မိခင္တို႔ရဲ႕ ေန႔စဥ္ဘဝစိတ္ခံစားခ်က္ေတြကို သိ႐ွိႏိုင္ေအာင္ ေဒါက္ျမင့္ဖိနပ္ေတြနဲ႔ အေျပးၿပိဳင္ခဲ့ၾကတဲ့ ေက်ာင္းသားမ်ား

တ႐ုတ္ေက်ာင္းသား၊ေက်ာင္းသူေတြဟာ ဘယ္အရာမဆို ရင္ဆိုင္နိုင္တဲ့ အေမတစ္ေယာက္လို သင္ယူနိုင္ရန္ ေဒါက္ျမင့္ဖိနပ္မ်ား စီးကာ ေျပးခဲ့ၾကပါတယ္။အေမမ်ားေန႔မတိုင္မီေလာက္က အထူးသျဖင့္ ေက်ာင္းသားေတြဟာ တ႐ုတ္နိုင္ငံတြင္ က်င္းပျပဳလုပ္တဲ့ ေက်ာင္းပြဲတစ္ခုမွာ ပါဝင္ခဲ့ၾကၿပီး အမ်ိဳးသမီးတစ္ေယာက္ရဲ့ စိတ္ခံစားခ်က္ကို အနည္းငယ္သိရွိေစနိုင္ရန္အတြက္ ေဒါက္ျမင့္ဖိနပ္စီးကာ အေျပးၿပိဳင္ခဲ့ၾကပါတယ္။အဆိုပါ ခက္ခဲတဲ့ ေဒါက္ဖိနပ္စီးပြဲကို Hubei ျပည္နယ္ Wuhan နည္းပညာတကၠသိုလ္ရွိ ေက်ာင္းသား၊ေက်ာင္းသူမ်ားက က်င္းပခဲ့ၿပီး ၎တကၠသိုလ္ဟာ ေျခေထာက္အရြယ္အစားႀကီးတဲ့ ေက်ာင္းသားမ်ားအတြက္ အထူးေဒါက္ဖိနပ္ကိုလည္း မွာခဲ့ၾကေၾကာင္း South China Morning Post သတင္းအရ သိရပါတယ္။

ထိုပြဲဟာ အထူးသျဖင့္ ေက်ာင္းသားမ်ားႏွင့္ ေက်ာင္းသူအနည္းစုအတြက္ သူတို့ရဲ့ မိခင္မ်ားႏွင့္ အမ်ိဳးသမီးမ်ား ၾကဳံေတြ႕ရတဲ့ႀကိဳးစားအားထုတ္မွုေတြကို အနည္းငယ္ခံစားရေစရန္ ရည္ရြယ္ျခင္းျဖစ္ၿပီး “နာက်င္မွုကို ပထမဆုံး လက္ေတြ႕ခံစားလိုက္ရေတာ့ အဲ့နာက်င္မွုက သီအိုရီေတြနဲ႔ ဆိုင္တဲ့ သင္ခန္းစာေတြထက္ အမ်ားႀကီး ပိုေလးနက္ေနတယ္၊အေမတစ္ေယာက္ရဲ့ ခ်စ္ျခင္းေမတၱာက အမွန္တကယ္ အစြမ္းထက္တယ္”ဟု ေက်ာင္းနည္းျပဆရာ Liu Shuyuan က ဆိုပါတယ္။

ကေလးကိို ေက်ာပိုးတတ္တဲ့ မိခင္တစ္ေယာက္ရဲ့ အခက္အခဲကို သိရွိေစရန္ တစ္ေယာက္ကိုတစ္ေယာက္ ေက်ာပိုးကာ ေျခဖလားျဖင့္ လမ္းေလ်ာက္ျခင္း၊တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ကာ ေဘာလုံးကို ဗိုက္နဲ႔ ထိန္းျခင္းစတဲ့ ကိုယ္ဝန္ေဆာင္မိခင္ တစ္ေယာက္ရဲ့ ေန႔စဥ္ၾကဳံေတြ႕ရတဲ့ အခက္အခဲေတြကို အသိအမွတ္ျပဳကစားတဲ့ လွုပ္ရွားမွု မ်ားစြာ ပါဝင္ခဲ့ပါတယ္။

Jasmine (Mckzone Daily)

Source: nextshark.

Unicode

တရုတ်ကျောင်းသား၊ကျောင်းသူတွေဟာ ဘယ်အရာမဆို ရင်ဆိုင်နိုင်တဲ့ အမေတစ်ယောက်လို သင်ယူနိုင်ရန် ဒေါက်မြင့်ဖိနပ်များ စီးကာ ပြေးခဲ့ကြပါတယ်။အမေများနေ့မတိုင်မီလောက်က အထူးသဖြင့် ကျောင်းသားတွေဟာ တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်တဲ့ ကျောင်းပွဲတစ်ခုမှာ ပါဝင်ခဲ့ကြပြီး အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို အနည်းငယ်သိရှိစေနိုင်ရန်အတွက် ဒေါက်မြင့်ဖိနပ်စီးကာ အပြေးပြိုင်ခဲ့ကြပါတယ်။အဆိုပါ ခက်ခဲတဲ့ ဒေါက်ဖိနပ်စီးပွဲကို Hubei ပြည်နယ် Wuhan နည်းပညာတက္ကသိုလ်ရှိ ကျောင်းသား၊ကျောင်းသူများက ကျင်းပခဲ့ပြီး ၎င်းတက္ကသိုလ်ဟာ ခြေထောက်အရွယ်အစားကြီးတဲ့ ကျောင်းသားများအတွက် အထူးဒေါက်ဖိနပ်ကိုလည်း မှာခဲ့ကြကြောင်း South China Morning Post သတင်းအရ သိရပါတယ်။

ထိုပွဲဟာ အထူးသဖြင့် ကျောင်းသားများနှင့် ကျောင်းသူအနည်းစုအတွက် သူတို့ရဲ့ မိခင်များနှင့် အမျိုးသမီးများ ကြုံတွေ့ရတဲ့ကြိုးစားအားထုတ်မှုတွေကို အနည်းငယ်ခံစားရစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး “နာကျင်မှုကို ပထမဆုံး လက်တွေ့ခံစားလိုက်ရတော့ အဲ့နာကျင်မှုက သီအိုရီတွေနဲ့ ဆိုင်တဲ့ သင်ခန်းစာတွေထက် အများကြီး ပိုလေးနက်နေတယ်၊အမေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာက အမှန်တကယ် အစွမ်းထက်တယ်”ဟု ကျောင်းနည်းပြဆရာ Liu Shuyuan က ဆိုပါတယ်။

ကလေးကို ကျောပိုးတတ်တဲ့ မိခင်တစ်ယောက်ရဲ့ အခက်အခဲကို သိရှိစေရန် တစ်ယောက်ကိုတစ်ယောက် ကျောပိုးကာ ခြေဖလားဖြင့် လမ်းလျောက်ခြင်း၊တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ကာ ဘောလုံးကို ဗိုက်နဲ့ ထိန်းခြင်းစတဲ့ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်ရဲ့ နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို အသိအမှတ်ပြုကစားတဲ့ လှုပ်ရှားမှု များစွာ ပါဝင်ခဲ့ပါတယ်။

  • Leave a Comment