အလုပ္ခန္႔အပ္ခံလိုက္ရၿပီး ေပ်ာ္လြန္းလို႔ CCTV ႐ွိမွန္းမသိဘဲ ကားပါကင္မွာေကြးေနေအာင္ ကေနခဲ့တဲ့ မိန္းကေလး(႐ုပ္သံ)

၂၀၂၀ခုႏွစ္ဟာ ကၽြန္ေတာ္တို့အားလုံးအတြက္ အလြန္ခက္ခဲတဲ့ ႏွစ္တစ္ႏွစ္ပါ။ဒါေၾကာင့္ ခုရက္ပိုင္းအတြင္း ျဖစ္ပ်က္ေနၿပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့သတင္းေတြကို အခ်င္းခ်င္းျပန္လည္မၽွေဝသင့္ပါတယ္။အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ့ အလုပ္ interview တခုကိုေျဖၿပီးအျပန္ ကားရပ္နားတဲ့ ေနရာတစ္ေနရာမွာ ေအာင္နိုင္သူတစ္ေယာက္လို ဝမ္းေျမာက္ဝမ္းသာ ကေနခဲ့တဲ့ ဗီဒီယိုဟာ အင္တာနက္ေပၚ ပ်ံ႕ႏွံ့သြားၿပီး လူအမ်ားရဲ့ အာ႐ုံစိုက္မွုကို ရရွိခဲ့ပါတယ္။Georgiaနိုင္ငံ Decaturရွိ The Spot Sports Bar and Grill မွာ အလုပ္လုပ္ေနတဲ့ Dakara Spence ဆိုသူဟာ ၎ဗီဒီယိုကို Instagram မွာ “ငါ ဒီေကာင္မေလးကို အလုပ္ခန္႔ခဲ့တယ္၊ဒါကေတာ့ သူ႔ရဲ့ တုံျပန္မွုဘဲ”ဆိုတဲ့ ေခါင္းစဥ္နဲ႔ တင္ခဲ့ပါတယ္။

အဆိုပါ ဗီဒီယိုကို လြန္ခဲ့တဲ့ စက္တင္ဘာလ ၃၀ရက္မွာ မၽွေဝခဲ့ၿပီး အဲ့ ေခါင္းစဥ္အေရးအသားအေပၚ ထင္ျမင္ခ်က္ေပါင္း သန္းတစ္ရာေက်ာ္ ရရွိခဲ့ပါတယ္။ လူအမ်ားက “သူမကို အခြင့္အေရးေပးလို့ ေက်းဇူးတင္ပါတယ္၊သူမဆုေတာင္းတာကို ခံယူၿပီး ေပၽွာ္ရႊင္စြာ ကခုန္ခဲ့ပုံရတယ္”၊၊ “စီးပြါးေရးလုပ္ငန္းရွင္ တစ္ေယာက္အေနနဲ႔ လူေတြကို သူတို့ရဲ့ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္နိုင္ဖို့အဓိပၸာယ္ျပည့္ဝတဲ့အခြင့္အလမ္းေတြဖန္တီးနိုင္တဲ့ဒီအခိုက္အတန႔္ေလးက ကၽြန္မဘဝရဲ့အထူးျခားဆုံးေသာအရာတစ္ခုဘဲ”၊၊ “ကမၻာႀကီးကိုလည္း အဲ့လို စြမ္းအားေတြနဲ႔ ဂုဏ္ျပဳဖို့ လိုအပ္တယ္”အစရွိတဲ့ မွတ္ခ်က္ေပါင္းမ်ားစြာကို ေပးခဲ့ၾကပါတယ္။

အဆိုပါ အကကို ကခဲ့တဲ့ Kay Kay ဆိုတဲ့ အမ်ိဳးသမီးဟာ ၎ဗီဒီယိုဖိုင္ရွိ မွတ္ခ်က္ေတြကို ဝင္ၾကည့္ခဲ့ၿပီး “အို…!ငါအဲလိုကခဲ့တာဘဲ၊ဘယ္သူမွ မေတြ႕ဘူးလို့ထင္ခဲ့တာ၊ငါမွားသြားခဲ့တယ္၊ေက်းဇူးတင္ပါတယ္…..”။ “Tik Tokနဲ႔ Complexမွာ ငါကခဲ့ေသးတယ္၊ဘယ္သူမွ မၾကည့္ဘူးလို့ထင္ခဲ့တာ ၊ငါအမွားႀကီးမွားခဲ့တယ္”လို့လည္း မွတ္ခ်က္ေပးသြားခဲ့ပါေသးတယ္။

Jasmine (Mckzone Daily)

Source: elitereaders.

Unicode

၂၀၂၀ခုနှစ်ဟာ ကျွန်တော်တို့အားလုံးအတွက် အလွန်ခက်ခဲတဲ့ နှစ်တစ်နှစ်ပါ။ဒါကြောင့် ခုရက်ပိုင်းအတွင်း ဖြစ်ပျက်နေပြီး ပျော်ရွှင်စရာကောင်းတဲ့သတင်းတွေကို အချင်းချင်းပြန်လည်မျှဝေသင့်ပါတယ်။အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အလုပ် interview တခုကိုဖြေပြီးအပြန် ကားရပ်နားတဲ့ နေရာတစ်နေရာမှာ အောင်နိုင်သူတစ်ယောက်လို ဝမ်းမြောက်ဝမ်းသာ ကနေခဲ့တဲ့ ဗီဒီယိုဟာ အင်တာနက်ပေါ် ပျံ့နှံ့သွားပြီး လူအများရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။Georgiaနိုင်ငံ Decaturရှိ The Spot Sports Bar and Grill မှာ အလုပ်လုပ်နေတဲ့ Dakara Spence ဆိုသူဟာ ၎င်းဗီဒီယိုကို Instagram မှာ “ငါ ဒီကောင်မလေးကို အလုပ်ခန့်ခဲ့တယ်၊ဒါကတော့ သူ့ရဲ့ တုံပြန်မှုဘဲ”ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုကို လွန်ခဲ့တဲ့ စက်တင်ဘာလ ၃၀ရက်မှာ မျှဝေခဲ့ပြီး အဲ့ ခေါင်းစဉ်အရေးအသားအပေါ် ထင်မြင်ချက်ပေါင်း သန်းတစ်ရာကျော် ရရှိခဲ့ပါတယ်။ လူအများက “သူမကို အခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ်၊သူမဆုတောင်းတာကို ခံယူပြီး ပျှော်ရွှင်စွာ ကခုန်ခဲ့ပုံရတယ်”၊၊ “စီးပွါးရေးလုပ်ငန်းရှင် တစ်ယောက်အနေနဲ့ လူတွေကို သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အဓိပ္ပာယ်ပြည့်ဝတဲ့အခွင့်အလမ်းတွေဖန်တီးနိုင်တဲ့ဒီအခိုက်အတန့်လေးက ကျွန်မဘဝရဲ့အထူးခြားဆုံးသောအရာတစ်ခုဘဲ”၊၊ “ကမ္ဘာကြီးကိုလည်း အဲ့လို စွမ်းအားတွေနဲ့ ဂုဏ်ပြုဖို့ လိုအပ်တယ်”အစရှိတဲ့ မှတ်ချက်ပေါင်းများစွာကို ပေးခဲ့ကြပါတယ်။

အဆိုပါ အကကို ကခဲ့တဲ့ Kay Kay ဆိုတဲ့ အမျိုးသမီးဟာ ၎င်းဗီဒီယိုဖိုင်ရှိ မှတ်ချက်တွေကို ဝင်ကြည့်ခဲ့ပြီး “အို…!ငါအဲလိုကခဲ့တာဘဲ၊ဘယ်သူမှ မတွေ့ဘူးလို့ထင်ခဲ့တာ၊ငါမှားသွားခဲ့တယ်၊ကျေးဇူးတင်ပါတယ်…..”။ “Tik Tokနဲ့ Complexမှာ ငါကခဲ့သေးတယ်၊ဘယ်သူမှ မကြည့်ဘူးလို့ထင်ခဲ့တာ ၊ငါအမှားကြီးမှားခဲ့တယ်”လို့လည်း မှတ်ချက်ပေးသွားခဲ့ပါသေးတယ်။

Jasmine (Mckzone Daily)

Be the first to comment on "အလုပ္ခန္႔အပ္ခံလိုက္ရၿပီး ေပ်ာ္လြန္းလို႔ CCTV ႐ွိမွန္းမသိဘဲ ကားပါကင္မွာေကြးေနေအာင္ ကေနခဲ့တဲ့ မိန္းကေလး(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*