တ႐ုတ္နိုင္ငံရွိ ပုဂၢလိကေဆး႐ုံႀကီးေတြဟာ အမ်ိဳးသားက်န္းမာေရးဆိုင္ရာ အေရျပားလွီးျဖတ္ျခင္းကို ဂိမ္းကစားျခင္းျဖင့္ ေလ်ာ့ေစ်းေပးခဲ့

တ႐ုတ္နိုင္ငံရွိ ပုဂၢလိကေဆး႐ုံႀကီး၃ခုဟာ အမ်ိဳးသားက်န္းမာေရးဆိုင္ရာ အမ်ိဳးသားအေရျပားလွီးျဖတ္ျခင္းအတြက္ လူႀကိဳက္မ်ားတဲ့ဂိမ္းတစ္ခုျဖစ္တဲ့”King of Glory”ဂိမ္းကို ကစားေစၿပီး ရမွတ္အမွတ္ျမင့္တဲ့ လူနာမ်ားကို ေလ်ာ့ေစ်းေပးကာ ခြဲစိတ္ကုသေပးေၾကာင္း ေၾကာ္ျငာထားပါတယ္။အဆိုပါ အထူးေလ်ာ့ေစ်းအစီအစဥ္ကို တ႐ုတ္ေႏြရာသီ ႏွစ္လအားလပ္ရက္အတြင္း စတင္လုပ္ေဆာင္ခဲ့ၾကေၾကာင္း တ႐ုတ္မီဒီယာ KK Newsအရ ၾကားသိရပါတယ္။Guangxiရွိ Guigang Wuzhou Hospital ၊ChangqingရွိJiangjin Ren’ai Hospitalႏွင့္ Mongoliaအတြင္းရွိ Baotou Jiuzhou Urology Hospital တို့က အဆိုပါအထူးေလ်ာ့ေစ်းကို ျပဳလုပ္ခဲ့ေၾကာင္း Daily Mail သတင္းအရ သိရပါတယ္။”Silver”အဆင့္ရွိေရာက္ရွိသူေတြက ယြမ္၂၀၀(ေဒၚလာ ၃၀ခန္႔)ေလ်ာ့ေစ်းရရွိမွာျဖစ္ၿပီး “King”အဆင့္ေရာက္ရွိသူေတြအတြက္ကေတာ့ အခမဲ့ ခြဲစိတ္ကုသမွု ခံယူနိုင္ေၾကာင္း ေဆး႐ုံပုဂၢလိက အႀကီးအကဲမ်ားက ဆိုထားပါတယ္။ပုံမွန္အားျဖင့္ တ႐ုတ္နိုင္ငံမွာ အမ်ိဳးသားအေရျပားလွီးျဖတ္ျခင္းရဲ့ ကုန္က်စရိတ္မွာ ယြမ္ ၁၀၀၀(ေဒၚလာ၁၅၁)ခန္႔ရွိပါတယ္။

ပုံထဲမွာေတာ့ ေကာင္ေလးတစ္ဦးဟာ အဆိုပါဂိမ္းကို ေဆာ့ရင္း ခြဲစိတ္ကုသမွုခံယူေနတဲ့ပုံကို ေတြ႕ရမွာပါ။ေျပာခ်င္တာက နာက်င္မွုဒဏ္ကို ေလ်ာ့က်သြားေစရန္ ရည္ရြယ္တဲ့ နည္းလမ္းလို့ ထင္ပါတယ္။လူေတြက အစပိုင္းေတာ့ အဆိုပါ ပုံထဲရွိ Baotou Jiuzhou Urology ေဆး႐ုံဟာ ကေလးအား ခြဲစိတ္ကုသမွုကို အာ႐ုံမေရာက္ေအာင္သာ ဂိမ္းကို အသုံးျပဳေစေၾကာင္း ထင္ခဲ့ၾကပါတယ္။ဒါေပမဲ့ ေလ်ာ့ေစ်းက အမွန္တကယ္ စတင္ျပဳလုပ္ခဲ့ေၾကာင္းကို Baotou Jiuzhou Urology ေဆး႐ုံက သူတို့ရဲ့ WeChat appမွာ တရားဝင္မၽွေဝခဲ့ပါတယ္။အဆိုပါ ေလ်ာ့ေစ်းကို ေဆး႐ုံႀကီး၃ခုမွာ တကယ္ရရွိနိုင္မလားဆိုတာကိုေတာ့ ေသခ်ာမသိရွိခဲ့ရပါဘူး။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံရှိ ပုဂ္ဂလိကဆေးရုံကြီး၃ခုဟာ အမျိုးသားကျန်းမာရေးဆိုင်ရာ အမျိုးသားအရေပြားလှီးဖြတ်ခြင်းအတွက် လူကြိုက်များတဲ့ဂိမ်းတစ်ခုဖြစ်တဲ့”King of Glory”ဂိမ်းကို ကစားစေပြီး ရမှတ်အမှတ်မြင့်တဲ့ လူနာများကို လျော့ဈေးပေးကာ ခွဲစိတ်ကုသပေးကြောင်း ကြော်ငြာထားပါတယ်။အဆိုပါ အထူးလျော့ဈေးအစီအစဉ်ကို တရုတ်နွေရာသီ နှစ်လအားလပ်ရက်အတွင်း စတင်လုပ်ဆောင်ခဲ့ကြကြောင်း တရုတ်မီဒီယာ KK Newsအရ ကြားသိရပါတယ်။Guangxiရှိ Guigang Wuzhou Hospital ၊ChangqingရှိJiangjin Ren’ai Hospitalနှင့် Mongoliaအတွင်းရှိ Baotou Jiuzhou Urology Hospital တို့က အဆိုပါအထူးလျော့ဈေးကို ပြုလုပ်ခဲ့ကြောင်း Daily Mail သတင်းအရ သိရပါတယ်။”Silver”အဆင့်ရှိရောက်ရှိသူတွေက ယွမ်၂၀၀(ဒေါ်လာ ၃၀ခန့်)လျော့ဈေးရရှိမှာဖြစ်ပြီး “King”အဆင့်ရောက်ရှိသူတွေအတွက်ကတော့ အခမဲ့ ခွဲစိတ်ကုသမှု ခံယူနိုင်ကြောင်း ဆေးရုံပုဂ္ဂလိက အကြီးအကဲများက ဆိုထားပါတယ်။ပုံမှန်အားဖြင့် တရုတ်နိုင်ငံမှာ အမျိုးသားအရေပြားလှီးဖြတ်ခြင်းရဲ့ ကုန်ကျစရိတ်မှာ ယွမ် ၁၀၀၀(ဒေါ်လာ၁၅၁)ခန့်ရှိပါတယ်။

ပုံထဲမှာတော့ ကောင်လေးတစ်ဦးဟာ အဆိုပါဂိမ်းကို ဆော့ရင်း ခွဲစိတ်ကုသမှုခံယူနေတဲ့ပုံကို တွေ့ရမှာပါ။ပြောချင်တာက နာကျင်မှုဒဏ်ကို လျော့ကျသွားစေရန် ရည်ရွယ်တဲ့ နည်းလမ်းလို့ ထင်ပါတယ်။လူတွေက အစပိုင်းတော့ အဆိုပါ ပုံထဲရှိ Baotou Jiuzhou Urology ဆေးရုံဟာ ကလေးအား ခွဲစိတ်ကုသမှုကို အာရုံမရောက်အောင်သာ ဂိမ်းကို အသုံးပြုစေကြောင်း ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ လျော့ဈေးက အမှန်တကယ် စတင်ပြုလုပ်ခဲ့ကြောင်းကို Baotou Jiuzhou Urology ဆေးရုံက သူတို့ရဲ့ WeChat appမှာ တရားဝင်မျှဝေခဲ့ပါတယ်။အဆိုပါ လျော့ဈေးကို ဆေးရုံကြီး၃ခုမှာ တကယ်ရရှိနိုင်မလားဆိုတာကိုတော့ သေချာမသိရှိခဲ့ရပါဘူး။

Jasmine (Mckzone Daily)

  • Leave a Comment