လံုးဝမေရာင္းရတဲ့ အဘိုးအဘြားရဲ႕လမ္းေဘးထမင္းဆိုင္ကို လူႀကိတ္ႀကိတ္တိုးေအာင္ ကူညီေပးခဲ့တဲ့ YouTuber (႐ုပ္သံ)

အိႏၵိယႏိုင္ငံ South Delhi ေဒသမွာ ေနထိုင္လ်က္႐ွိတဲ့ အဘိုးအဘြားႏွစ္ဦးဟာ social media ရဲ႕ အကူအညီနဲ႔ 24 နာရီအတြင္း အေတာ္ေလးကို နာမည္ႀကီးလူသိမ်ားလာခဲ့ပါတယ္ ။ Baba Ka Dhaba အမည္႐ွိတဲ့ ထမင္းဆိုင္ပိုင္႐ွင္ အသက္ 80 အရြယ္ Kanda Prasad အမည္႐ွိတဲ့ အဘိုးအိုရဲ႕အေၾကာင္းကို Swad အမည္႐ွိတဲ့ YouTube channel တစ္ခုက ေဝမ်ွေပးခဲ့ပါတယ္ ။ Video ထဲမွာေတာ့ ထမင္းဆိုင္မွာေရာင္းခ်ဖို႔ ဟင္းေတြ အမယ္စံုအဆင္သင့္႐ွိေနပါၿပီ ။ YouTuber က တစ္ရက္ကိုေငြဘယ္ေလာက္ထိေရာင္းရလဲဆိုၿပီး အဘိုးအိုကိုေမးျမန္းခဲ့ခ်ိန္မွာေတာ့ မနက္ 6နာရီအခ်ိန္ကတည္းက ဆိုင္ကိုစဖြင့္ခဲ့ေပမဲ့လည္း 10 ယူပီ ($0.14) သာေရာင္းခ်ရၿပီး တစ္ခါးမွ 80 ယူပီ ($1.10) အထိ ပိုၿပီးေရာင္းခ်ရတာမ်ိဳးမ႐ွိေၾကာင္း ေျဖၾကားခဲ့ပါတယ္ ။ Lockdown ခ်ၿပီးကတည္းက ဘဝဟာ ပိုၿပီးခက္ခဲခဲ့ရတာျဖစ္ၿပီး မ်က္ရည္စီးက်ေနရင္းနဲ႔ အဘိုးအိုကေျဖၾကားခဲ့ပါတယ္ ။

Video ႐ိုက္ယူခဲ့တဲ့ အမ်ိဳးသားကလည္း စီးပြားေရးျပန္လည္အဆင္ေျပေအာင္ ကူညီေပးပါ့မယ္ဆိုၿပီး အဘိုးအိုကိုကတိေပးခဲ့ပါတယ္ ။ Social media ရဲ႕ အစြမ္းေတြေၾကာင့္ အဆိုပါ video ကိုၾကည့္႐ႈသူ 900,000 အထိ ႐ွိခဲ့ၿပီး ၊ လူအေတာ္အမ်ားကလည္း အဘိုးအိုရဲ႕ဆိုင္သို႔ ခ်က္ခ်င္းဆိုသလို လာေရာက္အားေပးခဲ့ပါတယ္ ။ ၾကာသပေတးေန႔ မနက္ခင္းမွာေတာ့ ဆိုင္ေ႐ွ႕မွာ လူေပါင္းအေယာက္ 70 ေလာက္ တန္းစီေစာင့္ေနတာကို အံ့ၾသဖြယ္ေတြ႔႐ွိခဲ့ရၿပီး အမ်ားစုမွာ ေကာလိပ္ေက်ာင္းသား ၊ အလုပ္သမားမ်ား ၊ အစိုးရဝန္ထမ္းမ်ား ႏွင့္ စီးပြား႐ွင္ႀကီးမ်ားျဖစ္ေၾကာင္း အဆိုပါေန႔က ေန႔ခင္း 12:30 အခ်ိန္မွာ ဟင္းေတြအကုန္ေရာင္းခ်ခဲ့ရေၾကာင္း အဘိုးအိုကေျပာျပခဲ့ပါတယ္ ။

အိမ္နီးခ်င္းေတြက Twitter မွာ အေတာ္ေလးနာမည္ႀကီးေနတဲ့ Baba Ka Dhaba ထမင္းဆိုင္အေၾကာင္းကိုလာျပမွ အဘိုးအိုကအျဖစ္အပ်က္အလံုးစံုကို သိ႐ွိခဲ့ရတာျဖစ္ၿပီး ၊ နာမည္ႀကီးအႏုပညာ႐ွင္ေတြေတာင္ အဘိုးအိုငိုေႂကြးေနတဲ့ video ကို ၎တို႔ရဲ႕ Twitter မွာ share ခဲ့ၾကေသးေၾကာင္း သိ႐ွိရပါတယ္ ။ အဘိုးအိုရဲ႕သားျဖစ္သူေျပာျပခ်က္အရ အရင္ခ်ိန္တုန္းက ထမင္းပြဲ 20 ခန္႔ပံုမွန္ေရာင္းခ်ခဲ့ရေပမဲ့ ေရာဂါေၾကာင့္ lockdown ခ်ျပီးေနာက္ပိုင္း စီးပြားေရးအေတာ္ဆိုးရြားသြားခဲ့ၿပီး စားစရာမ်ားေရာင္းမကုန္ပါက အိမ္သို႔သယ္ျပန္ကာ စားေသာက္ခဲ့ရၿပီး ၊ အိမ္နီးခ်င္းေတြကိုပါ ေဝစားခဲ့ရေၾကာင္း ႏွင့္ ယခုလိုအျဖစ္မ်ိဳးဟာမယံုႏိုင္ေလာက္ ကံေကာင္းမႈႀကီးျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: nextshark

Unicode

အိန္ဒိယနိုင်ငံ South Delhi ဒေသမှာ နေထိုင်လျက်ရှိတဲ့ အဘိုးအဘွားနှစ်ဦးဟာ social media ရဲ့ အကူအညီနဲ့ 24 နာရီအတွင်း အတော်လေးကို နာမည်ကြီးလူသိများလာခဲ့ပါတယ် ။ Baba Ka Dhaba အမည်ရှိတဲ့ ထမင်းဆိုင်ပိုင်ရှင် အသက် 80 အရွယ် Kanda Prasad အမည်ရှိတဲ့ အဘိုးအိုရဲ့အကြောင်းကို Swad အမည်ရှိတဲ့ YouTube channel တစ်ခုက ဝေမျှပေးခဲ့ပါတယ် ။ Video ထဲမှာတော့ ထမင်းဆိုင်မှာရောင်းချဖို့ ဟင်းတွေ အမယ်စုံအဆင်သင့်ရှိနေပါပြီ ။ YouTuber က တစ်ရက်ကိုငွေဘယ်လောက်ထိရောင်းရလဲဆိုပြီး အဘိုးအိုကိုမေးမြန်းခဲ့ချိန်မှာတော့ မနက် 6နာရီအချိန်ကတည်းက ဆိုင်ကိုစဖွင့်ခဲ့ပေမဲ့လည်း 10 ယူပီ ($0.14) သာရောင်းချရပြီး တစ်ခါးမှ 80 ယူပီ ($1.10) အထိ ပိုပြီးရောင်းချရတာမျိုးမရှိကြောင်း ဖြေကြားခဲ့ပါတယ် ။ Lockdown ချပြီးကတည်းက ဘဝဟာ ပိုပြီးခက်ခဲခဲ့ရတာဖြစ်ပြီး မျက်ရည်စီးကျနေရင်းနဲ့ အဘိုးအိုကဖြေကြားခဲ့ပါတယ် ။

Video ရိုက်ယူခဲ့တဲ့ အမျိုးသားကလည်း စီးပွားရေးပြန်လည်အဆင်ပြေအောင် ကူညီပေးပါ့မယ်ဆိုပြီး အဘိုးအိုကိုကတိပေးခဲ့ပါတယ် ။ Social media ရဲ့ အစွမ်းတွေကြောင့် အဆိုပါ video ကိုကြည့်ရှုသူ 900,000 အထိ ရှိခဲ့ပြီး ၊ လူအတော်အများကလည်း အဘိုးအိုရဲ့ဆိုင်သို့ ချက်ချင်းဆိုသလို လာရောက်အားပေးခဲ့ပါတယ် ။ ကြာသပတေးနေ့ မနက်ခင်းမှာတော့ ဆိုင်ရှေ့မှာ လူပေါင်းအယောက် 70 လောက် တန်းစီစောင့်နေတာကို အံ့သြဖွယ်တွေ့ရှိခဲ့ရပြီး အများစုမှာ ကောလိပ်ကျောင်းသား ၊ အလုပ်သမားများ ၊ အစိုးရဝန်ထမ်းများ နှင့် စီးပွားရှင်ကြီးများဖြစ်ကြောင်း အဆိုပါနေ့က နေ့ခင်း 12:30 အချိန်မှာ ဟင်းတွေအကုန်ရောင်းချခဲ့ရကြောင်း အဘိုးအိုကပြောပြခဲ့ပါတယ် ။

အိမ်နီးချင်းတွေက Twitter မှာ အတော်လေးနာမည်ကြီးနေတဲ့ Baba Ka Dhaba ထမင်းဆိုင်အကြောင်းကိုလာပြမှ အဘိုးအိုကအဖြစ်အပျက်အလုံးစုံကို သိရှိခဲ့ရတာဖြစ်ပြီး ၊ နာမည်ကြီးအနုပညာရှင်တွေတောင် အဘိုးအိုငိုကြွေးနေတဲ့ video ကို ၎င်းတို့ရဲ့ Twitter မှာ share ခဲ့ကြသေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment