“The Fox and The Hound”ကာတြန္းဇာတ္ကားထဲကအတိုင္း သူငယ္ခ်င္းသံေယာဇဥ္ခိုင္ျမဲလြန္းတဲ့ ေခြးႏွင့္ေျမေခြးေလး

အခ်ိဳ့ေသာ Disney ႐ုပ္ရွင္မ်ားဟာ အျဖစ္မွန္ႏွင့္ သိပ္မကြာလွပါဘူး။စြန႔္ပစ္ခံရၿပီး တုန္လွုပ္ေနေသာသားေပါက္ေလး အား ေျမေခြးကယ္ဆယ္ေရးစင္တာအဖြဲ႕မေတြ႕ခင္ Pauline တို့ စုံတြဲကရွာေဖြေတြ႕ရွိၿပီး သူမေနအိမ္သို့ေခၚေဆာင္လာခဲ့ပါတယ္။ Pauline ဟာ တိရိစၧာန္မ်ားကိုကူညီရန္ စိတ္အားထက္သန္သူအျဖစ္ လူသိမ်ားပါတယ္။ Pauline ဟာ ႏွစ္ပတ္အရြယ္သာရွိတဲ့ေျမေခြးမေလးရဲ့က်န္းမာေရးျပန္လည္ေကာင္းမြန္ေအာင္ျပဳစုေပးရန္ ဆုံးျဖတ္ခဲ့ပါတယ္။Pauline ဟာ သူမ အိပ္မက္ကိုစြန႔္လြတ္ၿပီး သနားစရာေကာင္းတဲ့တိရစၧာန္ မ်ားကို ကူညီရန္အလြန္စိတ္အားထက္သန္သူျဖစ္ၿပီး ခုခ်ိန္မွာေတာ့ သူမMarleyလို့အမည္ေပးထားတဲ့ေျမေခြးမေလးဟာ က်န္းမာၿပီး လွပတဲ့ေျမေခြးမေလး အျဖစ္ေျပာင္းလဲသြားပါၿပီ။ Pauline မွာ ေလးႏွစ္သက္တမ္းရွိ Ernie လို့ေခၚတဲ့ ေခြးဘီလူး တစ္ေကာင္ လည္းရွိပါတယ္။အတူတူေနခဲ့စဥ္တစ္ေလၽွာက္မွာ Ernie ႏွင့္ Marley တို့ဟာ ခင္မင္ရင္းႏွီးမွုတိုးပြါးလာခဲ့ပါတယ္။

Marleyကို စေတြ႕တုန္းက သူမဟာ အလြန္ေနမေကာင္းျဖစ္ၿပီး သူမရဲ့ေဘးပတ္လည္မွာ ျခင္ႏွင့္ယင္ေကာင္မ်ား ဖုံးလႊမ္းထားေၾကာင္း Pauline က Kennedy News မွာေျပာျပခဲ့ပါတယ္။Pauline ဟာ ေျခာက္ပတ္လုံးလုံး Marley ကိုက်န္းမာေရးျပန္ေကာင္းေအာင္ မိခင္နို့ကိုေန႔ေရာညပါမိနစ္ ၉၀အၾကာ တိုက္ေကၽြးၿပီးျပဳစုေစာင့္ေရွာက္ခဲ့ပါတယ္။အခုေတာ့ေျမေခြးမေလးဟာ သန္မာၿပီး သူမရဲ့အနားမွာအေကာင္းဆုံးမိတ္ေဆြလည္းရွိေနပါၿပီ။ေျမေခြမေလး Marley ႏွင့္ Ernie ေခြးဘီလူး ဘယ္လိုဆက္ဆံမလဲဆိုတာကို Pauline ကစိုးရိမ္ခဲ့ပါတယ္။အစပိုင္းမွာေတာ့ Ernie ဟာ Marley ကိုအလြန္ေၾကာက္ရြံ့ခဲ့ၿပီး၊Ernieႏွင့္Marley ဟာ တျဖည္းျဖည္းနီးကပ္စြာအိပ္လာၿပီး သုံးပတ္ခန႔္ၾကာၿပီးေနာက္ သူတို့ဟာ အေကာင္းဆုံးသူငယ္ခ်င္းေတြျဖစ္လာခဲ့ပါတယ္။

သူတို့ဟာ အျမဲတမ္း တစ္ပူးတြဲတြဲရွိေနၾကၿပီး တစ္ေန႔လုံးအတူတူကစား၊ညတိုင္းအတူတူအိပ္၊ အတူတူလမ္းေလၽွာက္ၾကေၾကာင္း Pauline က The Kennedy Newsမွာေျပာျပခဲ့ပါတယ္။ေခြးေတြဟာ အျမဲတမ္းေျမေခြးေတြကို အမဲလိုက္ေလ့ရွိေပမဲ့ Ernieနဲ႔Marleyတို့ကေတာ့အေကာင္းဆုံးသူငယ္ခ်င္းေကာင္းေတြ ျဖစ္လာၾကပါတယ္။ဒါဟာတကယ္ “The Fox and TheHound “ဇာတ္ကားနဲ႔တူေနပါတယ္။ Ernie ဟာ ႐ုပ္ၾကမ္းေပမဲ့ Marleyနဲ႔ အတူရွိရင္ ႏူးညံ့သိမ္ေမြ႕ပါတယ္။အင္တာနက္ေပၚရွိလူအမ်ားဟာ လွပေသာခင္မင္ရင္းႏွီးမွုျဖစ္ေၾကာင္း ေျပာေနၾကပါတယ္။

