ဆရာတွေကို မလေးမစားဆက်ဆံတဲ့သားဖြစ်သူကို ပညာသားပါပါအပြစ်ပေးခဲ့တဲ့ မိခင်

Becky Crandley အမည်ရှိတဲ့ အသက် 30 အရွယ်အမျိုးသမီးဟာ သူမ၏သားဖြစ်သူတက်ရောက်နေတဲ့ The Sittingbourne School ကျောင်းမှ သားဖြစ်သူရဲ့ အပြုအမှုတွေနဲ့ပက်သက်ပြီး ဖုန်းနှင့်တိုင်ကြားခြင်း ၊ E mail စာပေးပို့၍တိုင်ကြားခြင်းတို့ကို လက်ခံရရှိခဲ့၍ အဆိုပါအဖြစ်အပျက်ကို သူမရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ဖြေရှင်းခဲ့ပါတယ် ။ Harley အမည်ရှိတဲ့အသက် 12နှစ်အရွယ်သားဖြစ်သူက ဆရာတွေကိုကျောင်းမှာမလေးမစားဆက်ဆံခဲ့တဲ့အတွက် သူမဟာသားဖြစ်သူရဲ့ဘေးမှာ ထိုင်စောင့်နေဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။ ” Harley ရဲ့သင်္ချာဆရာက ပြီးခဲ့တဲ့အပတ်က ကျွန်မသားအခန်းပြင်ထုတ်ခံထားရတယ်ဆိုပြီး ဖုန်းဆက်ပြီးတိုင်ကြားခဲ့ပါတယ် ။ သူကအဲ့လိုဆိုးသွမ်းတဲ့ကလေးတစ်ယောက်မဟုတ်ပါဘူး ။ သူကအဲ့လိုမျိုးရန်မရှာတတ်ပါဘူး ၊ ဒါပေမဲ့သူကကျောင်းမှာဆို ဆရာတွေကိုမလေးမစားဆက်ဆံတယ် ၊ အိမ်မှာကျတော့အဲ့လိုမဟုတ်ပါဘူး ၊ သူကဥာဏ်ကောင်းတဲ့ကလေးဖြစ်နေတော့ အဲ့လိုလုပ်ရပ်မျိုးအတွက်တော့ ကျွန်မစိတ်ပျက်မိတယ် ၊ ဒါပေမဲ့ သူ့ကိုပြန်ပြုပြင်ဖို့ ကျွန်မတို့တွန်းအားပေးရမှာပါပဲ ” ဆိုပြီး သူမကပြောဆိုသွားခဲ့ပါတယ် ။ မိခင်ရဲ့အစီအစဉ်တွေကို လုံးဝမရိပ်မိခဲ့တဲ့ Harley မှာတော့ ကျောင်းရဲ့နောက်ဆုံးအတန်းချိန်ဖြစ်တဲ့ သချာင်္အတန်းချိန်ကို မိခင်ဖြစ်သူလာပြီးတက်ရောက်တာကို မြင်လဲမြင်ရော အတော်လေးအံ့သြတုန်လှုပ်သွားခဲ့ပါတယ် ။ မိခင်ဖြစ်သူမျှော်လင့်ထားသလိုပဲ သားဖြစ်သူရဲ့နာမည်ကို ဆိုးသွမ်းတဲ့ကျောင်းသား ၊ သူတွေကို ရေးမှတ်ထားတဲ့ အဖြူရောင်ဘုတ်ပြားပေါ်မှာတွေ့ရှိခဲ့ရပါတယ် ။ သားဖြစ်သူကတော့ မိခင်ရဲ့အစီအစဉ်ကို သဲလွန်စလေးတောင်မရခဲ့ပါဘူး ။

” ကျွန်မကျောင်းကိုရောက်တော့ သူ့နာမည်ကဘုတ်ပြားပေါ်မှာ ရေးထားပြီးနေပြီ ၊ ကျွန်မတံခါးကနေ ဝင်လာတာလည်းမြင်ရော သူ့မျက်နှာကတော်တော်လေးနီပြီး ၊ ရှက်သွားခဲ့တယ် သူ့ရဲ့ခေါင်းကိုအောက်ငုံ့ပြီး အမလေး ငါ့အမေရောက်လာတာပဲ.. ငါ့ကိုသူများတွေ ရယ်အောင်လုပ်နေတာလား ဆိုပြီးသူတွေးနေလောက်တယ် ” ဆိုပြီး မိခင်ဖြစ်သူကပြောပြခဲ့ပါတယ် ။ အစပိုင်းမှာတော့ သားဖြစ်သူကရှက်နေပေမဲ့လည်း နောက်ပိုင်သူ့စာကိုသာ သူလုပ်နေခဲ့ပါတယ် ။ ထို့ကြောင့် Becky က သူမ၏သားလေးဟာ နောက်တစ်ခါဆရာတွေကိုမလေးမစား ဆက်ဆံတော့မည်ဆိုရင် အနည်းဆုံးဒီလိုအဖြစ်အပျက်မျိုး နှစ်ကြိမ်လောက်ပြန်တွေးမိပြီး ရှောင်ကြဉ်သွားမှာပါ ဆိုပြီးသူမကယုံကြည်နေခဲ့ပါတယ် ။

” ကျွန်မသူ့အနား သွားထိုင်လိုက်တဲ့အချိန်မှာတော့ သူကကျောင်းကိုဘာလို့လာတာလဲဆိုပြီး မေးတယ် ၊ အဲ့တော့ ကျွန်မကလည်း နင့်ရဲ့အပြုအမှုတွေကြောင့် ပြီးတော့ နင်ဆရာတွေအပေါ် မလေးမစားဆက်ဆံတဲ့ အပြုအမှုတွေကြောင့် ငါရောက်လာတာ ဆိုပြီးသူ့ကိုပြောခဲ့တယ် ၊ နောက်တစ်ကြိမ် သူအဲ့လိုအပြုအမှုမျိုးလုပ်မယ်ဆိုရင် ကျွန်မအတန်းချိန်တွေတိုင်း ပြန်လာတက်မှာကို သူသိသွားပါပြီ ” ဆိုပြီးတော့လည်း ပြောပြခဲ့ပါတယ် ။ သူမရဲ့နည်းလမ်းတွေကို တခြားမိဘတွေကို ပြောပြခဲ့တဲ့အချိန်မှာတော့ မိခင် 5ယောက်ထံမှ အဆင်ပြေအောင်မြင်ကြောင်း ထောက်ခံချက်ရရှိခဲ့ပါတယ် ။ ထို့အပြင် ” ကျွန်မသားအတွက် ကျွန်မမရှက်ဘူး ၊ သူတို့အတွက် မှန်ကန်တဲ့အရာကို လုပ်ပေးနေတာပါ ၊ ပြီးတော့ တခြားမိဘတွေကိုလည်း ပြောင်းလဲမှုအသစ်တွေနဲ့ သားသမီးတွေကိုပြုပြင်ပြောင်းလဲပေးနိုင်ဖို့အတွက် ကျွန်မပြောပြခဲ့ပါတယ် ။ မိဘတွေအများစုက ဆရာတွေကိုအပြစ်တင်ကြပေမဲ့ ၊ အမှန်တော့ဆရာတွေရဲ့ အမှားမဟုတ်ပါဘူး ” ဆိုပြီးတော့လည်းထပ်လောင်းပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "ဆရာတွေကို မလေးမစားဆက်ဆံတဲ့သားဖြစ်သူကို ပညာသားပါပါအပြစ်ပေးခဲ့တဲ့ မိခင်"

Leave a comment

Your email address will not be published.


*