31နှစ်ပြည့်မွေးနေ့မှာ မွေးနေ့ကိတ်အဆန်းလေးကြောင့် တအံ့တဩဖြစ်ခဲ့ရတဲ့ ပင်လယ်ဖျံလေး




Jasmine (Mckzone Daily)

Source: .boredpanda

Unicode

၁၉၈၉ ခုနှစ်မှာ အင်္ဂလန်နိုင်ငံမြောက်ပိုင်းရှိ ပင်လယ်ရေကြောင်းဥယျာဉ်တစ်ခုမှ Yulelogs လို့ခေါ်တဲ့ပင်လယ်ဖျံကို သက်ဆိုင်သူတွေကကယ်တင်ခဲ့ပါတယ်။သူတို့မွေးနေ့ရက်မှာ အကောင်းဆုံး လွတ်လပ်ခံစားခွင့် ပေးပေမဲ့လည်း ပြီးခဲ့တဲ့နှစ်ထိ မွေးဖွားခြင်းမှလွဲ၍ အခြားလွတ်လပ်ခွင့်မရှိပါဘူး။တိရိစ္ဆာန်လေးတွေဟာ သူတို့ရဲ့နေ့ထူးနေ့မြတ်ကို ခံယူထိုက်ပါတယ်။လူသားအချင်းချင်းပြောဆိုဆက်ဆံသလို သူတို့လေးတွေကိုလည်းကောင်းမွန်စွာဆက်ဆံသင့်ပါတယ်။၃၁ နှစ်ပြည့်မွေးနေ့ကို ငါးရေခဲကိတ်မုန့်ဖြင့် Yulelogs လို့ခေါ်တဲ့ပင်လယ်ဖျံကို အံအားသင့်စေခဲ့ပါတယ်။ အချိန်ကြာပြီးနောက် ပန်းခြံကိုပိတ်လိုက်ပြီး ပင်လယ်ဖျံကို သူနဲ့အပ်စပ်တဲ့နေရာသို့လွှတ်ပေးခဲ့ပါတယ်။လွှတ်ပေးပြီး သုံးလအကြာမှာဒေသခံငါးဖမ်းသမားများဟာ ကမ်းခြေပေါ်ရှိ ပုံးများဖြင့်လိုက်လံဖမ်းဆီးနေသည်ဟု ပြည်သူလူထုထံမှဖုန်းခေါ်ဆိုခြင်းအားဖြင့် နောက်တစ်ကြိမ်ပင်လယ်ဖျံကို ကယ်တင်နိုင်ခဲ့ပါတယ်။

ပင်လယ်ဖျံတွေဟာ မိမိကိုယ်ကို ဘယ်လိုနေထိုင်ကျွေးမွေးစောင့်ရှောက်ရမလဲဆိုတာကိုမသိကြပါဘူး။Yulelogs လို့ခေါ်တဲ့ပင်လယ်ဖျံကို ဒုတိယအကြိမ် ကယ်တင်ခဲ့ချိန်မှာ သူရဲ့အလေးချိန်ဟာ ၅၅၂ပေါင်အစား ၁၃၂ပေါင်သာရှိနေခဲ့ပါတယ်။ပင်လယ်ဖျံဟာစောင့်ရှောက်မှုလိုအပ်ကြောင်း RSPCA က Cornish ပင်လယ်ဖျံ စောက်ရှောက်ရေးရာဌာနကို သူ့တို့အတွက်နေအိမ်ပေးမည်လား ဟုမေးခဲ့ပါတယ်။

ခုအချိန်မှာတော့ Yulelogs ဟာပျော်ရွှင်၊တက်ကြွ တဲ့ ပင်လယ်ဖျံတစ်ကောင်ဖြစ်နေပါပြီ။ဈေးကွက်ရှာဖွေရေးနှင့်မီဒီယာညှိနှိုင်းရေးမှူး Georgina Shannon က Yulelogs ဟာ သူ့ရဲ့ birthday cake ကိုတကယ်ကြိုက်ကြောင်း DoDo ကိုပြောခဲ့ပါတယ်။အင်တာနက်အသုံးပြုသူတွေက Yulelogs ရဲ့ငါးကိတ်မုန့် အကြောင်းကို စိတ်ဝင်တစားပြောဆိုနေကြပါပြီ။

Jasmine (Mckzone Daily)

Be the first to comment on "31နှစ်ပြည့်မွေးနေ့မှာ မွေးနေ့ကိတ်အဆန်းလေးကြောင့် တအံ့တဩဖြစ်ခဲ့ရတဲ့ ပင်လယ်ဖျံလေး"

Leave a comment

Your email address will not be published.


*