Jasmine (Mckzone Daily)

Source: boredpanda

Unicode

အချို့သော Disney ရုပ်ရှင်များဟာ အဖြစ်မှန်နှင့် သိပ်မကွာလှပါဘူး။စွန့်ပစ်ခံရပြီး တုန်လှုပ်နေသောသားပေါက်လေး အား မြေခွေးကယ်ဆယ်ရေးစင်တာအဖွဲ့မတွေ့ခင် Pauline တို့ စုံတွဲကရှာဖွေတွေ့ရှိပြီး သူမနေအိမ်သို့ခေါ်ဆောင်လာခဲ့ပါတယ်။ Pauline ဟာ တိရိစ္ဆာန်များကိုကူညီရန် စိတ်အားထက်သန်သူအဖြစ် လူသိများပါတယ်။ Pauline ဟာ နှစ်ပတ်အရွယ်သာရှိတဲ့မြေခွေးမလေးရဲ့ကျန်းမာရေးပြန်လည်ကောင်းမွန်အောင်ပြုစုပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။Pauline ဟာ သူမ အိပ်မက်ကိုစွန့်လွတ်ပြီး သနားစရာကောင်းတဲ့တိရစ္ဆာန် များကို ကူညီရန်အလွန်စိတ်အားထက်သန်သူဖြစ်ပြီး ခုချိန်မှာတော့ သူမMarleyလို့အမည်ပေးထားတဲ့မြေခွေးမလေးဟာ ကျန်းမာပြီး လှပတဲ့မြေခွေးမလေး အဖြစ်ပြောင်းလဲသွားပါပြီ။ Pauline မှာ လေးနှစ်သက်တမ်းရှိ Ernie လို့ခေါ်တဲ့ ခွေးဘီလူး တစ်ကောင် လည်းရှိပါတယ်။အတူတူနေခဲ့စဉ်တစ်လျှောက်မှာ Ernie နှင့် Marley တို့ဟာ ခင်မင်ရင်းနှီးမှုတိုးပွါးလာခဲ့ပါတယ်။

Marleyကို စတွေ့တုန်းက သူမဟာ အလွန်နေမကောင်းဖြစ်ပြီး သူမရဲ့ဘေးပတ်လည်မှာ ခြင်နှင့်ယင်ကောင်များ ဖုံးလွှမ်းထားကြောင်း Pauline က Kennedy News မှာပြောပြခဲ့ပါတယ်။Pauline ဟာ ခြောက်ပတ်လုံးလုံး Marley ကိုကျန်းမာရေးပြန်ကောင်းအောင် မိခင်နို့ကိုနေ့ရောညပါမိနစ် ၉၀အကြာ တိုက်ကျွေးပြီးပြုစုစောင့်ရှောက်ခဲ့ပါတယ်။အခုတော့မြေခွေးမလေးဟာ သန်မာပြီး သူမရဲ့အနားမှာအကောင်းဆုံးမိတ်ဆွေလည်းရှိနေပါပြီ။မြေခွေမလေး Marley နှင့် Ernie ခွေးဘီလူး ဘယ်လိုဆက်ဆံမလဲဆိုတာကို Pauline ကစိုးရိမ်ခဲ့ပါတယ်။အစပိုင်းမှာတော့ Ernie ဟာ Marley ကိုအလွန်ကြောက်ရွံ့ခဲ့ပြီး၊Ernieနှင့်Marley ဟာ တဖြည်းဖြည်းနီးကပ်စွာအိပ်လာပြီး သုံးပတ်ခန့်ကြာပြီးနောက် သူတို့ဟာ အကောင်းဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။

သူတို့ဟာ အမြဲတမ်း တစ်ပူးတွဲတွဲရှိနေကြပြီး တစ်နေ့လုံးအတူတူကစား၊ညတိုင်းအတူတူအိပ်၊ အတူတူလမ်းလျှောက်ကြကြောင်း Pauline က The Kennedy Newsမှာပြောပြခဲ့ပါတယ်။ခွေးတွေဟာ အမြဲတမ်းမြေခွေးတွေကို အမဲလိုက်လေ့ရှိပေမဲ့ Ernieနဲ့Marleyတို့ကတော့အကောင်းဆုံးသူငယ်ချင်းကောင်းတွေ ဖြစ်လာကြပါတယ်။ဒါဟာတကယ် “The Fox and TheHound “ဇာတ်ကားနဲ့တူနေပါတယ်။ Ernie ဟာ ရုပ်ကြမ်းပေမဲ့ Marleyနဲ့ အတူရှိရင် နူးညံ့သိမ်မွေ့ပါတယ်။အင်တာနက်ပေါ်ရှိလူအများဟာ လှပသောခင်မင်ရင်းနှီးမှုဖြစ်ကြောင်း ပြောနေကြပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment