quarantineေၾကာင့္ အျပင္ထြက္မရတဲ့ ပိုင္ရွင္အတြက္ မုန္႔သြားဝယ္ေပးခဲ့တဲ့ ေခြးကေလး

ကမၻာတစ္ဝွမ္းရွိနိုင္ငံေပါင္းမ်ားစြာဟာ ယခုလို မေမၽွာ္လင့္ဘဲ lockdown ခ်မွတ္ခံလိုက္ရျခင္းေၾကာင့္ လူအမ်ားစုအတြက္ အဆင္မေျပမွုေတြ ျဖစ္ေပၚလာေစပါတယ္။ကံေကာင္းေထာက္မစြာ ကၽြန္ေတာ္တို့ဟာ တျခားသူဆီက အကူအညီေပးျခင္းကို ရရွိၾကရပါတယ္။အခု ေျပာျပမွာကေတာ့ Antonio Muñozဆိုသူ မကၠဆီကို အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ့ အိမ္ေမြးတိရိစၧာန္ေလးကို ဘယ္လို အသုံးခ်ခဲ့လဲဆိုတဲ့အေၾကာင္းဘဲ ျဖစ္ပါတယ္။Facebook ပိုစ့္တစ္ခုမွာ Antonioဟာ COVID-19 quarantine ကာလာအတြင္း Chihuanuas အမ်ိဳးအစားျဖစ္တဲ့ သူ႔ရဲ့အိမ္ေမြးေခြးေလး Chokisက သူ႔ကို ဘယ္လို အကူအညီျဖစ္ေစခဲ့လဲ ဆိုတဲ့ အေၾကာင္းကို မၽွေဝခဲ့ပါတယ္။သူ႔ရဲ့ ကိုယ္တိုင္quarantine သုံးရက္​ေျမာက္ေန႔မွာ Muñozဟာ Cheetosမုန္႔ကို စားခ်င္လာကာ မုန္႔ဆိုင္ကလည္း အိမ္ႏွင့္ေဝးေနၿပီး ကိုယ္တိုင္ကလည္း ထြက္မရျဖစ္ေနတာေၾကာင့္ ေခြးေလး Chokis အား သြားဝယ္ေစရန္ ဆုံးျဖတ္ခဲ့ပါတယ္။

အဲ့လို သြားဝယ္ခိုင္းရတာက မလြယ္ကူပါဘူး။ဟုတ္ပါတယ္ Chihuabuas ေခြးအမ်ိဳးအစားေတြဟာ ထိန္းေက်ာင္းရတာလည္း မလြယ္ကူသလို ဆူပူႀကိမ္းေမာင္းတာ သို့မဟုတ္ အျပစ္ေပးတာတို့ကိုလည္း ေကာင္းေကာင္း မတုံ႔ျပန္တတ္ၾကပါဘူး။ဒါေပမဲ့ သူတို့ဟာ ေကာင္းေကာင္း မြန္မြန္ဆက္ဆံတာကိုေတာ့ ႀကိဳက္ၾကပါတယ္။Muñozဟာ အဲဒီအေၾကာင္းကို သိေနပုံရပါတယ္။ဒါေၾကာင့္ ေခြးေလးကိုေကာင္းမြန္စြာ ေျပာဆိုဆက္ဆံကာ သူလိုခ်င္တဲ့ Cheetosအတြက္ ေဒၚလာ ၂၀တန္တစ္ရြက္ႏွင့္ စာပါတဲ့စာရြက္တစ္ရြက္ကို Chokisေလး အျပင္မထြက္ခင္ သူ႔ရဲ့ ေကာ္လန္ေပၚမွာ ထည့္ေပးလိုက္ပါတယ္။

စာရြက္ထဲေရးထားတာကေတာ့”Hello Mr Shopkeeper ေက်းဇူးျပဳၿပီး ကၽြန္ေတာ့္ေခြးကို အရမ္းစပ္တဲ့ အနီေရာင္ Cheetosမဟုတ္ဘဲ အဝါေရာင္ေလး ေရာင္းေပးပါ။သူ႔ရဲ့ ေကာ္လန္မွာ ေဒၚလာ၂၀ရွိတယ္။သတိေပးခ်က္-ခင္ဗ်ား ေကာင္းေကာင္းမဆက္ဆံရင္ သူကိုက္လိမ့္မယ္။ခင္ဗ်ားရဲ့ အိမ္နီးခ်င္း”ဟုေရးထားပါတယ္။မိနစ္ပိုင္းအနည္းငယ္မွာေတာ့ Chokis ေလး ဟာ အလုပ္ျဖစ္ခဲ့ပုံရတယ္။ပါးစပ္မွာကိုက္ထားတဲ့ Cheetosထုပ္ႏွင့္ Chokis ေလးရဲ့ ပုံကို Muñozက မၽွေဝခဲ့ပါေသးတယ္။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံပေါင်းများစွာဟာ ယခုလို မမျှော်လင့်ဘဲ lockdown ချမှတ်ခံလိုက်ရခြင်းကြောင့် လူအများစုအတွက် အဆင်မပြေမှုတွေ ဖြစ်ပေါ်လာစေပါတယ်။ကံကောင်းထောက်မစွာ ကျွန်တော်တို့ဟာ တခြားသူဆီက အကူအညီပေးခြင်းကို ရရှိကြရပါတယ်။အခု ပြောပြမှာကတော့ Antonio Muñozဆိုသူ မက္ကဆီကို အမျိုးသားတစ်ဦးဟာ သူ့ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးကို ဘယ်လို အသုံးချခဲ့လဲဆိုတဲ့အကြောင်းဘဲ ဖြစ်ပါတယ်။Facebook ပိုစ့်တစ်ခုမှာ Antonioဟာ COVID-19 quarantine ကာလာအတွင်း Chihuanuas အမျိုးအစားဖြစ်တဲ့ သူ့ရဲ့အိမ်မွေးခွေးလေး Chokisက သူ့ကို ဘယ်လို အကူအညီဖြစ်စေခဲ့လဲ ဆိုတဲ့ အကြောင်းကို မျှဝေခဲ့ပါတယ်။သူ့ရဲ့ ကိုယ်တိုင်quarantine သုံးရက်မြောက်နေ့မှာ Muñozဟာ Cheetosမုန့်ကို စားချင်လာကာ မုန့်ဆိုင်ကလည်း အိမ်နှင့်ဝေးနေပြီး ကိုယ်တိုင်ကလည်း ထွက်မရဖြစ်နေတာကြောင့် ခွေးလေး Chokis အား သွားဝယ်စေရန် ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့လို သွားဝယ်ခိုင်းရတာက မလွယ်ကူပါဘူး။ဟုတ်ပါတယ် Chihuabuas ခွေးအမျိုးအစားတွေဟာ ထိန်းကျောင်းရတာလည်း မလွယ်ကူသလို ဆူပူကြိမ်းမောင်းတာ သို့မဟုတ် အပြစ်ပေးတာတို့ကိုလည်း ကောင်းကောင်း မတုံ့ပြန်တတ်ကြပါဘူး။ဒါပေမဲ့ သူတို့ဟာ ကောင်းကောင်း မွန်မွန်ဆက်ဆံတာကိုတော့ ကြိုက်ကြပါတယ်။Muñozဟာ အဲဒီအကြောင်းကို သိနေပုံရပါတယ်။ဒါကြောင့် ခွေးလေးကိုကောင်းမွန်စွာ ပြောဆိုဆက်ဆံကာ သူလိုချင်တဲ့ Cheetosအတွက် ဒေါ်လာ ၂၀တန်တစ်ရွက်နှင့် စာပါတဲ့စာရွက်တစ်ရွက်ကို Chokisလေး အပြင်မထွက်ခင် သူ့ရဲ့ ကော်လန်ပေါ်မှာ ထည့်ပေးလိုက်ပါတယ်။

စာရွက်ထဲရေးထားတာကတော့”Hello Mr Shopkeeper ကျေးဇူးပြုပြီး ကျွန်တော့်ခွေးကို အရမ်းစပ်တဲ့ အနီရောင် Cheetosမဟုတ်ဘဲ အဝါရောင်လေး ရောင်းပေးပါ။သူ့ရဲ့ ကော်လန်မှာ ဒေါ်လာ၂၀ရှိတယ်။သတိပေးချက်-ခင်ဗျား ကောင်းကောင်းမဆက်ဆံရင် သူကိုက်လိမ့်မယ်။ခင်ဗျားရဲ့ အိမ်နီးချင်း”ဟုရေးထားပါတယ်။မိနစ်ပိုင်းအနည်းငယ်မှာတော့ Chokis လေး ဟာ အလုပ်ဖြစ်ခဲ့ပုံရတယ်။ပါးစပ်မှာကိုက်ထားတဲ့ Cheetosထုပ်နှင့် Chokis လေးရဲ့ ပုံကို Muñozက မျှဝေခဲ့ပါသေးတယ်။

Jasmine (Mckzone Daily)

Be the first to comment on "quarantineေၾကာင့္ အျပင္ထြက္မရတဲ့ ပိုင္ရွင္အတြက္ မုန္႔သြားဝယ္ေပးခဲ့တဲ့ ေခြးကေလး"

Leave a comment

Your email address will not be published.


*