ဖုန်းတစ်လုံး နှင့် အိမ်သုံးပစ္စည်းများကိုသာသုံးပြီး ရွာကမောင်နှမတွေအတွက် အလန်းဆုံးဓာတ်ပုံတွေ ရိုက်ပြခဲ့တဲ့ ကောင်လေး



1

2

3

4

5

6

7

8

9

10

11

12

13

14

15

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ Cijan Cimagala အမည်ရှိတဲ့ ကောင်လေးဟာ ဈေးကြီးတဲ့ပစ္စည်းတွေလုံးဝအသုံးပြုထားခြင်းမရှိဘဲ အလန်းဆုံးဓာတ်ပုံတွေကို ရိုက်ပြခဲ့တာပါ ။ အိမ်အသုံးအဆောင်ပစ္စည်းတွေကိုသာ အသုံးပြုပြီး အသုံးစရိတ်အနည်းဆုံးဓာတ်ပုံတွေကိုရိုက်ပြခဲ့လို့ Internet ပေါ်မှာလည်း အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ Cijan ရဲ့ အရည်အချင်းတွေကို သူရိုက်ယူထားတဲ့ဓာတ်ပုံတွေမှာ အထင်းသားကြီးမြင်တွေ့ရမှာပါ ။ ‘ ကျွန်တော် အသက် 14 နှစ်ကတည်းက ဓာတ်ပုံရိုက်တာကို အတော်လေးဝါသနာပါခဲ့တာပါ ၊ အရည်အသွေးကောင်းတဲ့ ကင်မရာမရှိပေမဲ့ ဒီနေ့ထိ ကျွန်တော်ဓာတ်ပုံရိုက်ရတာကို နှစ်သက်နေတုန်းပဲ ၊ ကျွန်တော့်ဖုန်းက အကောင်းစားဖုန်းမဟုတ်ခဲ့ရင်တောင်မှပေါ့ ‘ ဆိုပြီး Cijan ကပြောပြခဲ့ပါတယ် ။ Cijan ရဲ့ဖုန်းက 2018 ထုတ် Oppo A3s ဖြစ်ပြီး ကင်မရာ (13MP,f/2.2 and 2MP,f/2.4) အမျိုးအစားဖြစ်ပါတယ် ။

ဓာတ်ပုံအတွက် မော်ဒယ်တွေကတော့ မောင်နှမတစ်ဝမ်းကွဲတွေဖြစ်ကြပြီး ‘ အသုံးစရိတ်အနည်းဆုံး ဓာတ်ပုံဖန်တီးဖို့ ကျွန်တော်တို့အိမ်ထဲမှာပဲရိုက်ခဲ့ရတယ် ၊ အဲ့ကြောင့် အလင်းရောင်နဲ့ပက်သက်ပြီး အတော်တော်လေးတော့ ဒုက္ခရောက်တယ် ၊ အခြားအထောက်အပံ့ပစ္စည်းတွေမရှိလို့ တော်တော်လေးကြိုးစားယူရတယ် ၊ ကွန်ပျူတာလည်းမရှိလို့ Google Play မှာ free ရတဲ့ PicsArt နဲ့ Lightroom ကို သုံးခဲ့ပါတယ် ‘ ဆိုပြီး ဓာတ်ပုံဖန်တီးခဲ့တဲ့ပုံစံကို Cijan ကရှင်းပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment