11 ​ေယာက္ထပ္မနည္း အမ်ိဳးသားမ်ားအား လိမ္လည္လက္ထပ္ကာ မဂၤလာလက္ဖြဲ႕ေငြ ႏွင့္ ပစၥည္းမ်ား ခိုးယူခဲ့တဲ့ မိန္းကေလး

ထိုင္းနိုင္ငံရွိ alias Nam Mon ေခၚ Ms.Jariyapornဆိုသူ အမ်ိဳးသမီးကို ၁၁ေယာက္ထပ္မကတဲ့ အမ်ိဳးသားမ်ားအား လိမ္လည္လက္ထပ္ကာ မဂၤလာလက္ဖြဲ႕ပစၥည္းေတြကို ခိုးယူမွုျဖင့္ ထိုင္းရဲမ်ားက ဖမ္းဆီးခဲ့ၾကပါတယ္။အသက္၃၂ႏွစ္1အရြယ္ Ms.Jariyapornကို သူမရဲ့ အႀကံအစည္မွ သားေကာင္ျဖစ္ခဲ့ရသူတစ္ဦးက တိုင္ၾကားခဲ့ၿပီး Pathum Thani ျပည္နယ္ Pratunnam Chulongkornၿမိဳ့ရွိ ရဲမ်ားက ခိုးယူမွု ဖမ္းဆီးအမိန္ျဖင့္ Sam Phranခရိုင္ Nakhon Pathomျပည္နယ္ စက္တင္ဘာ၇ရက္ ၾကာသပေတးေန႔မွာ သူမအားဖမ္းဆီးခဲ့ၾကပါတယ္။”တျခားသူအား သင္၏စစ္မွန္ေသာ မည္သူမည္ဝါျဖစ္ေၾကာင္း ျပစ္မွုဆိုင္ရာ ရည္ရြယ္ခ်က္ျဖင့္ လိမ္လည္ျခင္း” -အဆိုပါပုဒ္မ ၃၄၂အရ သူမအား ဒဏ္ေငြ ဘတ္ ၁၀,၀၀၀ႏွင့္ ေထာင္ဒဏ္ ၅ႏွစ္သတ္မွတ္ခဲ့ၾကပါတယ္။

ဗဟိုစုံစမ္းစစ္ေဆးေရးဌာနမွ ဒုရဲခ်ဳပ္ႀကီး Thitirqi Nhongharnpitale ရဲ့ အဆိုအရ ျပည္နယ္အသီးသီးက အဆိုပါ ၁၁ေယာက္ထပ္မကတဲ့ အမ်ိဳးသားေတြဟာ သူမရဲ့ သားေကာင္ေတြျဖစ္ခဲ့ရၿပီး စုစုေပါင္းဘတ္၃သန္းခန္႔ ဆုံးရွုံးခဲ့ၾကပါတယ္။သူတို့ဟာ သူမနဲ႔ onlineမွာေတြ႕ဆုံၿပီး အသက္ႀကီးတဲ့စုံတြဲတစ္တြဲအား မိဘအျဖစ္ဟန္ေဆာင္ေစခဲ့တာကိုလဲ မသိခဲ့ၾကပါဘူး။မိဘေတြဟာ သီးႏွံေရာင္းဝယ္ေရးလုပ္ငန္းလုပ္ကိုင္ေၾကာင္း အဆိုပါ အမ်ိဳးသားတိုင္းကို ႏွစ္လတိတိတြဲၿပီး သူမအား မဂၤလာလက္ဖြဲ႕မ်ားျဖင့္လာေရာက္တင္ေတာင္းေစကာ လိမ္လည္လက္ထပ္ခဲ့ပါတယ္။

Ms.Jariyapornဟာ သူမက သာမန္အသီးေရာင္းဝယ္သူျဖစ္ေၾကာင္း၊အဆိုပါ အမ်ိဳးသားမ်ားဟာ သူမႏွင့္လက္ထပ္ရန္ လွည့္စားခံရျခင္းမဟုတ္ဘဲ သူတို့ဟာ အခ်ိန္ကာလတစ္ခုအၾကာမွာ လက္ထပ္ထိပ္းျမားမွုေတြျပဳလုပ္ခဲ့ေၾကာင္း ျငင္းဆိုေျပာၾကားခဲ့ပါေသးတယ္။သူမဟာ Chumphon၊Chanthaburiႏွင့္Rayongျပည္နယ္ရွိ အသီးေရာင္းခ်သူေတြအား ပစၥည္းမွာယူၿပီး ေငြေပးေခ်ျခင္းမရွိဘဲ လိမ္လည္ခဲ့ေၾကာင္း တရားဝင္စာရြက္စာတမ္းမ်ားကို အတုျပဳလုပ္ကာ လိမ္လည္ခဲ့ေၾကာင္းကိုလည္း ထပ္မံသိရွိခဲ့ၾကပါတယ္။

Jasmine (Mckzone Daily)

Source: chiangraitimes

Unicode

ထိုင်းနိုင်ငံရှိ alias Nam Mon ခေါ် Ms.Jariyapornဆိုသူ အမျိုးသမီးကို ၁၁ယောက်ထပ်မကတဲ့ အမျိုးသားများအား လိမ်လည်လက်ထပ်ကာ မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေကို ခိုးယူမှုဖြင့် ထိုင်းရဲများက ဖမ်းဆီးခဲ့ကြပါတယ်။အသက်၃၂နှစ်1အရွယ် Ms.Jariyapornကို သူမရဲ့ အကြံအစည်မှ သားကောင်ဖြစ်ခဲ့ရသူတစ်ဦးက တိုင်ကြားခဲ့ပြီး Pathum Thani ပြည်နယ် Pratunnam Chulongkornမြို့ရှိ ရဲများက ခိုးယူမှု ဖမ်းဆီးအမိန်ဖြင့် Sam Phranခရိုင် Nakhon Pathomပြည်နယ် စက်တင်ဘာ၇ရက် ကြာသပတေးနေ့မှာ သူမအားဖမ်းဆီးခဲ့ကြပါတယ်။”တခြားသူအား သင်၏စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ရည်ရွယ်ချက်ဖြင့် လိမ်လည်ခြင်း” -အဆိုပါပုဒ်မ ၃၄၂အရ သူမအား ဒဏ်ငွေ ဘတ် ၁၀,၀၀၀နှင့် ထောင်ဒဏ် ၅နှစ်သတ်မှတ်ခဲ့ကြပါတယ်။

ဗဟိုစုံစမ်းစစ်ဆေးရေးဌာနမှ ဒုရဲချုပ်ကြီး Thitirqi Nhongharnpitale ရဲ့ အဆိုအရ ပြည်နယ်အသီးသီးက အဆိုပါ ၁၁ယောက်ထပ်မကတဲ့ အမျိုးသားတွေဟာ သူမရဲ့ သားကောင်တွေဖြစ်ခဲ့ရပြီး စုစုပေါင်းဘတ်၃သန်းခန့် ဆုံးရှုံးခဲ့ကြပါတယ်။သူတို့ဟာ သူမနဲ့ onlineမှာတွေ့ဆုံပြီး အသက်ကြီးတဲ့စုံတွဲတစ်တွဲအား မိဘအဖြစ်ဟန်ဆောင်စေခဲ့တာကိုလဲ မသိခဲ့ကြပါဘူး။မိဘတွေဟာ သီးနှံရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်ကြောင်း အဆိုပါ အမျိုးသားတိုင်းကို နှစ်လတိတိတွဲပြီး သူမအား မင်္ဂလာလက်ဖွဲ့များဖြင့်လာရောက်တင်တောင်းစေကာ လိမ်လည်လက်ထပ်ခဲ့ပါတယ်။

Ms.Jariyapornဟာ သူမက သာမန်အသီးရောင်းဝယ်သူဖြစ်ကြောင်း၊အဆိုပါ အမျိုးသားများဟာ သူမနှင့်လက်ထပ်ရန် လှည့်စားခံရခြင်းမဟုတ်ဘဲ သူတို့ဟာ အချိန်ကာလတစ်ခုအကြာမှာ လက်ထပ်ထိပ်းမြားမှုတွေပြုလုပ်ခဲ့ကြောင်း ငြင်းဆိုပြောကြားခဲ့ပါသေးတယ်။သူမဟာ Chumphon၊Chanthaburiနှင့်Rayongပြည်နယ်ရှိ အသီးရောင်းချသူတွေအား ပစ္စည်းမှာယူပြီး ငွေပေးချေခြင်းမရှိဘဲ လိမ်လည်ခဲ့ကြောင်း တရားဝင်စာရွက်စာတမ်းများကို အတုပြုလုပ်ကာ လိမ်လည်ခဲ့ကြောင်းကိုလည်း ထပ်မံသိရှိခဲ့ကြပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment