အျမႊာေလးႏွစ္ေယာက္ထဲကမွ တစ္ေယာက္ကိုသာကယ္တင္ဖို႔ အဆိုးဆုံး ဆုံးျဖတ္ခ်က္တစ္ခုကို ခ်မွတ္ခဲ့ၾကတဲ့ မိဘႏွစ္ပါး

တ႐ုတ္မြန္ဂိုလီးယားနိုင္ငံရွိ ဆင္းရဲတဲ့ဇနီးေမာင္ႏွံဟာ ၇ လသားအရြယ္အျမြာအား ဘယ္တစ္ေယာက္ကိုကယ္တင္ရမယ္ဆိုတဲ့ အဆိုးဆုံး ဆုံးျဖတ္ခ်က္တစ္ခုအား အတင္းအက်ပ္ခ်မွတ္ ေစခိုင္းျခင္းခံခဲ့ရပါတယ္။ခင္ပြန္း Wang Guojun ႏွင့္သူ႔ရဲ့ဇနီး Xu Shijia တို့ဟာ နာမက်န္းျဖစ္ေနတဲ့ကေလးေတြကို ေဆး႐ုံပို့ရန္ ေငြအလုံအေလာက္မရွိတာေၾကာင့္ ရွန္ဟိုင္းေဆး႐ုံတြင္ေဆးကုသမွုခံယူရန္ Wen Yuanသို့မဟုတ္ Wen Bo ဆိုတဲ့အျမႊာမွ ဘယ္တစ္ေယာက္ကို ေခၚေဆာင္သြားရမလားဆိုတဲ့ ဆုံးျဖတ္ခ်က္ကိုစာရြက္ေပၚတြင္ေရးဆြဲခဲ့ပါတယ္။ စက္တင္ဘာလ (၃၀) ရက္ေန႔တြင္ Qiqihar ရွိနံပါတ္ ၁ ေဆး႐ုံမွာ Xu Shijia (၃၉ ႏွစ္) ဟာ သားေယာက်္ားေလးႏွစ္ေယာက္ကိုေမြးဖြားခဲ့တယ္ဟု QQ (Daily Mail မွတစ္ဆင့္) ကေဖာ္ျပခဲ့ပါတယ္။ေမြးကင္းစကေလးငယ္ႏွစ္ဦးစလုံးဟာ ေမြးရာပါႏွလုံးေရာဂါႏွင့္အဆုတ္ေရာင္ေရာဂါမ်ားရွိျခင္းေၾကာင့္ မၾကာခဏဖ်ားေလ့ရွိပါတယ္။ Xu ဟာ ငါးလကိုယ္ဝန္ေဆာင္စဥ္မွာ မသန္မစြမ္းျဖစ္ကာအေရျပားျခယ္မွုန္းမွုေပ်ာက္ကင္းေသာ leucodermaေရာဂါရွိၿပီး Wang ဟာလည္း ဦး ေႏွာက္အက်ိတ္ရွိေနခဲ့ပါတယ္။

အမႊာသားႏွစ္ေယာက္အား ရွစ္လမျပည့္မီ ေဆးကုသမွုခံယူရန္လိုအပ္ေၾကာင္း ဆရာဝန္မ်ားက မိဘေတြကို အႀကံဉာဏ္ေပးခဲ့ပါတယ္။ဇနီးေမာင္ႏွံႏွစ္ဦး ဟာ သူငယ္ခ်င္းမ်ား၊ ေဆြမ်ိဳးမ်ားႏွင့္ေငြေၾကးဆိုင္ရာအဖြဲ႕အစည္းမ်ားမွ ေငြထုတ္ေခ်းျခင္းျဖင့္ သူတို့လိုအပ္ေသာရန္ပုံေငြမ်ားကိုရွာေဖြရန္ႀကိဳးစားခဲ့ၾကပါတယ္။ၿပီးခဲ့တဲ့အပတ္မွာ အစ္ကိုျဖစ္သူ Wen Yuanဟာ ‘go’ ဟုတပ္ဆင္ထားတဲ့ စာရြက္ကိုေကာက္ယူျခင္းအားျဖင့္ Wen Yuanကိုေဆးကုသမွုခံယူရန္ ေခၚသြားၿပီး သားငယ္ Wen Boကို သူ႔အဘြားႏွင့္အတူ အိမ္မွာထားခဲ့လိုက္ရပါတယ္။ဇနီးေမာင္ႏွံ ႏွစ္ဦးဟာ သူငယ္ခ်င္းမ်ားကလွူဒါန္းခဲ့တဲ့ေဒၚလာ ၂,၉၀၀ ကိုယူေဆာင္လာၿပီးရွန္ဟိုင္းကေလးေဆးဘက္ဆိုင္ရာစင္တာသို့ ေရာက္ရွိရန္ ၂,၈၃၁ ကီလိုမီတာခရီးကိုသြားခဲ့ပါတယ္။

ဆရာဝန္မ်ားေတြ႕ရွိခ်က္အရ Wen Yuanရဲ့အဆုတ္ေရာင္ေရာဂါဟာ သူ႔ရဲ့ႏွလုံးေရာဂါထက္ ပိုျပင္းထန္ေၾကာင္း ေဆးကုသမွုခံယူရန္လိုအပ္ေၾကာင္းေျပာၿပီး သူတို့ေဆးကုသရန္ ေငြမလုံေလာက္ေၾကာင္းလည္း သူတို့အားအသိေပးခဲ့ပါတယ္။ရွန္ဟိုင္းအေျခစိုက္ Ma Xiaoma သတင္းေထာက္ရဲ့ အကူအညီျဖင့္ ၾကာသပေတးေန႔တြင္ ေဒသခံမီဒီယာမွတစ္ဆင့္ သူတို့မိသားစုအတြက္ အသနားခံစာတင္ခဲ့ပါတယ္။ေက်းဇူးတင္စရာကေတာ့ တ႐ုတ္လူမ်ိဳးမ်ားဟာ ဆင္းရဲေသာမိသားစုမ်ားအား စိတ္မပ်က္ေစခဲ့ပါ။ျပည္သူေတြရဲ့ရက္ရက္ေရာေရာလွူဒါန္းမွုအေနျဖင့္ယြမ္ ၈၀၀,၀၀၀ေက်ာ္ (ေဒၚလာ ၁၁၆,၀၀၀) စုေဆာင္းနိုင္ခဲ့ပါတယ္။ေမ ၁၂ ရက္ေန႔မွာေတာ့ Xu ႏွင့္သူမ၏ခင္ပြန္းတို့ဟာ သူတို့၏သားငယ္ Wen Bo ကိုရွန္ဟိုင္းသို့ပို့ေဆာင္ၿပီး ေဆးကုသမွုကိုခံယူနိုင္ခဲ့ပါတယ္။

Jasmine (Mckzone Daily)

Source: nextshark.

Unicode

တရုတ်မွန်ဂိုလီးယားနိုင်ငံရှိ ဆင်းရဲတဲ့ဇနီးမောင်နှံဟာ ၇ လသားအရွယ်အမြွာအား ဘယ်တစ်ယောက်ကိုကယ်တင်ရမယ်ဆိုတဲ့ အဆိုးဆုံး ဆုံးဖြတ်ချက်တစ်ခုအား အတင်းအကျပ်ချမှတ် စေခိုင်းခြင်းခံခဲ့ရပါတယ်။ခင်ပွန်း Wang Guojun နှင့်သူ့ရဲ့ဇနီး Xu Shijia တို့ဟာ နာမကျန်းဖြစ်နေတဲ့ကလေးတွေကို ဆေးရုံပို့ရန် ငွေအလုံအလောက်မရှိတာကြောင့် ရှန်ဟိုင်းဆေးရုံတွင်ဆေးကုသမှုခံယူရန် Wen Yuanသို့မဟုတ် Wen Bo ဆိုတဲ့အမြွှာမှ ဘယ်တစ်ယောက်ကို ခေါ်ဆောင်သွားရမလားဆိုတဲ့ ဆုံးဖြတ်ချက်ကိုစာရွက်ပေါ်တွင်ရေးဆွဲခဲ့ပါတယ်။ စက်တင်ဘာလ (၃၀) ရက်နေ့တွင် Qiqihar ရှိနံပါတ် ၁ ဆေးရုံမှာ Xu Shijia (၃၉ နှစ်) ဟာ သားယောကျ်ားလေးနှစ်ယောက်ကိုမွေးဖွားခဲ့တယ်ဟု QQ (Daily Mail မှတစ်ဆင့်) ကဖော်ပြခဲ့ပါတယ်။မွေးကင်းစကလေးငယ်နှစ်ဦးစလုံးဟာ မွေးရာပါနှလုံးရောဂါနှင့်အဆုတ်ရောင်ရောဂါများရှိခြင်းကြောင့် မကြာခဏဖျားလေ့ရှိပါတယ်။ Xu ဟာ ငါးလကိုယ်ဝန်ဆောင်စဉ်မှာ မသန်မစွမ်းဖြစ်ကာအရေပြားခြယ်မှုန်းမှုပျောက်ကင်းသော leucodermaရောဂါရှိပြီး Wang ဟာလည်း ဦး နှောက်အကျိတ်ရှိနေခဲ့ပါတယ်။

အမွှာသားနှစ်ယောက်အား ရှစ်လမပြည့်မီ ဆေးကုသမှုခံယူရန်လိုအပ်ကြောင်း ဆရာဝန်များက မိဘတွေကို အကြံဉာဏ်ပေးခဲ့ပါတယ်။ဇနီးမောင်နှံနှစ်ဦး ဟာ သူငယ်ချင်းများ၊ ဆွေမျိုးများနှင့်ငွေကြေးဆိုင်ရာအဖွဲ့အစည်းများမှ ငွေထုတ်ချေးခြင်းဖြင့် သူတို့လိုအပ်သောရန်ပုံငွေများကိုရှာဖွေရန်ကြိုးစားခဲ့ကြပါတယ်။ပြီးခဲ့တဲ့အပတ်မှာ အစ်ကိုဖြစ်သူ Wen Yuanဟာ ‘go’ ဟုတပ်ဆင်ထားတဲ့ စာရွက်ကိုကောက်ယူခြင်းအားဖြင့် Wen Yuanကိုဆေးကုသမှုခံယူရန် ခေါ်သွားပြီး သားငယ် Wen Boကို သူ့အဘွားနှင့်အတူ အိမ်မှာထားခဲ့လိုက်ရပါတယ်။ဇနီးမောင်နှံ နှစ်ဦးဟာ သူငယ်ချင်းများကလှူဒါန်းခဲ့တဲ့ဒေါ်လာ ၂,၉၀၀ ကိုယူဆောင်လာပြီးရှန်ဟိုင်းကလေးဆေးဘက်ဆိုင်ရာစင်တာသို့ ရောက်ရှိရန် ၂,၈၃၁ ကီလိုမီတာခရီးကိုသွားခဲ့ပါတယ်။

ဆရာဝန်များတွေ့ရှိချက်အရ Wen Yuanရဲ့အဆုတ်ရောင်ရောဂါဟာ သူ့ရဲ့နှလုံးရောဂါထက် ပိုပြင်းထန်ကြောင်း ဆေးကုသမှုခံယူရန်လိုအပ်ကြောင်းပြောပြီး သူတို့ဆေးကုသရန် ငွေမလုံလောက်ကြောင်းလည်း သူတို့အားအသိပေးခဲ့ပါတယ်။ရှန်ဟိုင်းအခြေစိုက် Ma Xiaoma သတင်းထောက်ရဲ့ အကူအညီဖြင့် ကြာသပတေးနေ့တွင် ဒေသခံမီဒီယာမှတစ်ဆင့် သူတို့မိသားစုအတွက် အသနားခံစာတင်ခဲ့ပါတယ်။ကျေးဇူးတင်စရာကတော့ တရုတ်လူမျိုးများဟာ ဆင်းရဲသောမိသားစုများအား စိတ်မပျက်စေခဲ့ပါ။ပြည်သူတွေရဲ့ရက်ရက်ရောရောလှူဒါန်းမှုအနေဖြင့်ယွမ် ၈၀၀,၀၀၀ကျော် (ဒေါ်လာ ၁၁၆,၀၀၀) စုဆောင်းနိုင်ခဲ့ပါတယ်။မေ ၁၂ ရက်နေ့မှာတော့ Xu နှင့်သူမ၏ခင်ပွန်းတို့ဟာ သူတို့၏သားငယ် Wen Bo ကိုရှန်ဟိုင်းသို့ပို့ဆောင်ပြီး ဆေးကုသမှုကိုခံယူနိုင်ခဲ့ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment