လြန္ခဲ့တဲ့ ႏွစ္၂၀က စုံတြဲအက်ႌကို အခုခ်ိန္ထိ ျမတ္ႏိုးစြာဝတ္ဆင္ေလ့႐ွိတဲ့ အမ်ိဳးသားရဲ႕ ရင္နင့္ဖြယ္ရာအျဖစ္

ႏွစ္ေပါင္း ၂၀ရွိၿပီးျဖစ္တဲ့ ပိုလို တီရွပ္အကၤ်ီကို အခုထိ ဝတ္ဆင္ေနေသးတဲ့ ဂ်ပန္ဖခင္တစ္ဦးရဲ့ ဇာတ္လမ္းဟာ social media က လူအမ်ားကို ငိုေႂကြးေစခဲ့ပါတယ္။ၿပီးခဲ့တဲ့လ အေစာပိုင္းေလာက္က Twitter အသုံးျပဳသူ @922_riaruဆိုတဲ့ ဂ်ပန္မေလးဟာ ဖခင္ျဖစ္သူရဲ့ လူေတြရင္ထဲေႏြးေထြးသြားေစမဲ့ ပုံျပင္တစ္ပုဒ္ကို မၽွေဝခဲ့ပါတယ္။သူမရဲ့ Twitter ပိုစ့္မွာ Riaဟာ ၿပီးခဲ့တဲ့လက ကြယ္လြန္သြားတဲ့ အဘိုးျဖစ္သူပိုင္ဆိုင္တဲ့ ပစၥည္းေတြကို လႊင့္ပစ္ရန္လုပ္ေနစဥ္ အေၾကာင္းအရာတစ္ခုကို မေတာ္တဆ သိရွိလိုက္ရတယ္လို့ BuzzFeedမွ ဘာသာျပန္ထားပါတယ္။အဲဒီမွာဘဲ ပိုလိုတီရွပ္အစိမ္းေရာင္ ဝတ္ထားတဲ့ ဖခင္နဲ႔ ဖခင္အကၤ်ီနဲ႔ဆင္တူ အဝါေရာင္ကို ဝတ္ဆင္ထားတဲ့မိခင္တို့ ရဲ့ ဓာတ္ပုံကို ယွဥ္တြဲေဖာ္ျပထားပါတယ္။

Riaရဲ့ မိခင္ဟာ လြန္ခဲ့တဲ့ ၁၈ႏွစ္ကတည္းက ကင္ဆာေရာဂါေၾကာင့္ ကြယ္လြန္သြားခဲ့ပါၿပီ။ထို ပိုလိုတီရွပ္ဟာ ဖခင္ျဖစ္သူရဲ့ ပ်ားရည္ဆမ္းခရီးအတြက္ အမွတ္တရပစၥည္းျဖစ္ေၾကာင္း ဘာသာျပန္အရ သိရပါတယ္။”ဘာေၾကာင့္ အေဖက ပိုလိုတီရွပ္အေဟာင္းကို ဆက္ဝတ္ေနရတာလဲလို့ေတြးမိတယ္၊သူဘာလို့ အသစ္တစ္ထည္မဝယ္ခဲ့တာလဲေပါ့၊အဲဒီအကၤ်ီက သူ႔အတြက္ အမွတ္တရေတြနဲ႔ျပည့္ေနတဲ့ မွတ္ဉာဏ္တစ္ခုျဖစ္ေနမယ္လို့ မထင္ထားခဲ့ဘူး၊ အဲ့အကၤ်ီေလး ေပါက္ျပဲသြားရင္ သူက ေသခ်ာေလးျပန္ခ်ဴပ္တတ္တယ္၊အထူးေက်ာင္းပြဲတို့ မိသားစုခရီးတို့ သြားရင္ အဲ့တီရွပ္ကိုအျမဲဝတ္သြားတယ္”ဟု ေျပာျပထားပါတယ္။

Riaဟာ ပုံျပင္တစ္ခုလုံးကိုသိလိုက္ရၿပီးေနာက္မွာေတာ့ အဲ့ပိုလိုတီရွပ္ေလးအေပၚထားတဲ့ စိတ္ခံစားခ်က္က ေျပာင္းလဲသြားခဲ့ၿပီး ခ်စ္ျမတ္နိုးရတဲ့လူေတြရဲ့ အမွတ္တရေတြကို ဘယ္လို တန္ဖိုးထားရမယ္ဆိုတဲ့ သင္ခန္းစာတစ္ခု ရခဲ့ေၾကာင္းကိုလည္း ဝန္ခံခဲ့ပါတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

နှစ်ပေါင်း ၂၀ရှိပြီးဖြစ်တဲ့ ပိုလို တီရှပ်အင်္ကျီကို အခုထိ ဝတ်ဆင်နေသေးတဲ့ ဂျပန်ဖခင်တစ်ဦးရဲ့ ဇာတ်လမ်းဟာ social media က လူအများကို ငိုကြွေးစေခဲ့ပါတယ်။ပြီးခဲ့တဲ့လ အစောပိုင်းလောက်က Twitter အသုံးပြုသူ @922_riaruဆိုတဲ့ ဂျပန်မလေးဟာ ဖခင်ဖြစ်သူရဲ့ လူတွေရင်ထဲနွေးထွေးသွားစေမဲ့ ပုံပြင်တစ်ပုဒ်ကို မျှဝေခဲ့ပါတယ်။သူမရဲ့ Twitter ပိုစ့်မှာ Riaဟာ ပြီးခဲ့တဲ့လက ကွယ်လွန်သွားတဲ့ အဘိုးဖြစ်သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို လွှင့်ပစ်ရန်လုပ်နေစဉ် အကြောင်းအရာတစ်ခုကို မတော်တဆ သိရှိလိုက်ရတယ်လို့ BuzzFeedမှ ဘာသာပြန်ထားပါတယ်။အဲဒီမှာဘဲ ပိုလိုတီရှပ်အစိမ်းရောင် ဝတ်ထားတဲ့ ဖခင်နဲ့ ဖခင်အင်္ကျီနဲ့ဆင်တူ အဝါရောင်ကို ဝတ်ဆင်ထားတဲ့မိခင်တို့ ရဲ့ ဓာတ်ပုံကို ယှဉ်တွဲဖော်ပြထားပါတယ်။

Riaရဲ့ မိခင်ဟာ လွန်ခဲ့တဲ့ ၁၈နှစ်ကတည်းက ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါပြီ။ထို ပိုလိုတီရှပ်ဟာ ဖခင်ဖြစ်သူရဲ့ ပျားရည်ဆမ်းခရီးအတွက် အမှတ်တရပစ္စည်းဖြစ်ကြောင်း ဘာသာပြန်အရ သိရပါတယ်။”ဘာကြောင့် အဖေက ပိုလိုတီရှပ်အဟောင်းကို ဆက်ဝတ်နေရတာလဲလို့တွေးမိတယ်၊သူဘာလို့ အသစ်တစ်ထည်မဝယ်ခဲ့တာလဲပေါ့၊အဲဒီအင်္ကျီက သူ့အတွက် အမှတ်တရတွေနဲ့ပြည့်နေတဲ့ မှတ်ဉာဏ်တစ်ခုဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး၊ အဲ့အင်္ကျီလေး ပေါက်ပြဲသွားရင် သူက သေချာလေးပြန်ချူပ်တတ်တယ်၊အထူးကျောင်းပွဲတို့ မိသားစုခရီးတို့ သွားရင် အဲ့တီရှပ်ကိုအမြဲဝတ်သွားတယ်”ဟု ပြောပြထားပါတယ်။

Riaဟာ ပုံပြင်တစ်ခုလုံးကိုသိလိုက်ရပြီးနောက်မှာတော့ အဲ့ပိုလိုတီရှပ်လေးအပေါ်ထားတဲ့ စိတ်ခံစားချက်က ပြောင်းလဲသွားခဲ့ပြီး ချစ်မြတ်နိုးရတဲ့လူတွေရဲ့ အမှတ်တရတွေကို ဘယ်လို တန်ဖိုးထားရမယ်ဆိုတဲ့ သင်ခန်းစာတစ်ခု ရခဲ့ကြောင်းကိုလည်း ဝန်ခံခဲ့ပါတယ်။

Jasmine (Mckzone Daily)

Be the first to comment on "လြန္ခဲ့တဲ့ ႏွစ္၂၀က စုံတြဲအက်ႌကို အခုခ်ိန္ထိ ျမတ္ႏိုးစြာဝတ္ဆင္ေလ့႐ွိတဲ့ အမ်ိဳးသားရဲ႕ ရင္နင့္ဖြယ္ရာအျဖစ္"

Leave a comment

Your email address will not be published.


*