ကားတိုက်သွားတဲ့အဖော်ကို မထားခဲ့ပဲ ကားလမ်းမပေါ်မှာကာကွယ်ပေးဖို့ ရပ်စောင့်ပေးနေခဲ့တဲ့ခွေးလေး





Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ခွေးလေးတွေဆိုတာက အလွန့်အလွန်ကို သစ္စာရှိလွန်းတဲ့တိရစ္ဆာန်လေးတွေဖြစ်ပါတယ် ။ သူတို့လေးတွေဟာ သူတို့ရဲ့ သခင်တွေ ၊ အဖော်တွေအပေါ် အလွန်သစ္စာစောင့်တိတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ် social media ပေါ်မှာဝေမျှထားခဲ့တဲ့ Video တစ်ခုလေးမှာဆိုရင် ကားအသွားအလာတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းကြောင်းတစ်ခုမှာဆိုရင် အဖြူ ရောင်ခွေးလေးဟာ ကားတိုက်ခံထားရလို့ဒဏ်ရာများစွာရရှိပြီး လမ်းမပေါ်တွင်လဲကျနေကာ ၊ နောက်အညိုရောင်အကွက်နဲ့ခွေးလေးကတော့ သူ၏ဘေးနားတွင်ကာကွယ်ပေးဖို့ ရပ်စောင့်နေခဲ့တာပါ ။ အညိုရောင်အကွက်လေးနဲ့ခွေးလေးက သူ၏အဖော်ကိုကာကွယ်ပေးဖို့ အဆိုပါလမ်းမကြီးပေါ်မှာ 3နာရီလောက်အနီးကပ်ရပ်စောင့်ပေးခဲ့ပြီး အဖြူရောင်ခွေးလေးပြန်ထလာဖို့ကို အတော်လေးမျှော်လင့်နေခဲ့ပါတယ် ။

ထို့နောက် အဖြူ ရောင်ခွေးလေးကိုခေါ်ထဖို့ အကြိမ်ကြိမ်ကြိုးစားနေခဲ့ပြီး အသံတအိအိဖြင့်ညည်းညူနေခဲ့တာ ဟောင်နေခဲ့ပါတယ် ။ သေဆုံးသွားပြီဖြစ်တဲ့ အဖြူ ရောင်ခွေးလေးဟာ ဘယ်လောက်ပဲခေါ်ထထ လုံးဝနိုးမလာတော့ပါဘူး ။ ဘေးကနေ လှမ်းကြည့်နေခဲ့တဲ့သူတွေက မနေနိုင်တော့ဘဲ အဖြူရောင်ခွေးလေးကိုလှမ်းဘေးသို့ရွေ့ပေးခဲ့ပါတယ် ။

သို့ပေမဲ့လည်း ဖြတ်သွားဖြတ်လာသူအချို့က အညိုကွက်လေးနဲ့ခွေးလေးရဲ့အဖြစ်ကို သနားသွားခဲ့တဲ့အတွက် အဖြူရောင်ခွေးလေးကိုမြေမြုပ်ပစ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

သေဆုံးသွားတဲ့အဖြူရောင်ခွေးလေးကတော့ ပိုင်ရှင်ရှိနေပေမဲ့လည်း သူ၏အဖော်အညိုကွက်လေးနဲ့ခွေးလေးမှာတော့ လမ်းဘေးခွေးလေးဖြစ်ပါတယ် ။ အဆိုပါခွေးနှစ်ကောင်လုံးဟာ မကြာခဏဆိုသလိုပြေးလွှားဆော့ကစားနေခဲ့ကြလေ့ရှိပြီး ၊ အခုချိန်မှာတော့ လမ်းဘေးခွေးလေးဟာ သူ၏အဖော်ကိုလုံးဝဆုံးရှုံးသွားခဲ့ရပါပြီ ။

Jasmine (Mckzone Daily)

Be the first to comment on "ကားတိုက်သွားတဲ့အဖော်ကို မထားခဲ့ပဲ ကားလမ်းမပေါ်မှာကာကွယ်ပေးဖို့ ရပ်စောင့်ပေးနေခဲ့တဲ့ခွေးလေး"

Leave a comment

Your email address will not be published.


*