6ႏွစ္ၾကာေတာ့မွ ေႏြးေထြးတဲ့မိသားစုရဲ႕ ေမြးစားျခင္းကို ခံခဲ့ရတဲ့ ေရာဂါသည္ ေၾကာင္ေလးရဲ႕အျဖစ္

Georgina Priceႏွင့္ သတို့သားျဖစ္သူ Christopher Lardnerတို့ဟာ သူတို့ပထမဆုံး ကယ္တင္ေမြးစားခဲ့တဲ့ အသက္ ၁၆ႏွစ္အရြယ္ Herbieဆိုတဲ့ ေၾကာင္ေလးကို လအနည္းငယ္ၾကာေလာက္က ဆုံးရွုံးလိုက္ရပါတယ္။သူတို့ဟာ အခ်ိန္တစ္ခဏတာ သိခဲ့ရေပမဲ့ ေၾကာင္ေလးရဲ့ေသဆုံးမွုကို ဝမ္းနည္းေၾကကြဲခဲ့ၾကရပါတယ္။ဆုံးရွုံးမွုအတြက္ အသစ္ေသာ အရာတစ္ခုကို ထပ္မံျပဳလုပ္ရန္ ဆုံးျဖတ္ခဲ့ၾကပါတယ္။Georginaဟာ Website ထဲဝင္ၾကည့္ေနစဥ္ Quinton ဆိုတဲ့ ၇ႏွစ္အရြယ္ သြားေတြမရွိေတာ့ဘဲ အျဖဴနဲ႔အနက္စပ္ထားတဲ့ေၾကာင္ေလး နဲ႔ Toby ဆိုတဲ့ ၆ႏွစ္အရြယ္ အေရျပားေတြတြဲက်ေနတဲ့ အေမြးတိုတိုေၾကာင္ေလးတို့ကို ေတြ႕ခဲ့ပါတယ္။”RSPCA က သူတို့ကို ႏွစ္ေကာင္တစ္စုံ အေနနဲ႔ ေၾကာ္ျငာထားတယ္။ကၽြန္ေတာ္တို့က တစ္ေကာင္တည္းေမြးတာထက္ေၾကာင္ႏွစ္ေၾကာင္လုံးကို ေမြးတာက ပိုေကာင္းမယ္လို့ တိုင္ပင္ခဲ့တယ္”။

ထို့ေနာက္ Toby နဲ႔ Quintonတို့ကို အိမ္သို့ေခၚကာ ေမြးစားခဲ့ၾကပါတယ္။Tobyဟာ ေကာ္လာဂ်င္မလုံေလာက္မွုေၾကာင့္ ပုံမွန္မဟုတ္ဘဲ ဆန္႔က်ဲေနျခင္း၊ခၽြတ္ယြင္းျခင္းႏွင့္ပ်က္စီးလြယ္တဲ့ အေရျပားကို ျဖစ္ေပၚေစနိုင္တဲ့ မ်ိဳးရိုးဗီဇဆိုင္ရာ ေရာဂါေခၚ Ehlers-Danlos Syndrome (EDS)သို့မဟုတ္ feline cutaneous asthenia (FCA)ေရာဂါခံစားေနရေၾကာင္းကို ေနာက္မွသိခဲ့ရေၾကာင္း Georgina က ဆိုပါတယ္။ေၾကာင္ေလးေတြဟာ အိမ္အသစ္နဲ႔ ေနသားမက်ေသးဘဲ အစားအစာနဲ႔ ခ်စ္ျခင္းေတြကသာ သူတို့ကို အိပ္ယာကေနထေအာင္သာလုပ္နိုင္ခဲ့ၿပီး ယခုအခ်ိန္မွာေတာ့ အိပ္ေနခ်ိန္ မီးဖြင့္တာတို့ ဆူညံစြာ ျပဳလုပ္တာတို့ လုပ္လၽွင္ စိတ္ဆိုးတဲ့ မ်က္ႏွာထားေတြ ေပးတတ္ေနပါၿပီ လို့ဆိုပါတယ္။Toby ရဲ့ အေရျပားဟာ Quintonနဲ႔ ေဆာ့ကစားလၽွင္ ဒဏ္ရာရလြယ္တာေၾကာင့္ Georgina က မကစားရန္တားျမစ္တဲ့အခါ Tobyက ညဴညင္တတ္ပါေသးတယ္။သူ႔ရဲ့ အေရျပားဟာ ထိခိုက္လြယ္တာကို သူေမ့ေနပုံပါဘဲ။

EDSေရာဂါေၾကာင့္ Toby ရဲ့ အစာအိမ္ဟာ သူ႔ေျခေထာက္အထိ တြဲက်ေနၿပီး Georgina နဲ႔ Christopherတို့ဟာ သူ႔ရဲ့ က်န္းမာေရးအေျခအေနကို စိုးရိမ္ေနၾကပါတယ္။ယခုကဲ့သို့ Toby ရဲ့ အျဖစ္အပ်က္ကို မၽွေဝလိုက္ျခင္းဟာ သူ႔ရဲ့ရွားပါးတဲ့ ေရာဂါလကၡဏာအား ဗဟုသုတ အျဖစ္သိရွိေစရန္၊သူတို့ေလးေတြရဲ့ အထူးလိုအပ္ခ်က္ျဖစ္တဲ့ ေႏြေထြးမွုကို ျဖည့္ဆည္းေပးတတ္ေစရန္ ႏွင့္ သူတို့ေလးေတြဟာ အံ့ဩဖြယ္ ကိုယ္ပိုင္ ကိုယ္ရည္ကိုယ္ေသြးမ်ားစြာကိုလည္း ပိုင္ဆိုင္ထားတတ္ေၾကာင္း Georgina ကဆိုထားပါေသးတယ္။

4

5

6

7

8

9

10

Jasmine (Mckzone Daily)

Source: boredpanda

Unicode

Georgina Priceနှင့် သတို့သားဖြစ်သူ Christopher Lardnerတို့ဟာ သူတို့ပထမဆုံး ကယ်တင်မွေးစားခဲ့တဲ့ အသက် ၁၆နှစ်အရွယ် Herbieဆိုတဲ့ ကြောင်လေးကို လအနည်းငယ်ကြာလောက်က ဆုံးရှုံးလိုက်ရပါတယ်။သူတို့ဟာ အချိန်တစ်ခဏတာ သိခဲ့ရပေမဲ့ ကြောင်လေးရဲ့သေဆုံးမှုကို ဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။ဆုံးရှုံးမှုအတွက် အသစ်သော အရာတစ်ခုကို ထပ်မံပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။Georginaဟာ Website ထဲဝင်ကြည့်နေစဉ် Quinton ဆိုတဲ့ ၇နှစ်အရွယ် သွားတွေမရှိတော့ဘဲ အဖြူနဲ့အနက်စပ်ထားတဲ့ကြောင်လေး နဲ့ Toby ဆိုတဲ့ ၆နှစ်အရွယ် အရေပြားတွေတွဲကျနေတဲ့ အမွေးတိုတိုကြောင်လေးတို့ကို တွေ့ခဲ့ပါတယ်။”RSPCA က သူတို့ကို နှစ်ကောင်တစ်စုံ အနေနဲ့ ကြော်ငြာထားတယ်။ကျွန်တော်တို့က တစ်ကောင်တည်းမွေးတာထက်ကြောင်နှစ်ကြောင်လုံးကို မွေးတာက ပိုကောင်းမယ်လို့ တိုင်ပင်ခဲ့တယ်”။

ထို့နောက် Toby နဲ့ Quintonတို့ကို အိမ်သို့ခေါ်ကာ မွေးစားခဲ့ကြပါတယ်။Tobyဟာ ကော်လာဂျင်မလုံလောက်မှုကြောင့် ပုံမှန်မဟုတ်ဘဲ ဆန့်ကျဲနေခြင်း၊ချွတ်ယွင်းခြင်းနှင့်ပျက်စီးလွယ်တဲ့ အရေပြားကို ဖြစ်ပေါ်စေနိုင်တဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါခေါ် Ehlers-Danlos Syndrome (EDS)သို့မဟုတ် feline cutaneous asthenia (FCA)ရောဂါခံစားနေရကြောင်းကို နောက်မှသိခဲ့ရကြောင်း Georgina က ဆိုပါတယ်။ကြောင်လေးတွေဟာ အိမ်အသစ်နဲ့ နေသားမကျသေးဘဲ အစားအစာနဲ့ ချစ်ခြင်းတွေကသာ သူတို့ကို အိပ်ယာကနေထအောင်သာလုပ်နိုင်ခဲ့ပြီး ယခုအချိန်မှာတော့ အိပ်နေချိန် မီးဖွင့်တာတို့ ဆူညံစွာ ပြုလုပ်တာတို့ လုပ်လျှင် စိတ်ဆိုးတဲ့ မျက်နှာထားတွေ ပေးတတ်နေပါပြီ လို့ဆိုပါတယ်။Toby ရဲ့ အရေပြားဟာ Quintonနဲ့ ဆော့ကစားလျှင် ဒဏ်ရာရလွယ်တာကြောင့် Georgina က မကစားရန်တားမြစ်တဲ့အခါ Tobyက ညူညင်တတ်ပါသေးတယ်။သူ့ရဲ့ အရေပြားဟာ ထိခိုက်လွယ်တာကို သူမေ့နေပုံပါဘဲ။

EDSရောဂါကြောင့် Toby ရဲ့ အစာအိမ်ဟာ သူ့ခြေထောက်အထိ တွဲကျနေပြီး Georgina နဲ့ Christopherတို့ဟာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်နေကြပါတယ်။ယခုကဲ့သို့ Toby ရဲ့ အဖြစ်အပျက်ကို မျှဝေလိုက်ခြင်းဟာ သူ့ရဲ့ရှားပါးတဲ့ ရောဂါလက္ခဏာအား ဗဟုသုတ အဖြစ်သိရှိစေရန်၊သူတို့လေးတွေရဲ့ အထူးလိုအပ်ချက်ဖြစ်တဲ့ နွေထွေးမှုကို ဖြည့်ဆည်းပေးတတ်စေရန် နှင့် သူတို့လေးတွေဟာ အံ့ဩဖွယ် ကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေးများစွာကိုလည်း ပိုင်ဆိုင်ထားတတ်ကြောင်း Georgina ကဆိုထားပါသေးတယ်။

Jasmine (Mckzone Daily)

Be the first to comment on "6ႏွစ္ၾကာေတာ့မွ ေႏြးေထြးတဲ့မိသားစုရဲ႕ ေမြးစားျခင္းကို ခံခဲ့ရတဲ့ ေရာဂါသည္ ေၾကာင္ေလးရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*