ေရာင္စံုခဲတံေတြကိုသာအသံုးျပဳၿပီး အသက္ဝင္လြန္းတဲ့ပံုတူပန္းခ်ီေတြကို ေရးဆြဲျပခဲ့သူ

Shaun Mckenzie အမည္႐ွိတဲ့ ပန္းခ်ီပညာ႐ွင္ဟာ ေရာင္စံုခဲတံေတြကိုသာအသံုးျပဳၿပီး တကယ့္အစစ္အမွန္အတိုင္း အသက္ဝင္လြန္းတဲ့ပံုတူပန္းခ်ီေတြကို ေရးဆြဲျပခဲ့ပါတယ္ ။ Social media ေပၚမွာေတာ့ Neeyellow Art ဆိုတဲ့အမည္နဲ႔လူသိမ်ားၿပီး follower အမ်ားအျပားရ႐ွိထားသူလည္းျဖစ္ပါတယ္ ။ Shaun ဟာ ပံုမွန္အားျဖင့္ နာမည္ႀကီးအႏုပညာ႐ွင္ေတြ နဲ႔ youtuber ေတြရဲ႕ပံုတူကိုသာေရးဆြဲေလ့႐ွိၿပီး ၊ ပန္းခ်ီတစ္ခ်ပ္ကို နာရီေပါင္း 60 ဒါမွမဟုတ္ 80 အထိ ၾကာျမင့္ေလ့႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ သူ႔ရဲ႕ပံုတူပန္းခ်ီေတြက ဓာတ္ပံုနဲ႔ေတာင္ဆင္တူလြန္းလို႔ လူအေတာ္အမ်ားက မယံုႏိုင္ေအာင္ျဖစ္ခဲ့ၾကပါတယ္ ။ ‘ ကြၽန္ေတာ္ငယ္ငယ္ကတည္းက ပံုဆြဲပါတယ္ ၊ ႏွစ္အနည္းငယ္ၾကာလာေတာ့ drawing Harry Potter ဆိုတဲ့ video တစ္ခုကိုျမင္ခဲ့ၿပီးေနာက္ ငါလည္းလိုက္လုပ္ႏိုင္ရမယ္ဆိုၿပီး စိတ္ဓာတ္ေတြတက္ႂကြလာခဲ့ပါတယ္ ၊ ႏွစ္အေတာ္ၾကာ အ႐ႈံးေတြနဲ႔ရင္ဆိုင္ခဲ့ရေပမဲ့လည္း ေနာက္ဆံုးေတာ့ ကြၽန္ေတာ့္ရည္မွန္းခ်က္ပန္းတိုင္ကို အေရာက္သြားႏိုင္ခဲ့ပါၿပီ ‘ ဆိုၿပီး Shaun ကေျပာျပခဲ့ပါတယ္ ။ ဒါေၾကာင့္ စာဖတ္သူေတြလည္း Shaun ရဲ႕ ပန္းခ်ီလက္ရာေတြကို အကဲခတ္ေဝဖန္ႏိုင္ေအာင္ ပန္းခ်ီပံုတူေတြကို ေဝမ်ွေပးလိုက္ပါတယ္ေနာ္ ။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

Jasmine (Mckzone Daily)

Source: boredpanda

Unicode

Shaun Mckenzie အမည်ရှိတဲ့ ပန်းချီပညာရှင်ဟာ ရောင်စုံခဲတံတွေကိုသာအသုံးပြုပြီး တကယ့်အစစ်အမှန်အတိုင်း အသက်ဝင်လွန်းတဲ့ပုံတူပန်းချီတွေကို ရေးဆွဲပြခဲ့ပါတယ် ။ Social media ပေါ်မှာတော့ Neeyellow Art ဆိုတဲ့အမည်နဲ့လူသိများပြီး follower အများအပြားရရှိထားသူလည်းဖြစ်ပါတယ် ။ Shaun ဟာ ပုံမှန်အားဖြင့် နာမည်ကြီးအနုပညာရှင်တွေ နဲ့ youtuber တွေရဲ့ပုံတူကိုသာရေးဆွဲလေ့ရှိပြီး ၊ ပန်းချီတစ်ချပ်ကို နာရီပေါင်း 60 ဒါမှမဟုတ် 80 အထိ ကြာမြင့်လေ့ရှိကြောင်း သိရှိရပါတယ် ။ သူ့ရဲ့ပုံတူပန်းချီတွေက ဓာတ်ပုံနဲ့တောင်ဆင်တူလွန်းလို့ လူအတော်အများက မယုံနိုင်အောင်ဖြစ်ခဲ့ကြပါတယ် ။ ‘ ကျွန်တော်ငယ်ငယ်ကတည်းက ပုံဆွဲပါတယ် ၊ နှစ်အနည်းငယ်ကြာလာတော့ drawing Harry Potter ဆိုတဲ့ video တစ်ခုကိုမြင်ခဲ့ပြီးနောက် ငါလည်းလိုက်လုပ်နိုင်ရမယ်ဆိုပြီး စိတ်ဓာတ်တွေတက်ကြွလာခဲ့ပါတယ် ၊ နှစ်အတော်ကြာ အရှုံးတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့လည်း နောက်ဆုံးတော့ ကျွန်တော့်ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားနိုင်ခဲ့ပါပြီ ‘ ဆိုပြီး Shaun ကပြောပြခဲ့ပါတယ် ။ ဒါကြောင့် စာဖတ်သူတွေလည်း Shaun ရဲ့ ပန်းချီလက်ရာတွေကို အကဲခတ်ဝေဖန်နိုင်အောင် ပန်းချီပုံတူတွေကို ဝေမျှပေးလိုက်ပါတယ်နော် ။

Jasmine (Mckzone Daily)

  • Leave a Comment