ကိုးရီးယား Idol အဖွဲ့လို လှပပြီး ဆွဲဆောင်မှုရှိကြတဲ့ ထိုင်ဝမ်လေကြောင်းလိုင်းရှိ လေယာဉ်မယ်လေးများ




Jasmine (Mckzone Daily)

Source: nextshark

1

2

3

Unicode

ထိုင်ဝမ်လေကြောင်းလိုင်းကုမ္ပဏီတစ်ခုဟာ သူတို့ရဲ့ အကောင်းဆုံး စံပြဝန်ဆောင်မှုတွေဟာ သူတို့ရဲ့ လှပကြော့ရှင်းတဲ့လေယာဉ်မောင်မယ်တွေကြောင့် အင်တာနက်ပေါ်မှာ အာရုံစူးစိုက်ခံရပါတယ်။ကမ္ဘာ့လေကြောင်းလိုင်းတွေထဲမှ တစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့EVA Air လေကြောင်းလိုင်းကို ၁၉၈၉ခုနှစ် မှာ တည်ထောင်ခဲ့ပြီး သူတို့ရဲ့ လေယာဉ်ဝန်ထမ်းဓာတ်ပုံတွေကြောင့် အင်တာနက်ပေါ်ရှိ social media တွေကို အနိုင်ပိုင်းနေပါတယ်။Netizenတွေက လေယာဉ်မယ်တွေဟာ ဆွဲဆောင်မှုနှင့် လှပမှုတို့ကို အခြေခံကာ ဖွဲ့စည်းထားတဲ့ ကမ္ဘာကျော် အာရှမိန်းကလေးအဖွဲ့ဝင်တွေနဲ့ အလွယ်တကူ ယှဉ်ပြိုင်နိုင်ကြောင်း ချီးကျူးထားပါတယ်။

လေယာဉ်မယ်မလေးတွေရဲ့ တူညီတဲ့အလှအပ၊ဖော်ရွေပျူငှါတဲ့အပြုံး စတဲ့ အပြုသဘောဆောင်ဓာတ်ပုံတွေကို ကျယ်ပြန့်စွာ မျှဝေထားကြပါတယ်။လေယာဉ်မောင်မယ်တွေရဲ့ သပ်ရပ်ပြေပြစ်တဲ့ ဝတ်စုံတွေဟာ သူတို့ကို ပိုမိုကြည့်ကောင်းစေတယ်လို့ Soranews 24က ဖော်ပြထားပါတယ်။လေယာဉ်မောင်မယ်တွေရဲ့ဝတ်စုံဟာ “မိုးကောင်းကင်ကို ဖြတ်တဲ့ ပျံသန်းခြင်းရဲ့စိတ်ကူး”ဆိုတဲ့ အဓိပ္ပာယ်ပါရှိပြီး fashion house Shiatzy Chenက ဖန်တီးပေးထားပါတယ်။

လေယာဉ်ဝန်ထမ်းတွေရဲ့ ရာထူးများကို အနီ၊အပန်းနှင့်အစိမ်းစတဲ့ ခွဲပြားတဲ့ အရောင်တွေနဲ့ ခွဲခြားသတ်မှတ်ထားကြောင်း Focus Taiwan အရ သိရပါတယ်။ဘယ်လိုဘဲ ရာထူးတွေ ခွဲခြားထားပါစေ သူတို့တွေကတော့ ခရီးသည်များအား တူညီတဲ့ အပြုံးပန်းတွေနဲ့ ကြိုဆိုတတ်ကြပြီး EVA Air ထိုင်ဝမ်ထိပ်တန်းလေကြောင်းလိုင်းဟာ အာရှ၊ဩစတြေးလျ၊ဥရောပနှင့် မြောက်အမေရိကနိုင်ငံ စတဲ့ နိုင်ငံပေါင်း ၄၀ကျော်ကို ပျံသန်းပြေးဆွဲလျက်ရှိပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment