အနိုင်ကျင့်ခံရလွန်းလို့ ဆက်သည်းမခံနိုင်တော့ပဲ 4လွှာကနေပစ်ချပြီး လက်စားချေခဲ့တဲ့ကျောင်းသား(ရုပ်/သံ)

မကြာသေးခင်ကမှ တရုတ် social media ပေါ်မှာအတော်လေးခေတ်စားနေခဲ့တဲ့ အလယ်တန်းကျောင်းသားတစ်ဦးဟာသူ့ကိုအမြဲအနိုင်ကျင့်ခဲ့တဲ့ကျောင်းသားတစ်ဦးကို ကျောင်းရဲ့4လွှာကနေ ပစ်ချခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ 16ရက်နေ့က တရုတ်နိုင်ငံ ၊ Guangxi ပြည်နယ်မှာဖြစ်ပွားခဲ့တယ်လို့ ယူဆရပါတယ် ။ သတင်းအရင်းအမြစ်အရ အဆိုပါ video ကိုအခင်းဖြစ်ပွားရာနေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ကျောင်းသားအုပ်စုဟာ အားလပ်ချိန်ဖြစ်တဲ့အတွက် အခန်းအပြင်ဖက် စင်္ကြံလမ်းပေါ် ထွက်လာခဲ့ကြတာဖြစ်ပါတယ် ။ အစပိုင်းမှာတော့ စကားများနေခဲ့ကြပြီး Hung အမည်ရှိတဲ့အရပ်ရှည်ရှည်နဲ့ကောင်လေးဟာ အမဲရောင်ဝတ်စုံဝတ်ထားတဲ့ ကောင်လေးကိုရုတ်တရက် ကောက်ချီပြစ်ပြီး ကျောင်းအဆောက်အဦးရဲ့ ထောင့်ဖက်ကနေ ပစ်ချခဲ့ပါတော့တယ် ။အခြားသောကျောင်းသားများက တားမြစ်ဖို့ကြိုးစားခဲ့ပေမဲ့လည်း အချိန်မမှီခဲ့ပါဘူး ။ Huang ဟာပစ်ချပြီးပြီးချင်းမှာပဲ လုံးဝကိုလှည့်မကြည့်တော့ပဲ သူ၏အခန်းထဲကိုသာ လမ်းလျှောက်ပြီး ပြန်ဝင်သွားခဲ့ပါတယ် ။ Wei အမည်ရှိတဲ့ ပစ်ချခံခဲ့ရတဲ့ကောင်လေးဟာ ကိုယ်တွင်းပိုင်းမှာဒဏ်ရာများစွာရရှိခဲ့ပြီး ၊ အာရုံကြောများယိုယွင်းပျက်ဆီးခဲ့ကာ ၊ သွေးများအမြောက်အမြားထွက်ခဲ့ပြီး အဆုတ်တွင်လည်း ပေါက်ပြဲဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ် ။ Wei မှာတော့ ဆိုးဝါးလွန်းတဲ့အခြေအနေကြောင့်အရေးပေါ်ခန်းထဲတွင် ကုသမှုခံယူနေလျက်ရှိပြီး ၊ Huang ကိုတော့စစ်ဆေးမေးမြန်ရန်အတွက် ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း သိရှိရပါတယ် ။ အစပိုင်းမှာတော့ လူအများစုက အဆိုပါ video ကိုကြည့်ပြီး အခြားတစ်ယောက်ကိုပြင်းပြင်းထန်ထန်ဒဏ်ရာရစေခဲ့တဲ့ Huang ရဲ့လုပ်ရပ်အတွက် ပြင်းပြင်းထန်ထန်ရှုတ်ချဝေဖန်ခဲ့ကြပါတယ် ။ သို့ပေမဲ့ အခြားတစ်ဖက်မှာတော့ အဆိုပါအဖြစ်အပျက်ရဲ့ အဓိကအကြောင်းရင်းထွက်ပေါ်လာခဲ့ပြီး Wei ဟာ Huang ကိုသူ့ထက်အရပ်မြင့်ပေမဲ့လည်း အမြဲအနိုင်ကျင့်နှိပ်စက်ခဲ့ကြောင်း သိရှိရပါတယ် ။ အဆိုပါနေ့ရက်မှာတော့ Huang ဟာလုံးဝသည်းမခံနိုင်တော့ဘဲ Wei ရဲ့မခံချိမခံသာပြောလွန်းတဲ့စကားတွေကြောင့် Wei ကို4လွှာကနေ ပစ်ချခဲ့ပါတော့တယ် ။

Huang ရဲ့မိခင်ပြောဆိုချက်အရ သားဖြစ်သူက အရပ်190cm ရှိပေမဲ့လည်း အတန်းထဲတွင်အုပ်စုလိုက်အနိုင်ကျင့်ခြင်းကို အမြဲလိုလိုခံခဲ့ရ၍ အိမ်ရောက်တိုင်းအမြဲ တိုင်တန်းခဲ့တာကို သူမအမြဲကြားနေခဲ့ရကြောင်း ပြောပြခဲ့ပါတယ် ။ ထို့ကြောင့် သူမကဆရာကိုတိုင်ကြားဖို့ ပြောဆိုခဲ့ပေမဲ့လည်း Huang ကတော့ ဆရာတွေကသူ့ကိုကူညီဖို့အတော်လေးကြောက်လန့်နေခဲ့ကြကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် ကျောင်းပိတ်ရက်တွေမှာတောင် Wei ဟာသားလေးကို အမြဲတမ်းရန်စခဲ့ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ် ။

Wei ရဲ့လုပ်ရပ်များကိုကြားသိရပြီးနောက် Wei ဟာအနိုင်ကျင့်သူဖြစ်တဲ့အတွက် သနားညှာတာမှုရရှိဖို့မထိုက်တန်ကြောင်း လူအများစုက Huang ကိုထောက်ခံအားပေးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း Wei ရဲ့ဖခင်ကတော့ သူ၏သားဟာ Huang ကိုအနိုင်မကျင့်ခဲ့ရကြောင်းနှင့် အခြားသောသူတွေကို စကားမပြောဆိုခင်သေသေချာချာစဉ်းစားပြီးမှပြောဖို့ တိုက်တွန်းနေခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ လက်ရှိမှာတော့ ရဲအရာရှိများက အဆိုပါအဖြစ်အပျက်ကို ဆက်လက်စစ်ဆေးနေလျက်ရှိပြီး တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးတော့ မရှိသေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "အနိုင်ကျင့်ခံရလွန်းလို့ ဆက်သည်းမခံနိုင်တော့ပဲ 4လွှာကနေပစ်ချပြီး လက်စားချေခဲ့တဲ့ကျောင်းသား(ရုပ်/သံ)"

Leave a comment

Your email address will not be published.


*