တာရန္က်ဴလာပင့္ကူ အေကာင္ေပါင္း ၁,၅၀၀ေက်ာ္နဲ႔ တစ္အိမ္တည္းမွာအတူေနထိုင္လ်က္ရွိတဲ့ မိန္းကေလး (႐ုပ္သံ)

Tarantulaတစ္ေကာင္ဆီက အနည္းငယ္သာ အကိုက္ခံရရင္ေတာင္ အဆင္မေျပမွုေတြ ျဖစ္တတ္တာကို တစ္အိမ္တည္းမွာဘဲTarantulaအေကာင္ေပါင္း၁,၅၀၀ေက်ာ္ႏွင့္အတူ ေနထိုင္တဲ့လူကို ျမင္ေယာင္ၾကည့္ဖူးပါလား။အသက္၂၈ႏွစ္အရြယ္Ming Cuဆိုသူ အင္ဒိုနီးရွား အမ်ိဳးသမီးတစ္ဦးဟာ Tarantulaအေကာင္ေတြကို ၂၀၁၀ႏွစ္ကတည္းက စုေဆာင္းလာခဲ့ၿပီး “Queen Tarantula”လို့ လူသိမ်ားတဲ့သူမဟာ အဆိပ္ျပင္းတဲ့ အဆိုပါ ပင့္ကူေကာင္ေတြကို အိမ္ေမြးတိရိစၧာန္အျဖစ္သတ္မွတ္ထားပါတယ္။ပင့္ကူေမြးျမဴသူ Cuဟာ သူမရဲ့ ပုံမွန္မဟုတ္တဲ့ အိမ္ေမြးတိရိစၧာန္ေတြကို “Spider Lover Pet Shop”ဆိုတဲ့ Website တစ္ခုမွာ ေရာင္းခ်လ်က္ရွိေၾကာင္း Indian Express သတင္းအရ သိရပါတယ္။

Badungမွာေနထိုင္တဲ့Cuဟာ အႀကိမ္ေပါင္းမ်ားစြာ အကိုက္ခံရဖူးေၾကာင္းဝန္ခံခဲ့ၿပီး သူႏွင့္အတူ စတင္ခဲ့တဲ့ စီးပြါးဖက္ႏွင့္မိတ္ေဆြေတြက အဆိုပါလုပ္ငန္းကို ရပ္တန႔္သြားခဲ့ရင္ေတာင္ ပင့္ကူအေပၚ ခ်စ္ျမတ္နိုးတဲ့ သူမရဲ့စိတ္ကို တားဆီးနိုင္မွာမဟုတ္ေၾကာင္းဆိုပါတယ္။”ေထာင္ေပါင္းမ်ားစြာရွိတဲ့ Tarantulaေတြကို တစ္ေယာက္တည္း ေမြးျမဴထိန္းသိမ္းရတာက ကၽြန္မအတြက္ စိန္ေခၚမွုတစ္ခုပါ။ဒါေၾကာင့္ ကၽြန္မမွာ ကိုယ္ပိုင္အခ်ိန္ ၊အနားယူခ်ိန္သိပ္မရွိပါဘူး”ဟု ဆိုထားပါတယ္။Cuဟာ လြန္ခဲ့တဲ့ ၇ႏွစ္တည္းက သူမရဲ့ အိမ္ေနာက္ေဖးမွာေတြ႕ခဲ့တဲ့ Tarantula တစ္ေကာင္အား ဓာတ္ပုံရိုက္ရင္း စြဲလန္းသြားခဲ့ၿပီး ခ်က္ခ်င္း ၎အေကာင္ေတြကို onlineမွ ရွာေဖြဝယ္ယူခဲ့ပါတယ္။

သူမရဲ့ စိတ္ဝင္စားမွုႏွင့္ စုေဆာင္းမွုဟာ ႀကီးထြားလာခဲ့ၿပီး သူမကိုယ္သူမ သတိထားမိခ်ိန္မွာေတာ့ ပင့္ကူေတြဟာအေကာင္ေပါင္း ၁,၅၀၀ေက်ာ္ေနၿပီျဖစ္ပါတယ္။၎စုေဆာင္းမွုဟာ ေဒၚလာ ၅၅,၀၀၀ဝန္းက်င္ ကုန္က်ခဲ့ပါတယ္။Badung Institute of Technology ဘြဲ႕ရတစ္ဦးက ပထမေတာ့ Cuရဲ့ မိဘေတြက သူမရဲ့ဝါသနာနဲ႔ပုံမွန္မဟုတ္တဲ့ စီးပြါးေရးကို စိုးရိမ္ပူပန္ခဲ့ၾကတယ္။ဒါေပမဲ့ ႏွစ္ဦးစလုံးက သူမရဲ့ ပင့္ကူအေပၚခ်စ္ျမတ္နိုးမွုကို ေထာက္ခံေပးခဲ့ၾကတယ္ဟုလည္း ဆိုထားပါတယ္။

Jasmine (Mckzone Daily)

Source: nextshark.

Unicode

Tarantulaတစ်ကောင်ဆီက အနည်းငယ်သာ အကိုက်ခံရရင်တောင် အဆင်မပြေမှုတွေ ဖြစ်တတ်တာကို တစ်အိမ်တည်းမှာဘဲTarantulaအကောင်ပေါင်း၁,၅၀၀ကျော်နှင့်အတူ နေထိုင်တဲ့လူကို မြင်ယောင်ကြည့်ဖူးပါလား။အသက်၂၈နှစ်အရွယ်Ming Cuဆိုသူ အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးဟာ Tarantulaအကောင်တွေကို ၂၀၁၀နှစ်ကတည်းက စုဆောင်းလာခဲ့ပြီး “Queen Tarantula”လို့ လူသိများတဲ့သူမဟာ အဆိပ်ပြင်းတဲ့ အဆိုပါ ပင့်ကူကောင်တွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ်သတ်မှတ်ထားပါတယ်။ပင့်ကူမွေးမြူသူ Cuဟာ သူမရဲ့ ပုံမှန်မဟုတ်တဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို “Spider Lover Pet Shop”ဆိုတဲ့ Website တစ်ခုမှာ ရောင်းချလျက်ရှိကြောင်း Indian Express သတင်းအရ သိရပါတယ်။

Badungမှာနေထိုင်တဲ့Cuဟာ အကြိမ်ပေါင်းများစွာ အကိုက်ခံရဖူးကြောင်းဝန်ခံခဲ့ပြီး သူနှင့်အတူ စတင်ခဲ့တဲ့ စီးပွါးဖက်နှင့်မိတ်ဆွေတွေက အဆိုပါလုပ်ငန်းကို ရပ်တန့်သွားခဲ့ရင်တောင် ပင့်ကူအပေါ် ချစ်မြတ်နိုးတဲ့ သူမရဲ့စိတ်ကို တားဆီးနိုင်မှာမဟုတ်ကြောင်းဆိုပါတယ်။”ထောင်ပေါင်းများစွာရှိတဲ့ Tarantulaတွေကို တစ်ယောက်တည်း မွေးမြူထိန်းသိမ်းရတာက ကျွန်မအတွက် စိန်ခေါ်မှုတစ်ခုပါ။ဒါကြောင့် ကျွန်မမှာ ကိုယ်ပိုင်အချိန် ၊အနားယူချိန်သိပ်မရှိပါဘူး”ဟု ဆိုထားပါတယ်။Cuဟာ လွန်ခဲ့တဲ့ ၇နှစ်တည်းက သူမရဲ့ အိမ်နောက်ဖေးမှာတွေ့ခဲ့တဲ့ Tarantula တစ်ကောင်အား ဓာတ်ပုံရိုက်ရင်း စွဲလန်းသွားခဲ့ပြီး ချက်ချင်း ၎င်းအကောင်တွေကို onlineမှ ရှာဖွေဝယ်ယူခဲ့ပါတယ်။

သူမရဲ့ စိတ်ဝင်စားမှုနှင့် စုဆောင်းမှုဟာ ကြီးထွားလာခဲ့ပြီး သူမကိုယ်သူမ သတိထားမိချိန်မှာတော့ ပင့်ကူတွေဟာအကောင်ပေါင်း ၁,၅၀၀ကျော်နေပြီဖြစ်ပါတယ်။၎င်းစုဆောင်းမှုဟာ ဒေါ်လာ ၅၅,၀၀၀ဝန်းကျင် ကုန်ကျခဲ့ပါတယ်။Badung Institute of Technology ဘွဲ့ရတစ်ဦးက ပထမတော့ Cuရဲ့ မိဘတွေက သူမရဲ့ဝါသနာနဲ့ပုံမှန်မဟုတ်တဲ့ စီးပွါးရေးကို စိုးရိမ်ပူပန်ခဲ့ကြတယ်။ဒါပေမဲ့ နှစ်ဦးစလုံးက သူမရဲ့ ပင့်ကူအပေါ်ချစ်မြတ်နိုးမှုကို ထောက်ခံပေးခဲ့ကြတယ်ဟုလည်း ဆိုထားပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment