ၿမိဳ့ထဲရွိေျမာင္းပိတ္ဆို႔မႈေတြကို ေျဖရွင္းေပးၾကရၿပီး လူေတြရဲ့ရြံရွာမႈကိုပါ ခံေနရတဲ့ ေရဆိုးသန္႔ရွင္းေရးလုပ္သားမ်ား

ဘဂၤလားေဒ့ရ္ွနိုင္ငံရွိ ေရဆိုးသန႔္ရွင္းသူတို့ဟာ တစ္ကမၻာလုံးမွာ စက္ဆုပ္ရြံရွာဖြယ္အေကာင္းဆုံးႏွင့္ပုပ္သိုးေနေသာ အလုပ္မ်ားကိုလုပ္ၾကရၿပီး တခ်ိဳ့လူေတြကေတာ့ သူတို့ရဲ့တစ္ေန႔တာအလုပ္ေၾကာင့္ သူတို့ကိုရြံရွာၾကပါတယ္။ေရဆိုးသန႔္ရွင္းတဲ့အလုပ္ဟာတစ္လလၽွင္ေပါင္ ၃၀၀ (ေဒၚလာ ၃၉၀) ေအာက္သာရရွိသည္ဟု The Sun သတင္းစာကေဖာ္ျပထားပါတယ္။ Dhaka City Corporation ရဲ့ဝန္ထမ္းတစ္ဦးဟာ အဆိုပါလူေတြဟာ ကမၻာေပၚမွာလုပ္ကိုင္သူအနည္းဆုံးႏွင့္လူေတြအလိုလားအပ္ဆုံး အလုပ္ကိုလုပ္နိုင္ၾကေၾကာင္းဆိုထားပါတယ္။အထူးဝတ္စုံ သို့မဟုတ္ ေဘးကင္းလုံျခဳံမွုဆိုင္ရာပစၥည္းကိရိယာမ်ားမပါရွိဘဲ၊ ၎အမည္မေဖၚျပထားတဲ့ ေရဆိုးသန႔္ရွင္းေရးသမားမ်ားဟာ ေျမာင္း၊တြင္းေတြထဲရွိတဲ့အညစ္အေၾကးမ်ားကို ဖယ္ရွားရန္ နက္ရွိုင္းစြာဝင္ေရာက္သြားလာနိုင္ၾကပါတယ္။

တကယ္ေတာ့ ေရဆိုးသန႔္ရွင္းေရးသမားေတြဟာ ၁၄ သန္းေက်ာ္ေနထိုင္ေသာ ဘဂၤလားေဒ့ရ္ွၿမိဳ့ေတာ္ ရွိ ေရဆိုးပိတ္ဆို့မွုေတြကိုသူတို့လက္ေတြနဲ႔ တူးထုတ္ဖယ္ရွားၾကရပါတယ္။ေရဆိုးသန႔္ရွင္းေရးသမားေတြရဲ့ အလုပ္ဟာစက္ဆုပ္ရြံရွာဖြယ္ေကာင္းတယ္လို့ လူအမ်ားကထင္ျမင္ၾကေပမဲ့ မုန္တိုင္းႏွင့္မိုးသည္းထန္စြာရြာသြန္းမွုေၾကာင့္ဒါကာၿမိဳ့ရွိ ေျမာင္းပိတ္ဆို့မွု၊ေရလႊမ္းမိုးမွုေတြကို ကာကြယ္ရန္ သူတို့က ေရွ႕တန္းကေန ကူညီေပးၾကရပါတယ္။

Daily Mail ရဲ့အဆိုအရ ထိုကဲ့သို့ေသာအႏၲရာယ္ရွိတဲ့အလုပ္ေတြအတြက္ လုံေလာက္တဲ့ပစၥည္းကိရိယာမ်ားမရွိျခင္းဟာ ၿမိဳ့တြင္းရွိ ေရဆိုးသန႔္ရွင္းေရးအလုပ္သမားမ်ားအတြက္ စိုးရိမ္ဖြယ္ရာေသဆုံးမွုေတြ ျဖစ္ေစပါတယ္ဟု ေထာက္ျပထားပါတယ္။

Jasmine (Mckzone Daily)

Source: nextshark.

Unicode

ဘင်္ဂလားဒေ့ရ်ှနိုင်ငံရှိ ရေဆိုးသန့်ရှင်းသူတို့ဟာ တစ်ကမ္ဘာလုံးမှာ စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံးနှင့်ပုပ်သိုးနေသော အလုပ်များကိုလုပ်ကြရပြီး တချို့လူတွေကတော့ သူတို့ရဲ့တစ်နေ့တာအလုပ်ကြောင့် သူတို့ကိုရွံရှာကြပါတယ်။ရေဆိုးသန့်ရှင်းတဲ့အလုပ်ဟာတစ်လလျှင်ပေါင် ၃၀၀ (ဒေါ်လာ ၃၉၀) အောက်သာရရှိသည်ဟု The Sun သတင်းစာကဖော်ပြထားပါတယ်။ Dhaka City Corporation ရဲ့ဝန်ထမ်းတစ်ဦးဟာ အဆိုပါလူတွေဟာ ကမ္ဘာပေါ်မှာလုပ်ကိုင်သူအနည်းဆုံးနှင့်လူတွေအလိုလားအပ်ဆုံး အလုပ်ကိုလုပ်နိုင်ကြကြောင်းဆိုထားပါတယ်။အထူးဝတ်စုံ သို့မဟုတ် ဘေးကင်းလုံခြုံမှုဆိုင်ရာပစ္စည်းကိရိယာများမပါရှိဘဲ၊ ၎င်းအမည်မဖေါ်ပြထားတဲ့ ရေဆိုးသန့်ရှင်းရေးသမားများဟာ မြောင်း၊တွင်းတွေထဲရှိတဲ့အညစ်အကြေးများကို ဖယ်ရှားရန် နက်ရှိုင်းစွာဝင်ရောက်သွားလာနိုင်ကြပါတယ်။

တကယ်တော့ ရေဆိုးသန့်ရှင်းရေးသမားတွေဟာ ၁၄ သန်းကျော်နေထိုင်သော ဘင်္ဂလားဒေ့ရ်ှမြို့တော် ရှိ ရေဆိုးပိတ်ဆို့မှုတွေကိုသူတို့လက်တွေနဲ့ တူးထုတ်ဖယ်ရှားကြရပါတယ်။ရေဆိုးသန့်ရှင်းရေးသမားတွေရဲ့ အလုပ်ဟာစက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်လို့ လူအများကထင်မြင်ကြပေမဲ့ မုန်တိုင်းနှင့်မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဒါကာမြို့ရှိ မြောင်းပိတ်ဆို့မှု၊ရေလွှမ်းမိုးမှုတွေကို ကာကွယ်ရန် သူတို့က ရှေ့တန်းကနေ ကူညီပေးကြရပါတယ်။

1

Daily Mail ရဲ့အဆိုအရ ထိုကဲ့သို့သောအန္တရာယ်ရှိတဲ့အလုပ်တွေအတွက် လုံလောက်တဲ့ပစ္စည်းကိရိယာများမရှိခြင်းဟာ မြို့တွင်းရှိ ရေဆိုးသန့်ရှင်းရေးအလုပ်သမားများအတွက် စိုးရိမ်ဖွယ်ရာသေဆုံးမှုတွေ ဖြစ်စေပါတယ်ဟု ထောက်ပြထားပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment