ေတာင္ေပၚကေန ေကြ႔ပက္စီးဆင္းလာတဲ့ အ႐ွည္ဆံုး ႏွင့္ ဆြဲေဆာင္မႈအ႐ွိဆံုး မွန္သားျပင္ေရလႊာေလ်ွာစီး

Longshou County ခရိုင္ရွိ တ႐ုတ္နိုင္ငံရဲ့ အႀကီးဆုံး ေရလႊာေလၽွာစီးကို roller coaster ပုံသ႑ာန္ႏွင့္ ခရီးသြားေတြရဲ့ ဦးတည္ခ်က္တစ္ခုျဖစ္တဲ့ ေရပန္းဥယ်ာဥ္တို့ကို တစ္ခုတည္း ျဖစ္ေအာင္ ေပါင္းစပ္ကာ ေဆာက္လုပ္ထားပါတယ္။ roller coaster ပုံစံရွိတဲ့ေရလႊာေလၽွာစီးဟာ အရွည္ ၁၂၆၀ မီတာ(၄၁၃၃ေပ)ရွိေၾကာင္း Shanghaiist သတင္းအရ သိရပါတယ္။၎ေရလႊာေလၽွာစီးကို ပိုစိတ္ဝင္စားေစတာက အျပင္ဖက္ကို ပြင့္လင္းျမင္သာစြာ ျမင္ရျခင္းဘဲျဖစ္ပါတယ္။

အဆိုပါ ေရလႊာေလၽွာစီးဟာ လာေရာက္လည္ပတ္တဲ့ဧည့္သည္ေတြအား ျမင့္မားၿပီး အေကြ႕အေကာက္မ်ားတဲ့ လမ္းကို ျဖတ္ေစကာ Hebei ေတာင္တန္းရဲ့ အလွအပ႐ူခင္းကို ၾကည့္ရွုခံစားေစၿပီး ပိုစိတ္လွုပ္ရွားစရာေကာင္းတာကေတာ့ ဧည့္သည္ေတြ ေအာက္ကိုငုံၾကည့္ရင္ ေဖာက္ထြင္းျမင္ေနရေအာင္ လုပ္ေပးတဲ့ မွန္သားျပင္ေတြပါဘဲ။စီးႏွင္းတဲ့ ဧည့္သည္ေတြဟာ ရွည္လ်ားတဲ့ေရလႊာကို စီးရန္ ေလအျပည့္ျဖည့္ထားတဲ့ ေဖာင္ေတြကို အသုံးျပဳၾကရၿပီး ေရလွိုင္းၾကမ္းနဲ႔ roller coaster တို့ေပါင္းစပ္ထားတဲ့ စိတ္ခံစားခ်က္ကို ရရွိေစပါတယ္။နိုင္ငံတစ္ဝွမ္းမွာရွိတဲ့တံတားေတြကို ဖန္သားျဖင့္ တည္ေဆာက္ထားျခင္းဟာ တ႐ုတ္နိုင္ငံရဲ့ ကမၻာတစ္ဝွမ္းကို ဆြဲေဆာင္ေစခဲ့တဲ့ အေကာင္းဆုံး အခ်က္တစ္ခ်က္လည္းျဖစ္ပါတယ္။

Jasmine (Mckzone Daily)

Source: nextshark.

Unicode

Longshou County ခရိုင်ရှိ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ရေလွှာလျှောစီးကို roller coaster ပုံသဏ္ဍာန်နှင့် ခရီးသွားတွေရဲ့ ဦးတည်ချက်တစ်ခုဖြစ်တဲ့ ရေပန်းဥယျာဉ်တို့ကို တစ်ခုတည်း ဖြစ်အောင် ပေါင်းစပ်ကာ ဆောက်လုပ်ထားပါတယ်။ roller coaster ပုံစံရှိတဲ့ရေလွှာလျှောစီးဟာ အရှည် ၁၂၆၀ မီတာ(၄၁၃၃ပေ)ရှိကြောင်း Shanghaiist သတင်းအရ သိရပါတယ်။၎င်းရေလွှာလျှောစီးကို ပိုစိတ်ဝင်စားစေတာက အပြင်ဖက်ကို ပွင့်လင်းမြင်သာစွာ မြင်ရခြင်းဘဲဖြစ်ပါတယ်။

အဆိုပါ ရေလွှာလျှောစီးဟာ လာရောက်လည်ပတ်တဲ့ဧည့်သည်တွေအား မြင့်မားပြီး အကွေ့အကောက်များတဲ့ လမ်းကို ဖြတ်စေကာ Hebei တောင်တန်းရဲ့ အလှအပရူခင်းကို ကြည့်ရှုခံစားစေပြီး ပိုစိတ်လှုပ်ရှားစရာကောင်းတာကတော့ ဧည့်သည်တွေ အောက်ကိုငုံကြည့်ရင် ဖောက်ထွင်းမြင်နေရအောင် လုပ်ပေးတဲ့ မှန်သားပြင်တွေပါဘဲ။စီးနှင်းတဲ့ ဧည့်သည်တွေဟာ ရှည်လျားတဲ့ရေလွှာကို စီးရန် လေအပြည့်ဖြည့်ထားတဲ့ ဖောင်တွေကို အသုံးပြုကြရပြီး ရေလှိုင်းကြမ်းနဲ့ roller coaster တို့ပေါင်းစပ်ထားတဲ့ စိတ်ခံစားချက်ကို ရရှိစေပါတယ်။နိုင်ငံတစ်ဝှမ်းမှာရှိတဲ့တံတားတွေကို ဖန်သားဖြင့် တည်ဆောက်ထားခြင်းဟာ တရုတ်နိုင်ငံရဲ့ ကမ္ဘာတစ်ဝှမ်းကို ဆွဲဆောင်စေခဲ့တဲ့ အကောင်းဆုံး အချက်တစ်ချက်လည်းဖြစ်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment