ေလွငယ္ေလး နစ္ျမဳပ္သြားလို႔ ပင္လယ္ထဲေမ်ာပါေနသူကို ငါးဖမ္းသမားမ်ားက ကယ္တင္ေပးခဲ့တဲ့အျဖစ္ (႐ုပ္သံ)

အခ်ိဳ႕ေသာသူေတြက ပင္လယ္ထဲသြားရင္ေတာင္ အသက္ကယ္အက်ႌေတြဝတ္ဆင္ေလ့မ႐ွိၾကပါဘူး ။ SZ အမည္နဲ႔ Twitter အသံုးျပဳသူတစ္ေယာက္က မေလး႐ွားႏိုင္ငံ Selangar ျပည္နယ္မွာ႐ွိတဲ့ BatuLaut ပင္လယ္အတြင္း ေလွငယ္ေလးနစ္ျမဳပ္သြားလို႔ အမ်ိဳးသားတစ္ဦးအား ကယ္တင္ခဲ့တဲ့ video ကိုေဝမ်ွခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာ 8 ရက္ေန႔ကျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ အဆိုပါအမ်ိဳးသားရဲ႕ဖခင္ျဖစ္သူကိုေတာ့ ႐ွာေဖြေတြ႔႐ွိျခင္းမ႐ွိေသးေၾကာင္း သိ႐ွိရပါတယ္ ။ SZ က ‘ အသက္ကယ္အက်ႌကိုအျမဲဝတ္ဆင္ပါ ပင္လယ္သမုဒၵရာထဲကိုေရာက္မွ မဟုတ္ပါဘူး ၊ ျမစ္ေခ်ာင္းေတြ ၊ ေရကန္ႀကီးေတြထဲမွာဆိုရင္လည္း ဝတ္ဆင္သင့္ပါတယ္ ၊ ငါးသြားဖမ္းတာ ဒါမွမဟုတ္ အားလပ္ခ်ိန္ေလွစီးၿပီး အပန္းေျဖၾကတာပဲျဖစ္ျဖစ္ လံုျခံဳစိတ္ခ်မႈကို ဦးစားေပးရမွာပါ ‘ ဆိုၿပီး ေရးသားထားခဲ့ပါတယ္ ။

Video ထဲမွာေတာ့ အဆိုပါအမ်ိဳးသားဟာ ေရေပၚမွာ ေပါေလာေပၚေနတဲ့အရာတစ္ခုကို ကိုင္ဆြဲထားခဲ့တာျဖစ္ၿပီး ၊ ကယ္ဆယ္ေရးသမားေတြက သူ႔အားေလွေပၚ ဆြဲတင္ေပးခဲ့တာျဖစ္ပါတယ္ ။ ထိုအခ်ိန္မွ အဆိုပါအမ်ိဳးသားက ‘ ကြၽန္ေတာ့္အေဖ ေရနစ္သြားၿပီ ‘ ဆိုၿပီး ေျပာဆိုေနခဲ့တဲ့အသံကို video ထဲမွာၾကားမိမွာပါ ။ ေလွငယ္ေလးက မနက္ပိုင္း 10 နာရီအခ်ိန္ခန္႔မွာ နစ္ျမဳပ္ခဲ့တာျဖစ္ၿပီး ၊ ညေန 4နာရီအခ်ိန္ခန္႔မွ ကယ္ဆယ္ျခင္းခံခဲ့ရတာပါ ။ ယခုအခ်ိန္ကာလက ကူးစက္ေရာဂါအေျခအေနေတြေၾကာင့္ လူအေတာ္မ်ားမ်ားဟာ ပင္လယ္ထဲသို႔အလည္ထြက္ျခင္းမ႐ွိေတာ့လို႔ေတြ႔႐ွိၿပီး ကယ္ဆယ္မဲ့သူမ႐ွိဘဲ ပိုၿပီးဒုကၡေရာက္ခဲ့ရတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အချို့သောသူတွေက ပင်လယ်ထဲသွားရင်တောင် အသက်ကယ်အင်္ကျီတွေဝတ်ဆင်လေ့မရှိကြပါဘူး ။ SZ အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်က မလေးရှားနိုင်ငံ Selangar ပြည်နယ်မှာရှိတဲ့ BatuLaut ပင်လယ်အတွင်း လှေငယ်လေးနစ်မြုပ်သွားလို့ အမျိုးသားတစ်ဦးအား ကယ်တင်ခဲ့တဲ့ video ကိုဝေမျှခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ 8 ရက်နေ့ကဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ အဆိုပါအမျိုးသားရဲ့ဖခင်ဖြစ်သူကိုတော့ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရှိရပါတယ် ။ SZ က ‘ အသက်ကယ်အင်္ကျီကိုအမြဲဝတ်ဆင်ပါ ပင်လယ်သမုဒ္ဒရာထဲကိုရောက်မှ မဟုတ်ပါဘူး ၊ မြစ်ချောင်းတွေ ၊ ရေကန်ကြီးတွေထဲမှာဆိုရင်လည်း ဝတ်ဆင်သင့်ပါတယ် ၊ ငါးသွားဖမ်းတာ ဒါမှမဟုတ် အားလပ်ချိန်လှေစီးပြီး အပန်းဖြေကြတာပဲဖြစ်ဖြစ် လုံခြုံစိတ်ချမှုကို ဦးစားပေးရမှာပါ ‘ ဆိုပြီး ရေးသားထားခဲ့ပါတယ် ။

Video ထဲမှာတော့ အဆိုပါအမျိုးသားဟာ ရေပေါ်မှာ ပေါလောပေါ်နေတဲ့အရာတစ်ခုကို ကိုင်ဆွဲထားခဲ့တာဖြစ်ပြီး ၊ ကယ်ဆယ်ရေးသမားတွေက သူ့အားလှေပေါ် ဆွဲတင်ပေးခဲ့တာဖြစ်ပါတယ် ။ ထိုအချိန်မှ အဆိုပါအမျိုးသားက ‘ ကျွန်တော့်အဖေ ရေနစ်သွားပြီ ‘ ဆိုပြီး ပြောဆိုနေခဲ့တဲ့အသံကို video ထဲမှာကြားမိမှာပါ ။ လှေငယ်လေးက မနက်ပိုင်း 10 နာရီအချိန်ခန့်မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး ၊ ညနေ 4နာရီအချိန်ခန့်မှ ကယ်ဆယ်ခြင်းခံခဲ့ရတာပါ ။ ယခုအချိန်ကာလက ကူးစက်ရောဂါအခြေအနေတွေကြောင့် လူအတော်များများဟာ ပင်လယ်ထဲသို့အလည်ထွက်ခြင်းမရှိတော့လို့တွေ့ရှိပြီး ကယ်ဆယ်မဲ့သူမရှိဘဲ ပိုပြီးဒုက္ခရောက်ခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment