Anime ဇာတ်ရုပ်နဲ့တူလွန်းတာကြောင့် ဂျပန်Twitterမှာအနိုင်ရခဲ့တဲ့ cosplayerမလေး




Jasmine (Mckzone Daily)

Source: nextshark

1

2

3

4

5

6

7

8

9

10

Unicode

တရုတ်cosplayerမလေးတစ်ဦးဟာ သူမရဲ့တောက်ပမှု၊အရောင်အသွေးစုံလင်တဲ့ အဝတ်အစားများ သာမက animeဇာတ်ကောင်လို ကြီးမားတဲ့မျက်လုံးများ၊ဂျပန်ပေါပ့်ယဉ်ကျေးမှု၊ဘာသာစကားနှင့်ပတ်သက်တဲ့ သူမရဲ့ဗဟုသုတတွေကြောင့် သူသိများ ကျော်ကြားထင်ရှားလာပါတယ် ။SeeU85095082အမည်ဖြင့် cosplayerမလေးအသုံးပြုတဲ့ Twitter ၊Facebookတို့မှာရှိတဲ့ အကောင့်ဟာ သူမရဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာပုံ၊သူမကို အရုပ်လေးနဲ့တူစေတဲ့ ဝတ်စုံတွေကြောင့် ဝန်းရံသူတွေ များလာပါတယ်။ပရိသတ်အတော်များများက သူမဟာ မယုံနိုင်လောက်အောင် ချစ်ဖို့ကောင်းတယ်လို့ထင်ကြပြီး သူမရဲ့ အစစ်မဟုတ်တဲ့ ကာတွန်းရုပ်လို ကျယ်နေတဲ့မျက်လုံးတွေကိုတော့ သတိမပြုမိကြပါဘူး။ဟုတ်ပါတယ် သူမရဲ့ ဓာတ်ပုံတွေဟာ အစစ်အမှန် မဟုတ်ပါဘူး။

SeeUဟာ သူမရဲ့ဓာတ်ပုံတွေကို anime-girl-to-Life ပုံစံနှင့်ကိုက်ညီရန် ဒီဂျစ်တယ်နည်းပညာဖြင့် ဖြတ်ညှပ်ကပ်လုပ်ထားကြောင်း SoraNews 24 သတင်းအရ သိရပါတယ်။SeeUဟာ ဓာတ်ပုံရိုက်ကူးရာမှာ Anime၊Mangaဇာတ်ကောင်များစွာရဲ့ ပုံတူအဖြစ် သရုပ်ဆောင်ပုံဖော်ထားပါတယ်။၎င်းဓာတ်ပုံတွေထဲမှတစ်ခုဟာ “Rakka:Braves of the Six Flowers”ဇာတ်လမ်းတွဲမှ Nashetania Loei Piena Augustra(Nachetanya)ဆိုတဲ့ ဇာတ်ကောင်ဖြစ်ပြီး သူမ cosplay ခဲ့တဲ့ နောက်ထပ်ကျော်ကြားတဲ့ ဇာတ်ကောင်ကတော့ Miss Kobayashiရဲ့ Dragon Maid (Kobayashi-san Chi no Maid Dragon)မှ Maid Dragon Tohru ဘဲ ဖြစ်ပါတယ်။

ဘယ်လောက်ဘဲ ဂျပန်ယဉ်ကျေးမှုရဲ့ ကြီးမားတဲ့ ဩဇာလွှမ်းမိုးမှုတွေရှိနေပါစေ SeeUဟာ သူမရဲ့ cosplayဓာတ်ပုံတွေအရ သူမရဲ့ တရုတ်ဇာတ်ရင်းမြစ်ကိုထင်ရှားစွာ လက်ခံကိုင်စွဲထားဆဲဖြစ်ပါတယ်။

Jasmine (Mckzone Daily)

Be the first to comment on "Anime ဇာတ်ရုပ်နဲ့တူလွန်းတာကြောင့် ဂျပန်Twitterမှာအနိုင်ရခဲ့တဲ့ cosplayerမလေး"

Leave a comment

Your email address will not be published.


*