ၾကားေသာေက်ာင္းတိုက္မွ အထက္တန္းအဆင့္ကိုရင္ေလးမ်ားျဖစ္ၾကၿပီး ၊ ‘ကိုရင္ေလးေတြက ၿပိဳင္ပြဲကိုပါဝင္ယွဥ္ၿပိဳင္ခ်င္တယ္ဆိုလို႔ အခြင့္အေရးေပးလိုက္တာပါ ၊ ဆရာေတာ္တို႔လည္း တကယ္ကိုအႏိုင္ရလိမ့္မယ္လို႔ မေမ်ွာ္လင့္ခဲ့ပါဘူး ‘ ဟူ၍ေက်ာင္းထိုင္ဆရာေတာ္က ေျဖၾကားခဲ့ပါတယ္ ။ဆရာေတာ္ကဆက္လက္ၿပီး ေက်ာင္းတိုက္ဟာ ဗုဒၶစာေပသင္ၾကားေပးသည့္ေက်ာင္းတိုက္ျဖစ္ေပမဲ့လည္း ၊ ကိုရင္မ်ားဟာ တစ္ပတ္လ်ွင္ နာရီ 20 သာ ဗုဒၶစာေပသင္ယူၾကၿပီး ၊ က်န္႐ွိေနေသာအခ်ိန္အခ်ိဳ႕ကိုေတာ့ အျခားေသာသင္႐ိုးၫႊန္တမ္းမ်ား သင္ၾကားေပးလ်က္႐ွိပါတယ္ ။ကမာၻႀကီးႏွင့္ အဆက္အသြယ္မပ်က္ေအာင္ ကြန္ျပဴ တာအတန္းမ်ားထား႐ွိေပၿပီး အခ်ိဳ႕မွာအလြန္စိတ္ဝင္စားေသာေၾကာင့္ အခ်ိန္ရလ်ွင္အျမဲသင္ယူေလ့လာေလ့႐ွိေၾကာင္းလည္း ေျပာျပသြားခဲ့ပါတယ္ ။
ကိုရင္ေလးမ်ား စတိတ္စင္ေပၚတြင္ ဆုတက္ယူတဲ့အခ်ိန္မွာေတာ့သကၤန္းဝတ္ရံုႏွင့္ျဖစ္ေနသည့္အတြက္ အစဥ္အလာႏွင့္မကိုက္ညီဘဲ အေတာ္ေလးထူးဆန္းေနေသာေၾကာင့္ online ေပၚတြင္အေတာ္ေလးေရပန္းစားေနခဲ့ပါတယ္ ။ လူအမ်ားစုကေတာ့ ကိုရင္ေလးမ်ားကိုေထာက္ခံအားေပးခဲ့ၾကၿပီး အခ်ိဳ႕မွာေတာ့ သကၤန္းဝတ္ရံုျဖင့္ျဖစ္ေနသည့္အတြက္ ဝတ္နည္းႏွင့္မကိုက္ညီေသာေၾကာင့္ မေက်နပ္သူမ်ားလည္း႐ွိၾကပါတယ္ ။
သို႔ေပမဲ့လည္း မေက်နပ္၍အျပစ္တင္ေဝဖန္သူမ်ားကို ေက်ာင္းထိုင္ဆရာေတာ္မွ ‘ကိုရင္ေလးမ်ားဟာလည္း အသက္ငယ္ရြယ္ေသာ လူငယ္အရြယ္သာျဖစ္၍ အျခားရြယ္တူကေလးမ်ားကဲ့သို႔ ႀကီးထြားလာၿပီး အရည္အေသြးမ်ားတိုးတက္လာေအာင္ စိတ္ဝင္စားေသာအရာမ်ားေလ့လာသင္ယူဖို႔လိုအပ္ေၾကာင္း ၊စာသင္သားကိုရင္ေလးမ်ားကိုလည္း အခြင့္အေရးေပးလို၍ ကိုရင္ေလးမ်ားဟာလည္းခြင့္ေတာင္းေသာေၾကာင့္ အခြင့္အေရးေပးခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ယခုစာသင္တိုက္မွမဟုတ္ပါဘူး အျခားေသာဗုဒၶစာသင္ၾကားသည့္ေက်ာင္းတိုက္မ်ားမွာလည္း ကိုရင္ေလးမ်ားကိုယွဥ္ၿပိဳင္ပြဲမ်ားပို႔ေပေလ့႐ွိေပမဲ့ ယခုကိုရင္ေလး 3ပါးသာအႏိုင္ရ႐ွိဖူးျခင္းျဖစ္ေၾကာင္း ‘ ေျပာျပသြားခဲ့ပါတယ္ ။
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
မကြာသေးခင်ကကျင်းပခဲ့တဲ့ online racing game အဆင့်ဆင့်ပြိုင်ပွဲမှာ ကိုရင်3ပါးဟာ သင်္ကန်းဝတ်ရုံဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့လို့ အတော်လေးကိုနာမည်ကြီးနေခဲ့ပါတယ် ။အဆိုပါ နှစ်ပတ်လည်ပြိုင်ပွဲကြီးကို Khon Kaen University ရဲ့ Nong Khai campus မှာ 3ရက်ဆက်တိုက်ကျင်းပခဲ့တာဖြစ်ပြီး August 15 ရက်နေ့မှ August 18ရက်နေ့ထိဖြစ်ကြောင်း သိရှိရပါတယ် ။ အဆိုပါကိုရင်လေးများဟာ ထိုင်နိုင်ငံအရှေ့ဖက်ပိုင်းတွင်ရှိသော Balee Sathit Suksa ဗုဒ္ဓစာပေသင်ကြားသောကျောင်းတိုက်မှ အထက်တန်းအဆင့်ကိုရင်လေးများဖြစ်ကြပြီး ၊ ‘ကိုရင်လေးတွေက ပြိုင်ပွဲကိုပါဝင်ယှဉ်ပြိုင်ချင်တယ်ဆိုလို့ အခွင့်အရေးပေးလိုက်တာပါ ၊ ဆရာတော်တို့လည်း တကယ်ကိုအနိုင်ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး ‘ ဟူ၍ကျောင်းထိုင်ဆရာတော်က ဖြေကြားခဲ့ပါတယ် ။ဆရာတော်ကဆက်လက်ပြီး ကျောင်းတိုက်ဟာ ဗုဒ္ဓစာပေသင်ကြားပေးသည့်ကျောင်းတိုက်ဖြစ်ပေမဲ့လည်း ၊ ကိုရင်များဟာ တစ်ပတ်လျှင် နာရီ 20 သာ ဗုဒ္ဓစာပေသင်ယူကြပြီး ၊ ကျန်ရှိနေသောအချိန်အချို့ကိုတော့ အခြားသောသင်ရိုးညွှန်တမ်းများ သင်ကြားပေးလျက်ရှိပါတယ် ။ကမ္ဘာကြီးနှင့် အဆက်အသွယ်မပျက်အောင် ကွန်ပြူ တာအတန်းများထားရှိပေပြီး အချို့မှာအလွန်စိတ်ဝင်စားသောကြောင့် အချိန်ရလျှင်အမြဲသင်ယူလေ့လာလေ့ရှိကြောင်းလည်း ပြောပြသွားခဲ့ပါတယ် ။
ကိုရင်လေးများ စတိတ်စင်ပေါ်တွင် ဆုတက်ယူတဲ့အချိန်မှာတော့သင်္ကန်းဝတ်ရုံနှင့်ဖြစ်နေသည့်အတွက် အစဉ်အလာနှင့်မကိုက်ညီဘဲ အတော်လေးထူးဆန်းနေသောကြောင့် online ပေါ်တွင်အတော်လေးရေပန်းစားနေခဲ့ပါတယ် ။ လူအများစုကတော့ ကိုရင်လေးများကိုထောက်ခံအားပေးခဲ့ကြပြီး အချို့မှာတော့ သင်္ကန်းဝတ်ရုံဖြင့်ဖြစ်နေသည့်အတွက် ဝတ်နည်းနှင့်မကိုက်ညီသောကြောင့် မကျေနပ်သူများလည်းရှိကြပါတယ် ။
သို့ပေမဲ့လည်း မကျေနပ်၍အပြစ်တင်ဝေဖန်သူများကို ကျောင်းထိုင်ဆရာတော်မှ ‘ကိုရင်လေးများဟာလည်း အသက်ငယ်ရွယ်သော လူငယ်အရွယ်သာဖြစ်၍ အခြားရွယ်တူကလေးများကဲ့သို့ ကြီးထွားလာပြီး အရည်အသွေးများတိုးတက်လာအောင် စိတ်ဝင်စားသောအရာများလေ့လာသင်ယူဖို့လိုအပ်ကြောင်း ၊စာသင်သားကိုရင်လေးများကိုလည်း အခွင့်အရေးပေးလို၍ ကိုရင်လေးများဟာလည်းခွင့်တောင်းသောကြောင့် အခွင့်အရေးပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုစာသင်တိုက်မှမဟုတ်ပါဘူး အခြားသောဗုဒ္ဓစာသင်ကြားသည့်ကျောင်းတိုက်များမှာလည်း ကိုရင်လေးများကိုယှဉ်ပြိုင်ပွဲများပို့ပေလေ့ရှိပေမဲ့ ယခုကိုရင်လေး 3ပါးသာအနိုင်ရရှိဖူးခြင်းဖြစ်ကြောင်း ‘ ပြောပြသွားခဲ့ပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "Online Game အဆင့္ဆင့္ၿပိဳင္ပြဲမွာအႏိုင္ရ႐ွိခဲ့လို႔ အေတာ္ေလးနာမည္ႀကီးသြားခဲ့တဲ့ ကိုရင္3ပါး"