ဆိုင်မှာလက်သည်းအလှပြုပြင်ရင်းရောဂါကူးခဲ့လို့ လက်တစ်ခုလုံးဖြတ်ပစ်ရမယ့်အခြေအနေနှင့်ကြုံခဲ့ရတဲ့ အမျိုးသမီး

အမေရိကန်နိုင်ငံ Tennessee ပြည်နယ်မှာနေထိုင်တဲ့ အမျိုးသမီးကြီးတစ်ဦးမှာ အလှပြင်ဆိုင်မှာလက်သည်းအလှပြုပြင်နေတုန်း သူမလက်ထဲကိုအသားစတွေစားသုံးတဲ့ ဘတ်တီရီးယားပိုးမွှား ဝင်ရောက်ခဲ့သောကြောင် သူမလက်မောင်းတစ်ခုလုံးကို ဖြတ်ထုတ်ပစ်ရမည့်အခြေအနေသို့ ရောက်ရှိခဲ့ရပါတယ် ။ ဒီနှစ်အစောပိုင်းမှာ Jayne Sharp အမည်ရှိတဲ့အဆိုပါအမျိုးသမီးဟာ Jazzy Nail Bar ဆိုတဲ့လက်သည်းအလှပြုပြင်ဆိုင်မှာ လက်သည်းသွားလုပ်တုန်းက အနည်းငယ်ပျက်ရှဒဏ်ရာအသေးလေး ရရှိခဲ့ပါတယ် ။ သူမအိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ သူမရဲ့လက်မဟာ တဆစ်ဆစ်နာကျင်ကိုက်ခဲ့လာခဲ့ပြီး မကြာခင်မှာပဲ သူမရဲ့လက်မဟာအလွန့်အလွန် ရောင်ကိုင်လာပါတော့တယ် ။ သူမဟာ အစပိုင်းမှာတော့ တုပ်ကွေးမိနေတာလို့ ထင်ခဲ့ပေမဲ့လည်း ညဖက်အိပ်လို့မရတဲ့အထိကို ကိုက်ခဲနေခဲ့ပါတယ် ။ ထို့ကြောင့် နောက်တစ်ရက်မှာတော့ သူမအရေးပေါ်ဆေးကုသဆောင်သို့သွားရောက်ခဲ့ပြီး စစ်ဆေးခဲ့ချိန်မှာတော့ အသားစတွေကိုစားသောက်တဲ့ရောဂါဖြစ်တဲ့ Necrotiding Fasciitis (NF) လို့ခေါ်တဲ့ရောဂါတစ်မျိုး ကူးစက်ခံခဲ့ရတာဖြစ်ကြောင်းရှာဖွေတွေ့ရှိခဲ့ပါတယ် ။ အဆိုပါရောဂါမျိုးဟာ အတော်လေးကိုရှားပါးပြီး အလွန့်အလွန်ကိုအန္တရာယ်ကြီးမားလွန်းလှတဲ့ရောဂါမျိုးလည်း ဖြစ်ကြောင်းသိရှိရပါတယ် ။

အဆိုပါကူးစက်ရောဂါမျိုးဟာ ပွန်းပဲဒဏ်ရာများ ၊ ပြတ်ရှဒဏ်ရာတို့မှ တစ်ဆင့်ဘတ်တီးရီးယားရောဂါပိုးများ ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်ပါတယ် ။ ၎င်းဘတ်တီးရီးယားပိုးမွှားများဟာ ခန္ဓာကိုယ်အတွင်းရှိအသားစတစ်ရှူးလွှာများကို ပျက်ဆီးစေပြီး ဒဏ်ရာဝန်းကျင်တစ်လျှောက် သွေးလည်ပတ်မှုကို ပြတ်တောက်စေခြင်းမျိုးဖြစ်ပေါ်စေပါတယ် ။ အဆိပ်များကလည်း ပြင်းထန်လွန်းလှတဲ့အတွက် ခန္ဓာကိုယ်၏အခြားသောအစိတ်အပိုင်းမှာသို့ အလွယ်တကူ ကူးစက်ပျံ့နှံစေပါတယ် ။ အလျင်အမြန်ဖယ်ရှားပြီး ခွဲစိတ်ကုသမှုမပြုလုပ်နိုင်ရင်တော့ အသက်သေဆုံးနိုင်တဲ့အခြေအနေမျိုးနှင့်လည်း ကြုံတွေ့ရနိုင်ပါတယ် ။ တစ်ခါတစ်ရံမှာတော့ အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းများထံသို့ ရောဂါကူးစက်ပျံ့နှံခြင်းကို ရပ်တန့်ပစ်နိုင်ရန်အတွက် ဒဏ်ရာရရှိထားသောအစိတ်အပိုင်းများကို ဖြတ်တောက်ပစ်ဖို့လိုအပ်ကြောင်းလည်း သိရှိရပါတယ် ။

Jayne မှာ ဆီချိုရောဂါကလည်း ရှိနေခဲ့တဲ့အတွက် Necrotising Fasciitis ရောဂါပျံနှံ့ဖို့ပိုမို လွယ်ကူခဲ့ကြောင်းလည်း သိရှိရပါတယ် ။ Jayne ၏ပြောပြချက်အရ ” ဆရာဝန်က ကျွန်မသမီးကိုပြောတယ် ၊ နင့်အမေရဲ့ အသက်ကိုလည်းဆုံးရှုံးသွားနိုင်တယ် ၊ ဘာလို့လည်းဆိုတော့ သူမရဲ့လက်မောင်းကိုတောင် ဆုံးရှုံးနိုင်လို့ပါ ” ဆိုပြီးပြောပြခဲ့ပါတယ် ။

ထို့အပြင် ” ကျွန်မရဲ့ဘဝက လုံးဝအလှည့်အပြောင်းဖြစ်သွားနိုင်လို့ပါ ၊ သူတို့က ကျွန်မကို အသားစစားသောက်တဲ့ဘတ်တီးရီးယားဆိုပြီး ပြောပြလိုက်တဲ့အချိန်မှာ ကျွန်မလည်းအဲ့လိုကူးစက်ရောဂါမျိုးတစ်ခါမှ မကြားဖူးလို့လေ ” ဆိုပြီးသူမက ထပ်လောင်းပြောဆိုသွားပါတယ် ။ ရောဂါအမျိုးအမည်ရှာဖွေတွေ့ရှိခဲ့ပြီးနောက်မှာတော့ Jayne ဟာ သူမရဲ့လက်မအနားမှ ကူးစက်ရောဂါခံစားနေရတဲ့ အသားလွှာကိုခွဲထုတ်ဖို့ အကြိမ်ပေါင်းများစွာခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ် ။ ပြန်လည် နလန်ထူနိုင်ခဲ့ပေမဲ့ သူမရဲ့လက်ဟာ အတော်လေးထုံထိုင်းနေခဲ့ပြီး နေ့စဉ်နေ့တိုင်းလှုပ်ရှားဖို့အတွက်တောင် အတော်လေးခက်ခဲနေကြောင်း သိရှိရပါတယ် ။

ထို့အပြင် Jayne သွားရောက်ပြုပြင်ခဲ့တဲ့ လက်သည်းအလှပြုပြင်ဆိုင်ကလည်း သူမရဲ့တိုင်ကြားချက်များကိုကြားသိရပြီးနောက် ပစ္စည်းများကိုစစ်ဆေးမှုများကိုပြုလုပ်ခဲ့ပေမဲ့လည်း မည်သည့်ပြသာနာမျိုးမှရှာဖွေတွေ့ရှိခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "ဆိုင်မှာလက်သည်းအလှပြုပြင်ရင်းရောဂါကူးခဲ့လို့ လက်တစ်ခုလုံးဖြတ်ပစ်ရမယ့်အခြေအနေနှင့်ကြုံခဲ့ရတဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*