ေနအိမ္တစ္ခုလုံး မီးေလာင္လုနီးပါးျဖစ္သြားခဲ့တာေတာင္ အျပဳံးမပ်က္ဘဲ ေပ်ာ္ရႊင္စြာ selfie ဆြဲခဲ့ၾကတဲ့ ခ်စ္သူစုံတြဲ

တ႐ုတ္နိုင္ငံ Guangxi ျပည္နယ္ Guilinၿမိဳ့ ရွိ လူငယ္စုံတြဲတစ္တြဲဟာ သူတို့ရဲ့ေနအိမ္မီးေလာင္ လုနီးပါးျဖစ္ၿပီးေနာက္ သူတို့ရဲရႊင္လန္းေပ်ာ္ရႊင္ဖို့ေကာင္းတဲ့ selfie ပုံေတြဟာ Weibo ေပၚပ်ံ႕ႏွံ့ေနခဲ့ပါတယ္။ သူတို့ရဲ့အဝတ္အစားေတြကိုမီးပူတိုက္ေနစဥ္ ဝါယာႀကိဳးေရွာ့ကာ လၽွပ္စီးပတ္လမ္းျပတ္ေတာက္သြားၿပီး မီးစေလာင္ခဲ့တယ္ လို့ Shanghaiistသတင္းရဲ့အဆိုအရ သိရပါတယ္။ကံေကာင္းတာကေတာ့ အိမ္နီးခ်င္းတခ်ိဳ့ရဲ့အကူအညီနဲ႔သူတို့ရဲ့အိမ္ကိုမီးမေလာင္ခင္ လ်င္ျမန္စြာမီးၿငိမ္းသတ္နိုင္ခဲ့ၿပီး စိတ္ေအးရတဲ့အေျခအေနေရာက္တဲ့အခ်ိန္မွာေတာ့ သူတို့ႏွစ္ဦးဟာ ထိုအျဖစ္အပ်က္ကို အမွတ္တရျဖစ္ေစရန္ မီးခိုးေတြေၾကာင့္ မဲသြားတဲ့သူတို့ရဲ့အိမ္အတြင္းပိုင္းေတြကို အျပဳသေဘာေဆာင္တဲ့ဓာတ္ပုံ အျဖစ္ရိုက္ကူးရန္ ဆုံးျဖတ္ခဲ့ၾကပုံရပါတယ္။

သူတို့စုံတြဲဟာ ပ်က္စီးသြားတဲ့နံရံနဲ႔ဆိုဖာေရွ႕မွာ ကပ္ရပ္ကာ Totoro hoodies “couple look” ဝတ္စုံဝတ္ၿပီး မီးခိုးေတြေၾကာင့္ ေပသြားတဲ့သူတို့ရဲ့မ်က္ႏွာေတြကို ဟာသတစ္ခုတဖြယ္ရိုက္ကူးခဲ့ၾကပါတယ္။ ဒီအျဖစ္အပ်က္ဟာ ေဆာင္းတြင္းမီးေဘးကာကြယ္ေရးကအလြန္အေရးႀကီးတယ္ဆိုတာကို ျပသေနေၾကာင္း ၊ၾကဳံေတြ႕လာသမၽွအရာအားလုံးကိုလည္း အျပဳံးနဲ႔ရင္ဆိုင္တတ္ေစရန္ သင္ေပးေၾကာင္း အမည္မေဖာ္လိုသူကဆိုထားပါတယ္။

“ႏွစ္သစ္မွာ ေႏြးေထြးျခင္းႏွင့္စြမ္းအင္မ်ားျပည့္ေစ” ဆိုတဲ့captionနဲ႔ သူတို့ရဲ့ပုံေတြဟာWeiboရွိအင္တာနက္သုံးစြဲသူတို့ရဲ့ဘဝကို ဟာသဉာဏ္ရႊင္ေစခဲ့ၾကပါတယ္။သူတိုဟာ အျခားလူေတြကိုလည္း သူတို့လိုအျဖစ္မ်ိဳးထပ္တူမက်ေရာက္ေစရန္ႏွင့္သတိႀကီးစြာေနထိုင္ရန္ သတိေပးခဲ့ၾကပါေသးတယ္။

Jasmine (Mckzone Daily)

Source: nextshark.

Unicode

တရုတ်နိုင်ငံ Guangxi ပြည်နယ် Guilinမြို့ ရှိ လူငယ်စုံတွဲတစ်တွဲဟာ သူတို့ရဲ့နေအိမ်မီးလောင် လုနီးပါးဖြစ်ပြီးနောက် သူတို့ရဲရွှင်လန်းပျော်ရွှင်ဖို့ကောင်းတဲ့ selfie ပုံတွေဟာ Weibo ပေါ်ပျံ့နှံ့နေခဲ့ပါတယ်။ သူတို့ရဲ့အဝတ်အစားတွေကိုမီးပူတိုက်နေစဉ် ဝါယာကြိုးရှော့ကာ လျှပ်စီးပတ်လမ်းပြတ်တောက်သွားပြီး မီးစလောင်ခဲ့တယ် လို့ Shanghaiistသတင်းရဲ့အဆိုအရ သိရပါတယ်။ကံကောင်းတာကတော့ အိမ်နီးချင်းတချို့ရဲ့အကူအညီနဲ့သူတို့ရဲ့အိမ်ကိုမီးမလောင်ခင် လျင်မြန်စွာမီးငြိမ်းသတ်နိုင်ခဲ့ပြီး စိတ်အေးရတဲ့အခြေအနေရောက်တဲ့အချိန်မှာတော့ သူတို့နှစ်ဦးဟာ ထိုအဖြစ်အပျက်ကို အမှတ်တရဖြစ်စေရန် မီးခိုးတွေကြောင့် မဲသွားတဲ့သူတို့ရဲ့အိမ်အတွင်းပိုင်းတွေကို အပြုသဘောဆောင်တဲ့ဓာတ်ပုံ အဖြစ်ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ကြပုံရပါတယ်။

သူတို့စုံတွဲဟာ ပျက်စီးသွားတဲ့နံရံနဲ့ဆိုဖာရှေ့မှာ ကပ်ရပ်ကာ Totoro hoodies “couple look” ဝတ်စုံဝတ်ပြီး မီးခိုးတွေကြောင့် ပေသွားတဲ့သူတို့ရဲ့မျက်နှာတွေကို ဟာသတစ်ခုတဖွယ်ရိုက်ကူးခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဆောင်းတွင်းမီးဘေးကာကွယ်ရေးကအလွန်အရေးကြီးတယ်ဆိုတာကို ပြသနေကြောင်း ၊ကြုံတွေ့လာသမျှအရာအားလုံးကိုလည်း အပြုံးနဲ့ရင်ဆိုင်တတ်စေရန် သင်ပေးကြောင်း အမည်မဖော်လိုသူကဆိုထားပါတယ်။

“နှစ်သစ်မှာ နွေးထွေးခြင်းနှင့်စွမ်းအင်များပြည့်စေ” ဆိုတဲ့captionနဲ့ သူတို့ရဲ့ပုံတွေဟာWeiboရှိအင်တာနက်သုံးစွဲသူတို့ရဲ့ဘဝကို ဟာသဉာဏ်ရွှင်စေခဲ့ကြပါတယ်။သူတိုဟာ အခြားလူတွေကိုလည်း သူတို့လိုအဖြစ်မျိုးထပ်တူမကျရောက်စေရန်နှင့်သတိကြီးစွာနေထိုင်ရန် သတိပေးခဲ့ကြပါသေးတယ်။

Jasmine (Mckzone Daily)

  • Leave a Comment