မိခင္ကြယ္လြန္ၿပီးေနာက္ အမိႈက္ေကာက္သမားဘဝေရာက္သြားခဲ့တဲ့လူငယ္အား အလုပ္ရွာေပးခဲ့တဲ့ စီးပြါးေရးလုပ္ငန္းရွင္တစ္ဦး

ေန႔စဥ္ညတိုင္း ဝမ္းစာျဖည့္ဖို့ႏွင့္ေနစရာအိမ္တို့ရွိျခင္းဟာ ကၽြန္ေတာ္တို့ လူသားေတြအတြက္ ကံေကာင္းတဲ့အရာတစ္ခုပါဘဲ။Shell Trading Malaysia ရဲ့မန္ေနးဂ်င္းဒါရိုက္တာ Shairan Huzani Husain သို့မဟုတ္ မေလးရွားလူမ်ိဳးေတြ ခ်စ္စနိုးနဲ႔ေခၚတဲ့ Pak Cik Shell ဟာ သူရဲ့ Instagram Account မွာ မိခင္ကြယ္လြန္ၿပီးေနာက္ လမ္းေပၚအိပ္ေနရတဲ့လူငယ္တစ္ဦးအေၾကာင္းကိုမၽွေဝခဲ့ပါတယ္။Pak Cik Shell ဟာသူရဲ့အိမ္အျပန္လမ္းမွာ လူငယ္တစ္ဦးကို မေတာ္တဆတိုက္မိခဲ့ၿပီးဘာလုပ္ေနလဲလို့ေမးေတာ့ ထိုလူငယ္ဟာ ျပန္လည္အသုံးျပဳနိုင္တဲ့ပစၥည္းေတြကိုေရာင္းရန္ စုေဆာင္းေနတယ္လို့ျပန္ေျဖခဲ့ၿပီး ဘယ္မွာေနလဲလို့ ေမးျပန္ေတာ့ ကတ္ထူျပားေတြရွိတဲ့ အေဆာက္အဦးရဲ့ေထာင့္တစ္ေနရာကိုညႊန္းခဲ့ျပန္ပါတယ္။”ငါတို့တိုင္းျပည္မွာ ဒီလိုမ်ိဳးလူေတြက်န္ရွိေနေသးတာကိုေတြ႕ရတာ အေတာ္စိတ္မေကာင္းျဖစ္မိပါတယ္။ေန႔စဥ္ေန႔တိုင္း ကၽြန္ေတာ္တို့ဟာ စိန္ေခၚမွုေတြနဲ႔ရင္ဆိုင္ေနၾကရပါတယ္”လို့ Pak Cik Shellကဆိုပါတယ္။

အဆိုပါ လူငယ္ဟာ သူရဲ့မိခင္ ကြယ္လြန္ၿပီးေနာက္ အိမ္မွထြက္ခြါရန္ အတင္းအက်ပ္ခိုင္းေစခံခဲ့ရပါတယ္။သူဟာ အခက္အခဲမ်ားၾကားမွ အလုပ္ႏွင့္ဝင္ေငြ ရွာေဖြရန္အလြန္စိတ္အားထက္သန္ေနေၾကာင္းကိုPak Cik Shellကသိလိုက္ရတာေၾကာင့္ သူ႔ကိုအလုပ္တစ္ခုကမ္းလွမ္းရန္ဆုံးျဖတ္ခဲ့ပါတယ္။သူဟာ အလုပ္ကိုလက္ခံေၾကာင္းတုံ႔ျပန္ခဲ့တာေၾကာင့္ ဘူတာ႐ုံရွိတည္းခိုခန္းတစ္ခုမွာ အလုပ္ရွာေပးခဲ့ကာ ထိုညမွာဘဲ သူ႔ကို ေနရာပါခ်ေပးခဲ့ၿပီး “ဘုရားသခင္ဟာသူရဲ့ ၀န္ထုပ္ဝန္ပိုးေတြကိုေျဖေလၽွာ့ေပးၿပီး တစ္ေန႔မွာသူေအာင္ျမင္လိမ့္မယ္လို့ကၽြန္ုပ္တို့ဆုေတာင္းေပးခဲ့ပါတယ္။ဒီလူငယ္ဟာ ပိုမိုေကာင္းမြန္တဲ့အသက္ေမြးဝမ္းေက်ာင္းမွုဆီကို ဦးတည္ေနေၾကာင္းသိရျခင္းဟာလည္းအံ့ဩစရာတစ္ခုျဖစ္တယ္။” Pak Cik Shell ကဆိုခဲ့ပါေသးတယ္။

ဒါေပမဲ့ စိတ္မေကာင္းစြာဘဲ မေလးရွားနိုင္ငံရွိ လမ္းမေတြေပၚက အလုပ္လုပ္နိုင္ရန္ႏွင့္သူတို့ကိုယ္တိုင္အတြက္ ပိုမိုေကာင္းမြန္တဲ့ဘ၀ကို ရရွိရန္ လိုလားတဲ့လူမ်ားစြာက်န္ရွိေနပါေသးတယ္။ဒါေၾကာင့္လူေတြဟာ သူတို့ရဲ့ စိတ္ႏွလုံးသားျဖင့္ အိုးအိမ္မဲ့သူမ်ားကို ငွါးရမ္းၾကေစရန္ ကၽြန္ေတာ္အမွန္တကယ္ေမၽွာ္လင့္ေနမိပါတယ္။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

နေ့စဉ်ညတိုင်း ဝမ်းစာဖြည့်ဖို့နှင့်နေစရာအိမ်တို့ရှိခြင်းဟာ ကျွန်တော်တို့ လူသားတွေအတွက် ကံကောင်းတဲ့အရာတစ်ခုပါဘဲ။Shell Trading Malaysia ရဲ့မန်နေးဂျင်းဒါရိုက်တာ Shairan Huzani Husain သို့မဟုတ် မလေးရှားလူမျိုးတွေ ချစ်စနိုးနဲ့ခေါ်တဲ့ Pak Cik Shell ဟာ သူရဲ့ Instagram Account မှာ မိခင်ကွယ်လွန်ပြီးနောက် လမ်းပေါ်အိပ်နေရတဲ့လူငယ်တစ်ဦးအကြောင်းကိုမျှဝေခဲ့ပါတယ်။Pak Cik Shell ဟာသူရဲ့အိမ်အပြန်လမ်းမှာ လူငယ်တစ်ဦးကို မတော်တဆတိုက်မိခဲ့ပြီးဘာလုပ်နေလဲလို့မေးတော့ ထိုလူငယ်ဟာ ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းတွေကိုရောင်းရန် စုဆောင်းနေတယ်လို့ပြန်ဖြေခဲ့ပြီး ဘယ်မှာနေလဲလို့ မေးပြန်တော့ ကတ်ထူပြားတွေရှိတဲ့ အဆောက်အဦးရဲ့ထောင့်တစ်နေရာကိုညွှန်းခဲ့ပြန်ပါတယ်။”ငါတို့တိုင်းပြည်မှာ ဒီလိုမျိုးလူတွေကျန်ရှိနေသေးတာကိုတွေ့ရတာ အတော်စိတ်မကောင်းဖြစ်မိပါတယ်။နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ဟာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေကြရပါတယ်”လို့ Pak Cik Shellကဆိုပါတယ်။

အဆိုပါ လူငယ်ဟာ သူရဲ့မိခင် ကွယ်လွန်ပြီးနောက် အိမ်မှထွက်ခွါရန် အတင်းအကျပ်ခိုင်းစေခံခဲ့ရပါတယ်။သူဟာ အခက်အခဲများကြားမှ အလုပ်နှင့်ဝင်ငွေ ရှာဖွေရန်အလွန်စိတ်အားထက်သန်နေကြောင်းကိုPak Cik Shellကသိလိုက်ရတာကြောင့် သူ့ကိုအလုပ်တစ်ခုကမ်းလှမ်းရန်ဆုံးဖြတ်ခဲ့ပါတယ်။သူဟာ အလုပ်ကိုလက်ခံကြောင်းတုံ့ပြန်ခဲ့တာကြောင့် ဘူတာရုံရှိတည်းခိုခန်းတစ်ခုမှာ အလုပ်ရှာပေးခဲ့ကာ ထိုညမှာဘဲ သူ့ကို နေရာပါချပေးခဲ့ပြီး “ဘုရားသခင်ဟာသူရဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုဖြေလျှော့ပေးပြီး တစ်နေ့မှာသူအောင်မြင်လိမ့်မယ်လို့ကျွန်ုပ်တို့ဆုတောင်းပေးခဲ့ပါတယ်။ဒီလူငယ်ဟာ ပိုမိုကောင်းမွန်တဲ့အသက်မွေးဝမ်းကျောင်းမှုဆီကို ဦးတည်နေကြောင်းသိရခြင်းဟာလည်းအံ့ဩစရာတစ်ခုဖြစ်တယ်။” Pak Cik Shell ကဆိုခဲ့ပါသေးတယ်။

ဒါပေမဲ့ စိတ်မကောင်းစွာဘဲ မလေးရှားနိုင်ငံရှိ လမ်းမတွေပေါ်က အလုပ်လုပ်နိုင်ရန်နှင့်သူတို့ကိုယ်တိုင်အတွက် ပိုမိုကောင်းမွန်တဲ့ဘဝကို ရရှိရန် လိုလားတဲ့လူများစွာကျန်ရှိနေပါသေးတယ်။ဒါကြောင့်လူတွေဟာ သူတို့ရဲ့ စိတ်နှလုံးသားဖြင့် အိုးအိမ်မဲ့သူများကို ငှါးရမ်းကြစေရန် ကျွန်တော်အမှန်တကယ်မျှော်လင့်နေမိပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment