ေဆးထိုးအပ္ကို အသုံးျပဳၿပီး ဆန္းသစ္လွပလြန္းတဲ့ပန္းခ်ီ႐ုပ္ပံုေတြကို ဖန္တီးခဲ့တဲ့ သူနာျပဳမေလး(႐ုပ္သံ)

ပန္းခ်ီဆရာအမ်ားစုက စုတ္တံျဖင့္ လက္တစ္မ်ိဳးတည္းကိုသာ အသုံးျပဳၾကေပမဲ့ ဖိလစ္ပိုင္နိုင္ငံ Visayas ၿမိဳ့ Negros Occidental ေဆး႐ုံမွာ တရားဝင္ သူနာျပဳမွတ္ပုံတင္ၿပီး ပန္းခ်ီပညာကို ကိုယ္တိုင္ သင္ယူေလ့လာေနတဲ့ Kim Joy Magbanua ဆိုသူ သူနာျပဳမေလးကေတာ့ သာမန္ထက္ ကြဲထြက္ေနပါတယ္။လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္ မနီလာၿမိဳ့မွာ ရွိခဲ့တုန္းက လူနာမ်ားအား ေဆးထိုးကုသေပးေနရင္း Magbanua ဟာ သူမရဲ့ အလုပ္နဲ႔ ဝါသနာကို ေပါင္းစပ္ဖို့ စိတ္ကူးတစ္ခုရခဲ့ၿပီး စတင္လုပ္ကိုင္ခဲ့ပါတယ္။

သူနာျပဳတစ္ဦးျဖစ္လာရင္ေတာ့ အလုပ္ခ်ိန္အတြင္း အထူးသျဖင့္ အခ်ိန္ပို ဆင္းရတာေၾကာင့္ ကိုယ္ပိုင္ အနားယူခ်ိန္ကို ေပးဆပ္ၾကရပါတယ္။ထို့နည္းတူ ပန္းခ်ီပညာရွင္ေတြအတြက္လဲ ပေရာဂ်က္တစ္ခု ၿပီးေျမာက္ဖို့ ကိုယ္ပိုင္အခ်ိန္ေတြကို ရင္းၾကရပါတယ္။အလုပ္ႏွစ္ခု ဘယ္လိုစီမံခန္႔ခြဲလဲလို့ သူမကို ေမးေတာ့ “ကၽြန္မကို အလုပ္ႏွစ္ခုက စိတ္ဖိစီးမွု၊ပင္ပန္းႏြမ္းနယ္မွု ျဖစ္ေစတဲ့ အခ်ိန္ေတြ ေပးတတ္ပါတယ္၊ဒါေပမဲ့ ပုံေတြဆက္ဆြဲခဲ့တယ္၊အဲဒါေတြက ကၽြန္မကို သက္ေတာင့္သက္သာ ရွိေစၿပီး ကၽြန္မရဲ့ စိတ္ဝိညာဥ္ကို ႏွိုးထေစတယ္”လို့ဆိုထားပါတယ္။

Magbanua ရဲ့ ေျပာင္ေျမာက္တဲ့ လက္ရာအမ်ားစုမွာေတာ့ တိရိစၧာန္၊လူ အစရွိတဲ့ ပုံေတြပါဝင္ၿပီး ေဆးထိုးအပ္ေတြနဲ႔ ဖန္တီးထားတဲ့ “Ararauna”အမည္ရွိ အျပာအစိမ္းစပ္ Macawၾကက္တူေရြးဌက္ပုံ၊ “Pajaros del Amor”ေခၚ ဌက္ေမာင္ႏွံပုံ စတဲ့ Magbanua ရဲ့ လက္ရာေျပာင္ေျမာက္တဲ့ ပန္းခ်ီကားေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

ပန်းချီဆရာအများစုက စုတ်တံဖြင့် လက်တစ်မျိုးတည်းကိုသာ အသုံးပြုကြပေမဲ့ ဖိလစ်ပိုင်နိုင်ငံ Visayas မြို့ Negros Occidental ဆေးရုံမှာ တရားဝင် သူနာပြုမှတ်ပုံတင်ပြီး ပန်းချီပညာကို ကိုယ်တိုင် သင်ယူလေ့လာနေတဲ့ Kim Joy Magbanua ဆိုသူ သူနာပြုမလေးကတော့ သာမန်ထက် ကွဲထွက်နေပါတယ်။လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် မနီလာမြို့မှာ ရှိခဲ့တုန်းက လူနာများအား ဆေးထိုးကုသပေးနေရင်း Magbanua ဟာ သူမရဲ့ အလုပ်နဲ့ ဝါသနာကို ပေါင်းစပ်ဖို့ စိတ်ကူးတစ်ခုရခဲ့ပြီး စတင်လုပ်ကိုင်ခဲ့ပါတယ်။

သူနာပြုတစ်ဦးဖြစ်လာရင်တော့ အလုပ်ချိန်အတွင်း အထူးသဖြင့် အချိန်ပို ဆင်းရတာကြောင့် ကိုယ်ပိုင် အနားယူချိန်ကို ပေးဆပ်ကြရပါတယ်။ထို့နည်းတူ ပန်းချီပညာရှင်တွေအတွက်လဲ ပရောဂျက်တစ်ခု ပြီးမြောက်ဖို့ ကိုယ်ပိုင်အချိန်တွေကို ရင်းကြရပါတယ်။အလုပ်နှစ်ခု ဘယ်လိုစီမံခန့်ခွဲလဲလို့ သူမကို မေးတော့ “ကျွန်မကို အလုပ်နှစ်ခုက စိတ်ဖိစီးမှု၊ပင်ပန်းနွမ်းနယ်မှု ဖြစ်စေတဲ့ အချိန်တွေ ပေးတတ်ပါတယ်၊ဒါပေမဲ့ ပုံတွေဆက်ဆွဲခဲ့တယ်၊အဲဒါတွေက ကျွန်မကို သက်တောင့်သက်သာ ရှိစေပြီး ကျွန်မရဲ့ စိတ်ဝိညာဉ်ကို နှိုးထစေတယ်”လို့ဆိုထားပါတယ်။

Magbanua ရဲ့ ပြောင်မြောက်တဲ့ လက်ရာအများစုမှာတော့ တိရိစ္ဆာန်၊လူ အစရှိတဲ့ ပုံတွေပါဝင်ပြီး ဆေးထိုးအပ်တွေနဲ့ ဖန်တီးထားတဲ့ “Ararauna”အမည်ရှိ အပြာအစိမ်းစပ် Macawကြက်တူရွေးဌက်ပုံ၊ “Pajaros del Amor”ခေါ် ဌက်မောင်နှံပုံ စတဲ့ Magbanua ရဲ့ လက်ရာပြောင်မြောက်တဲ့ ပန်းချီကားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment