ကြွေသားနဲ့ ဖန်တီးပြုလုပ်ထားတဲ့ ဂျပန်နိုင်ငံက သက်ရှိအရုပ်မလေး




1

Jasmine (Mckzone Daily)

Source: nextshark

Unicode

ဂျပန်နိုင်ငံ တိုကျိုဖက်ရှင်မော်ဒယ်ပွဲတစ်ခုကထူးခြားတဲ့ဆံပင်တု၊မျက်နှာဖုံးတု၊အံဝင်ခွင်ကျသော “ အဆစ်”များနှင့် ဖွဲ့စည်းထားပြီး Lulu Hashimoto လို့ခေါ်တဲ့ “သက်ရှိအရုပ်မ” ဟာ တိုကျိုဖက်ရှင်မော်ဒယ်ပွဲမှာ အောင်မြင်မှုလမ်းစကိုရခဲ့ပါတယ်။သဘာဝကျပြီး ခွဲခြားရန်မလွယ်တဲ့ ပုံသဏ္ဍန်နှင့်စိတ်ကူးယဉ်ဆန်တဲ့ အရုပ်မ Luluဟာ Twitter တွင် အနည်းဆုံးပရိတ်သတ် ၂၃၀၀၀နှင့် Instagram ပေါ်တွင်ပရိတ်သတ် ၁၂၀၀၀ ထက်ရှိနေခဲ့ပါတယ်။ဖက်ရှင်ဒီဇိုင်နာ Hitomi Komaki ဟာ Lulu Hashimoto လို့ခေါ်တဲ့အရုပ်ကို တီထွင်ခဲ့ပြီး သူဟာချစ်စရာကောင်းတဲ့အရုပ်တွေကို အရမ်းနှစ်သက်ကြောင်းပြောခဲ့ပါတယ်။တစ်ဦးတည်းသာရှိတဲ့ အရုပ်မ Luluဟာ များစွာသော အကသမားများ၊ဒီဇိုင်နာများနှင့်မော်ဒယ်များရဲ့ဝတ်စုံတွေနဲ့ ဆင်ယင်ပေးထားကြောင်း Komaki ကပြောပါတယ်။

Lulu အရုပ်မ ကို“ fetish” လို့ခေါ်တဲ့သူတွေရှိပေမယ့် Komaki ကသူမ မဟုတ်ကြောင်း ထောက်ပြပါတယ်။”လူတော်တော်များများဟာ အဝတ်အစားကောင်းတွေဝတ်ထားပုံ နှင့် မျက်တောင်တုတပ်တာအစ fetishနဲ့တူတယ်” ဟုအသက် ၂၃ နှစ်အရွယ်ရှိသူက ပြောခဲ့ပါတယ်။သတင်းဌာနရဲ့အဆိုအရ နှစ်စဉ်ကျင်းပတဲ့ Miss iD အလှမယ်ပြိုင်ပွဲမှာ Lulu ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းကြောင့် လူအများရဲ့ အာရုံစူးစိုက်မှုကိုပိုမိုရရှိခဲ့ပါတယ်။

Lulu ဟာ ပြိုင်ပွဲဝင်သူ ၄၀၀၀ ခန့်ထဲမှာမှ semi-finalist ၁၃၄ ယောက်ထဲကတစ်ယောက်အပါအဝင် ရွေးချယ်ခံခဲ့ရပါတယ်။နိုဝင်ဘာလမှာတော့ အနိုင်ရသရဖူဆောင်းသူမှာ သဘာဝကိုတုပပြီးပြုလုပ်ထားပြီး အသိဉာဏ်ရှိတဲ့ ရုပ်လုံးကြွ အရုပ်မ မှတစ်ဆင့် “လူမဟုတ်သော” စရိုက်အဖြစ် ဆုတစ်ဆုကို ရရှိခဲ့ပါသေးတယ်။

Jasmine (Mckzone Daily)

  • Leave a Comment