အလုပ္အင္တာဗ်ဴးဖို႔ သမီးငယ္ကို ကားထဲမွာ အခ်ိန္အ​ေတာ္ၾကာ ​ေသာ့ခတ္ၿပီး ခ်န္ရစ္ထားခဲ့တဲ့ မိခင္

တ႐ုတ္နိုင္ငံရွိ ကားတစ္စီးထဲတြင္ ေသာ့ခတ္ခံထားရတဲ့ ၃ ႏွစ္အရြယ္ကေလးမေလးတစ္ဦးရဲ့ ငိုသံကို ရဲတပ္ဖြဲ႕ဝင္မ်ားက ၾကားခဲ့ရပါတယ္။ South China Morning Post ရဲ့ အဆိုအရထိုျဖစ္ရပ္ဟာ Zhejiang ျပည္နယ္ရွိ ရဲတပ္ဖြဲ႕က ကေလးမေလးတစ္ဦးအား ကယ္တင္ရန္ရဲတပ္ဖြဲ႕ဝင္မ်ားကိုအတင္းအၾကပ္ခိုင္းေစခဲ့ပါတယ္။သူမရဲ့မိခင္ဟာ အနီးအနားရွိ႐ုံးခန္းတစ္ခုမွာ အလုပ္အင္တာဗ်ဴးေျဖရန္သြားခဲ့ၿပီး သမီးျဖစ္သူကို ကားထဲေသာ့ခတ္ထားခဲ့ပါတယ္။သူမဟာ အခ်ိန္မၾကာေလာက္ဘူးလို့ ထင္ခဲ့တာေၾကာင့္ ေနက်စ္က်စ္ေတာက္ပူတဲ့ ကားထဲမွာသူမရဲ့၃ ႏွစ္အရြယ္သမီး ကို ထားခဲ့ရန္ဆုံးျဖတ္ခဲ့ပါတယ္။ဒါေပမဲ့အလုပ္အင္တာဗ်ဴးဟာ သူမေမၽွာ္လင့္ထားတဲ့အခ်ိန္ထက္ ပိုၾကာခဲ့ၿပီး သူမရဲ့သမီးကို ကားထဲမွာနာရီေပါင္းမ်ားစြာ ပိတ္မိေနေစခဲ့တယ္။

ရဲအရာရွိမ်ားက ကေလးမေလးကိုကယ္လိုက္ခ်ိန္မွာ ကေလးမေလးဟာ ေခၽြးထြက္ေနၿပီး၊ခႏၶာကိုယ္ဟာလည္း ေရဓာတ္မ်ား ကုန္ခန္းေနၿပီဟုေျပာခဲ့ပါတယ္။ကားနံပါတ္ကို scan စစ္ေဆးၿပီးေနာက္ သူမရဲ့ဖခင္ကိုဆက္သြယ္နိုင္ခဲ့ပါတယ္။ ကေလးမေလးရဲ့အေမဟာ ေန႔လည္စာစားၿပီးျပန္လာတဲ့အခါ ၎ျဖစ္ပ်က္မွုအေပၚ အလြန္အျပစ္ရွိေၾကာင္း ခံစားသြားခဲ့ရပါတယ္။ရဲဟာသူမအားမဖမ္းဆီးခဲ့ပါ။အထူးသျဖင့္ ေနေရာင္ျခည္အပူရွိန္ေၾကာင့္ ကေလးငယ္တစ္ဦးကို ကားအတြင္းထဲခ်န္ထားျခင္းဟာ အႏၲရာယ္မ်ားေၾကာင္း မိဘမ်ားအားသတိေပးခဲ့ပါတယ္။

လူမ်ားစြာဟာ ကေလးမေလး ဘာျဖစ္ခဲ့သလဲဆိုတာကို စိတ္မေကာင္းျဖစ္ခဲ့ရၿပီး ၊multitask လုပ္ရန္အခက္အခဲမ်ားကိုညႊန္ျပၿပီး အေမျဖစ္သူကိုစာနာတဲ့ အင္တာနက္အသုံးျပဳသူမ်ားလည္းရွိပါတယ္။အကယ္၍ သူမဟာသမီးျဖစ္သူကိုသူႏွင့္အတူေခၚေဆာင္သြားခဲ့ရင္လည္း အင္တာဗ်ဴးမွာ သူမအတြက္အေႏွာက္အယွက္ျဖစ္ေစၿပီး ဒီအေျခအေနဟာ မလြယ္ကူေၾကာင္း အြန္လိုင္းအသုံးျပဳသူတစ္ဦး ကေျပာခဲ့ပါတယ္။

Jasmine (Mckzone Daily)

Source: /nextshark

Unicode

တရုတ်နိုင်ငံရှိ ကားတစ်စီးထဲတွင် သော့ခတ်ခံထားရတဲ့ ၃ နှစ်အရွယ်ကလေးမလေးတစ်ဦးရဲ့ ငိုသံကို ရဲတပ်ဖွဲ့ဝင်များက ကြားခဲ့ရပါတယ်။ South China Morning Post ရဲ့ အဆိုအရထိုဖြစ်ရပ်ဟာ Zhejiang ပြည်နယ်ရှိ ရဲတပ်ဖွဲ့က ကလေးမလေးတစ်ဦးအား ကယ်တင်ရန်ရဲတပ်ဖွဲ့ဝင်များကိုအတင်းအကြပ်ခိုင်းစေခဲ့ပါတယ်။သူမရဲ့မိခင်ဟာ အနီးအနားရှိရုံးခန်းတစ်ခုမှာ အလုပ်အင်တာဗျူးဖြေရန်သွားခဲ့ပြီး သမီးဖြစ်သူကို ကားထဲသော့ခတ်ထားခဲ့ပါတယ်။သူမဟာ အချိန်မကြာလောက်ဘူးလို့ ထင်ခဲ့တာကြောင့် နေကျစ်ကျစ်တောက်ပူတဲ့ ကားထဲမှာသူမရဲ့၃ နှစ်အရွယ်သမီး ကို ထားခဲ့ရန်ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့အလုပ်အင်တာဗျူးဟာ သူမမျှော်လင့်ထားတဲ့အချိန်ထက် ပိုကြာခဲ့ပြီး သူမရဲ့သမီးကို ကားထဲမှာနာရီပေါင်းများစွာ ပိတ်မိနေစေခဲ့တယ်။

ရဲအရာရှိများက ကလေးမလေးကိုကယ်လိုက်ချိန်မှာ ကလေးမလေးဟာ ချွေးထွက်နေပြီး၊ခန္ဓာကိုယ်ဟာလည်း ရေဓာတ်များ ကုန်ခန်းနေပြီဟုပြောခဲ့ပါတယ်။ကားနံပါတ်ကို scan စစ်ဆေးပြီးနောက် သူမရဲ့ဖခင်ကိုဆက်သွယ်နိုင်ခဲ့ပါတယ်။ ကလေးမလေးရဲ့အမေဟာ နေ့လည်စာစားပြီးပြန်လာတဲ့အခါ ၎င်းဖြစ်ပျက်မှုအပေါ် အလွန်အပြစ်ရှိကြောင်း ခံစားသွားခဲ့ရပါတယ်။ရဲဟာသူမအားမဖမ်းဆီးခဲ့ပါ။အထူးသဖြင့် နေရောင်ခြည်အပူရှိန်ကြောင့် ကလေးငယ်တစ်ဦးကို ကားအတွင်းထဲချန်ထားခြင်းဟာ အန္တရာယ်များကြောင်း မိဘများအားသတိပေးခဲ့ပါတယ်။

လူများစွာဟာ ကလေးမလေး ဘာဖြစ်ခဲ့သလဲဆိုတာကို စိတ်မကောင်းဖြစ်ခဲ့ရပြီး ၊multitask လုပ်ရန်အခက်အခဲများကိုညွှန်ပြပြီး အမေဖြစ်သူကိုစာနာတဲ့ အင်တာနက်အသုံးပြုသူများလည်းရှိပါတယ်။အကယ်၍ သူမဟာသမီးဖြစ်သူကိုသူနှင့်အတူခေါ်ဆောင်သွားခဲ့ရင်လည်း အင်တာဗျူးမှာ သူမအတွက်အနှောက်အယှက်ဖြစ်စေပြီး ဒီအခြေအနေဟာ မလွယ်ကူကြောင်း အွန်လိုင်းအသုံးပြုသူတစ်ဦး ကပြောခဲ့ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment