ဝန္ထမ္းေတြကို ကိုယ္အေလးခ်ိန္ 2ေပါင္ခ်ႏိုင္တိုင္း 14ေဒၚလာ ဆုခ်ေလ့႐ွိတဲ့ ကုမၸဏီသူေဌး

တ႐ုတ္နိုင္ငံရွိ ကုမၸဏီတစ္ခုဟာ ဝန္ထမ္းမ်ားအား ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ေအာင္ လွုံေဆာ္နိုင္ရန္ အက်ိဳးရွိတဲ့ နည္းလမ္းတစ္ခုကို ေတြ႕ခဲ့ပါတယ္။Shaanxi ျပည္နယ္ Xian Jingtian ဆိုတဲ့ ရင္းႏွီးျမဳပ္ႏွံကုမၸဏီတစ္ခုဟာ သူတို့ရဲ့ အလုပ္သမားမ်ားအား ကိုယ္အေလးခ်ိန္ခ်နိုင္တိုင္း ေငြသားဆုခ်မယ့္ အစီအစဥ္တစ္ခုကို ျပဳလုပ္ရန္ ဆုံးျဖတ္ခဲ့ၾကပါတယ္။Chairman Wang Xuebao ဆိုသူ ကုမၸဏီသူေဌးဟာ ၎အစီအစဥ္စတင္ရျခင္းဟာ “ယဥ္ေက်းမွုတစ္ခုအျဖစ္တည္ေဆာက္ရန္ႏွင့္ က်န္းမာတဲ့ ယွဥ္ၿပိဳင္မွုတြင္ ပါဝင္နိုင္ရန္”ရည္ရြယ္ျခင္းျဖစ္ၿပီး ဝန္ထမ္းေတြကို က်န္းမာၿပီးလွပတဲ့ ခႏၶာကိုယ္အေလးခ်ိန္အေနအထားတစ္ခုရွိေစရန္ျဖစ္ေၾကာင္းဆိုထားပါတယ္။

“ကၽြန္ေတာ္ စိတ္ေသာကေရာက္ခဲ့ရတယ္ဘာလို့ဆို ကၽြန္ေတာ့္ဝန္ထမ္းေတြက ႐ုံးမွာတေနကုန္ထိုင္ရၿပီး လွုပ္ရွားသြားလာတာေတြလည္း သိပ္မရွိေတာ့ ဝိတ္မ်ားၾကတယ္၊ကၽြန္ေတာ္ အပါအဝင္ေပါ့ “ဟုလည္းဆိုထားပါတယ္။ၿပီးခဲ့တဲ့မတ္လက စတင္ခဲ့တဲ့”က်န္းမာစြာ ဝိတ္ခ်ျခင္း”အစီအစဥ္ဟာ ကိုယ္အေလးခ်ိန္ ၆.၆ေပါင္ခ်နိုင္တိုင္း ၁၄ေဒၚလာဆုရရွိမည္ျဖစ္ေၾကာင္း Daily Mailသတင္းအရသိရပါတယ္။

အဆိုပါ အစီအစဥ္ကိုစတင္ခဲ့ေပမဲ့ သူကိုယ္တိုင္က အခုထိ ဝိတ္မက်ေသးေၾကာင္း၊ဝန္ထမ္းတစ္ဦးျဖစ္တဲ့ Zhou Wei ေတာင္ ၂၀ကီလို(၄၄ေပါင္)ခ်နိုင္ခဲ့တာေၾကာင့္ ယြမ္ ၂၀၀၀(၂၉၀ေဒၚလာ)ရရွိေနၿပီျဖစ္ေၾကာင္း Xuebao ကဆိုထားပါေသးတယ္။ထိုကဲ့သို့ ျပဳလုပ္ျခင္းဟာ က်န္းမာလွပတဲ့ ခႏၶာကိုယ္မရရွိနိုင္ေၾကာင္း၊သင့္တင့္မၽွတတဲ့ အစားအစာ စားသုံးၿပီး ေသခ်ာစြာ ေလ့က်င့္ခန္းျပဳလုပ္သင့္ေၾကာင္း ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ေရးကၽြမ္းက်င္သူမ်ားက ေထာက္ျပသတိေပးထားပါေသးတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုဟာ ဝန်ထမ်းများအား ကိုယ်အလေးချိန်လျော့ချအောင် လှုံဆော်နိုင်ရန် အကျိုးရှိတဲ့ နည်းလမ်းတစ်ခုကို တွေ့ခဲ့ပါတယ်။Shaanxi ပြည်နယ် Xian Jingtian ဆိုတဲ့ ရင်းနှီးမြုပ်နှံကုမ္ပဏီတစ်ခုဟာ သူတို့ရဲ့ အလုပ်သမားများအား ကိုယ်အလေးချိန်ချနိုင်တိုင်း ငွေသားဆုချမယ့် အစီအစဉ်တစ်ခုကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။Chairman Wang Xuebao ဆိုသူ ကုမ္ပဏီသူဌေးဟာ ၎င်းအစီအစဉ်စတင်ရခြင်းဟာ “ယဉ်ကျေးမှုတစ်ခုအဖြစ်တည်ဆောက်ရန်နှင့် ကျန်းမာတဲ့ ယှဉ်ပြိုင်မှုတွင် ပါဝင်နိုင်ရန်”ရည်ရွယ်ခြင်းဖြစ်ပြီး ဝန်ထမ်းတွေကို ကျန်းမာပြီးလှပတဲ့ ခန္ဓာကိုယ်အလေးချိန်အနေအထားတစ်ခုရှိစေရန်ဖြစ်ကြောင်းဆိုထားပါတယ်။

“ကျွန်တော် စိတ်သောကရောက်ခဲ့ရတယ်ဘာလို့ဆို ကျွန်တော့်ဝန်ထမ်းတွေက ရုံးမှာတနေကုန်ထိုင်ရပြီး လှုပ်ရှားသွားလာတာတွေလည်း သိပ်မရှိတော့ ဝိတ်များကြတယ်၊ကျွန်တော် အပါအဝင်ပေါ့ “ဟုလည်းဆိုထားပါတယ်။ပြီးခဲ့တဲ့မတ်လက စတင်ခဲ့တဲ့”ကျန်းမာစွာ ဝိတ်ချခြင်း”အစီအစဉ်ဟာ ကိုယ်အလေးချိန် ၆.၆ပေါင်ချနိုင်တိုင်း ၁၄ဒေါ်လာဆုရရှိမည်ဖြစ်ကြောင်း Daily Mailသတင်းအရသိရပါတယ်။

အဆိုပါ အစီအစဉ်ကိုစတင်ခဲ့ပေမဲ့ သူကိုယ်တိုင်က အခုထိ ဝိတ်မကျသေးကြောင်း၊ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Zhou Wei တောင် ၂၀ကီလို(၄၄ပေါင်)ချနိုင်ခဲ့တာကြောင့် ယွမ် ၂၀၀၀(၂၉၀ဒေါ်လာ)ရရှိနေပြီဖြစ်ကြောင်း Xuebao ကဆိုထားပါသေးတယ်။ထိုကဲ့သို့ ပြုလုပ်ခြင်းဟာ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်မရရှိနိုင်ကြောင်း၊သင့်တင့်မျှတတဲ့ အစားအစာ စားသုံးပြီး သေချာစွာ လေ့ကျင့်ခန်းပြုလုပ်သင့်ကြောင်း ကိုယ်အလေးချိန်လျော့ချရေးကျွမ်းကျင်သူများက ထောက်ပြသတိပေးထားပါသေးတယ်။

Jasmine (Mckzone Daily)

  • Leave a Comment