ပိုင္ရွင္မ်က္ႏွာကို တစ္ကမၻာလို့ ေတြးထင္ေနတဲ့ ခၽြဲစိန္ေၾကာင္ေလး

ကိုယ္ခ်စ္ျမတ္နိုးတဲ့လူေတြကို တျခားတစ္စုံတစ္ေယာက္ဆီကေန လုယူခံရဖူးပါသလား။အခုေျပာျပမယ့္ အေၾကာင္းေလးကေတာ့ သိပ္ခ်စ္တတ္တဲ့ ေၾကာင္တစ္ေကာင္ေလးရဲ့အေၾကာင္းပါ။ထိုင္းနိုင္ငံရွိ Narin Hami ဆိုသူဟာ သူမရဲ့ေယာက်္ားနဲ႔ ေၾကာင္ေလးတို့ရဲ့ ခ်စ္ၾကည္ႏူးေနၾကတဲ့ပုံေတြကို social media ေပၚတင္ၿပီးတဲ့ေနာက္မွာေတာ့ လူသိမ်ားသြားခဲ့ပါတယ္။Jarvisဆိုတဲ့ေၾကာင္ေလးဟာ ပိုင္ရွင္ေတြနဲ႔ အျမဲတတြဲတြဲရွိေနတတ္ၿပီး အိမ္ကို ဧည့္သည္လာရင္လည္း ေဖာ္ေရြစြာ ျပဳမူတတ္ပါတယ္။ပိုင္ရွင္ျဖစ္သူ Narinက “သူက သာမန္ေၾကာင္ေလးပါဘဲ၊အိပ္ရတာကိုႀကိဳက္ၿပီးျပတင္းေပါက္ကေန ဌက္ေလးေတြကိုၾကည့္ရတာကိုလည္းႀကိဳက္တယ္၊ခင္ပြန္းနဲ႔လည္း အျမဲကစားတတ္တယ္”ဟုဆိုထားပါတယ္။

လူေတြက သူ႔ကိုအမလို့ထင္ၾကေပမဲ့ သူကအထီးေလးပါလို့ လည္းဆိုထားပါတယ္။ပိုင္ရွင္ျဖစ္သူေတြက Jarvisရဲ့ ၆ႀကိမ္ေျမာက္ေမြးေန႔ပြဲကို ဧၿပီလ ၂၃ရက္ေန႔မွာ က်င္းပေပးခဲ့ပါေသးတယ္။Jarvis ဟာ Scottish Fold ေၾကာင္အမ်ိဳးအစားျဖစ္တာေၾကာင့္ တျခားအိမ္ေမြးတိရိစၥာန္ေတြနဲ႔လည္း ေကာင္းမြန္စြာ တူတူေနထိုင္နိုင္ၾကၿပီး သူတို့ရဲ့ ပိုင္ရွင္ေတြကိုလည္း အလြန္ခ်စ္ခင္တြယ္တာတတ္ၾကပါတယ္။ဒါေၾကာင့္ Jarvis ေလးနဲ႔ ပိုင္ရွင္တို့ရဲ့ ခ်စ္ၾကည္ႏူးေနၾကတဲ့ပုံတခ်ိဳ့ကို မၽွေဝေပးလိုက္ပါတယ္။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ကိုယ်ချစ်မြတ်နိုးတဲ့လူတွေကို တခြားတစ်စုံတစ်ယောက်ဆီကနေ လုယူခံရဖူးပါသလား။အခုပြောပြမယ့် အကြောင်းလေးကတော့ သိပ်ချစ်တတ်တဲ့ ကြောင်တစ်ကောင်လေးရဲ့အကြောင်းပါ။ထိုင်းနိုင်ငံရှိ Narin Hami ဆိုသူဟာ သူမရဲ့ယောကျ်ားနဲ့ ကြောင်လေးတို့ရဲ့ ချစ်ကြည်နူးနေကြတဲ့ပုံတွေကို social media ပေါ်တင်ပြီးတဲ့နောက်မှာတော့ လူသိများသွားခဲ့ပါတယ်။Jarvisဆိုတဲ့ကြောင်လေးဟာ ပိုင်ရှင်တွေနဲ့ အမြဲတတွဲတွဲရှိနေတတ်ပြီး အိမ်ကို ဧည့်သည်လာရင်လည်း ဖော်ရွေစွာ ပြုမူတတ်ပါတယ်။ပိုင်ရှင်ဖြစ်သူ Narinက “သူက သာမန်ကြောင်လေးပါဘဲ၊အိပ်ရတာကိုကြိုက်ပြီးပြတင်းပေါက်ကနေ ဌက်လေးတွေကိုကြည့်ရတာကိုလည်းကြိုက်တယ်၊ခင်ပွန်းနဲ့လည်း အမြဲကစားတတ်တယ်”ဟုဆိုထားပါတယ်။

လူတွေက သူ့ကိုအမလို့ထင်ကြပေမဲ့ သူကအထီးလေးပါလို့ လည်းဆိုထားပါတယ်။ပိုင်ရှင်ဖြစ်သူတွေက Jarvisရဲ့ ၆ကြိမ်မြောက်မွေးနေ့ပွဲကို ဧပြီလ ၂၃ရက်နေ့မှာ ကျင်းပပေးခဲ့ပါသေးတယ်။Jarvis ဟာ Scottish Fold ကြောင်အမျိုးအစားဖြစ်တာကြောင့် တခြားအိမ်မွေးတိရိစ္စာန်တွေနဲ့လည်း ကောင်းမွန်စွာ တူတူနေထိုင်နိုင်ကြပြီး သူတို့ရဲ့ ပိုင်ရှင်တွေကိုလည်း အလွန်ချစ်ခင်တွယ်တာတတ်ကြပါတယ်။ဒါကြောင့် Jarvis လေးနဲ့ ပိုင်ရှင်တို့ရဲ့ ချစ်ကြည်နူးနေကြတဲ့ပုံတချို့ကို မျှဝေပေးလိုက်ပါတယ်။

Jasmine (Mckzone Daily)

Be the first to comment on "ပိုင္ရွင္မ်က္ႏွာကို တစ္ကမၻာလို့ ေတြးထင္ေနတဲ့ ခၽြဲစိန္ေၾကာင္ေလး"

Leave a comment

Your email address will not be published.


*