ေခါင္းအစေျခအဆုံး တက္တူးအျပည့္တူးထားၿပီး သူငယ္တန္း အတန္းကိုသင္ၾကားေပးေနတဲ့ ေက်ာင္းဆရာတစ္ဦး

Sylvain Helaine ဆိုသူဟာ ေခါင္းအစေျခအဆုံး ခႏၶာကိုယ္တစ္လုံးကို တက္တူးအျပည့္ထိုးထားသူတစ္ေယာက္ပါ။သူရဲ့ အလုပ္အကိုင္ဟာ ေက်ာင္းဆရာျဖစ္ပါတယ္။အဲ့ဒါက တခ်ိဳ့လူေတြအတြက္ အံ့အားသင့္သြားေစနိုင္ပါတယ္။ဟုတ္ပါတယ္ သူဟာ တကယ္ေက်ာင္းဆရာတစ္ဦးျဖစ္ပါတယ္။ျပင္သစ္နိုင္ငံ ပါရီၿမိဳ့မွ အသက္၃၅ႏွစ္အရြယ္ Sylvainဟာ သူငယ္တန္းအတန္းကို သင္ၾကားေပးေနၿပီး ကံဆိုးခ်င္ေတာ့ Sylvainရဲ့အတန္းထဲမဟုတ္တဲ့ ကေလးတစ္ဦးဟာ ပုံမွန္နဲ႔မတူတဲ့သူ႔ရဲ့ ႐ုပ္သြင္ျပင္ကို ေၾကာက္ေနေၾကာင္း အေမျဖစ္သူက တိုင္ၾကားခဲ့ၿပီးေနာက္ သူ႔အေရျပား တက္တူးအႏုပညာကို လူသိမ်ားသြားခဲ့ပါတယ္။ဒါေၾကာင့္ သူဟာ သူငယ္တန္းကေလးေတြကို သင္ေပးမယ့္အစား Docteur Morere မူလတန္းေက်ာင္းက မတူညီတဲ့အတန္းတစ္ခုျဖစ္တဲ့ အသက္ ၆ႏွစ္ႏွင့္ အထက္ေက်ာင္းသားေတြကို သင္ၾကားေပးရန္ ဆုံးျဖတ္လိုက္ပါတယ္။

Sylvainဟာ သူ႔ရဲ့တက္တူးေတြကို အတားအဆီးတစ္ခုအျဖစ္ ဘယ္ေသာအခါမွ မသတ္မွတ္ခဲ့ဖူးသူတစ္ေယာက္ပါ။”ငါထင္တာကေတာ့ ငါဟာ ဆရာေကာင္းတစ္ေယာက္ျဖစ္ၿပီး ငါ့အလုပ္ကို အေကာင္းဆုံးျဖစ္ေအာင္လုပ္တယ္။တစ္ႏွစ္ၿပီးတစ္ႏွစ္ တိုးတက္ေအာင္လည္း အတတ္နိုင္ဆုံးႀကိဳးစားတယ္”ဟုဆိုပါတယ္။ထို့အျပင္တိုင္ၾကားခ်က္ေတာ္ေတာ္မ်ားမ်ားဟာသူ႔အတန္းထဲက မဟုတ္တဲ့ ကေလးမိဘေတြဆီက လာတာျဖစ္ၿပီး”အတန္းထဲက ကေလးေတြနဲ႔ ကေလးမိဘေတြနဲ႔က ငါ့နဲ႔ အဆင္ေျပတယ္။ကေလးေတြနဲ႔ အံ့အားသင့္စရာအလုပ္တစ္ခုကို အတူတူလုပ္ၿပီးသြားၾကရင္ သူတို့က ငါ့ကို အေတာ္ဆုံး၊အမိုက္ဆုံးလို့ ထင္တတ္ၾကေသးတယ္”ဟု Sylvainကဆိုထားပါေသးတယ္။

Sylvainရဲ့ေက်ာင္းသားတစ္ဦးဟာ တက္တူးထိုးထားတဲ့ သူ႔ရဲ့မ်က္လုံးေတြကို ပထမေတာ့ သူေၾကာက္ခဲ့ၿပီး”အခုေတာ့ ငါမေၾကာက္ေတာ့ဘူး၊သူက ငါအႀကိဳက္ဆုံးဆရာျဖစ္ေနၿပီ။သူက ငါထင္ထားတာထက္ ပိုေကာင္းတဲ့ ဆရာတစ္ေယာက္ပါ”လို့ ဝန္ခံေျပာဆိုခဲ့ပါတယ္။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

Sylvain Helaine ဆိုသူဟာ ခေါင်းအစခြေအဆုံး ခန္ဓာကိုယ်တစ်လုံးကို တက်တူးအပြည့်ထိုးထားသူတစ်ယောက်ပါ။သူရဲ့ အလုပ်အကိုင်ဟာ ကျောင်းဆရာဖြစ်ပါတယ်။အဲ့ဒါက တချို့လူတွေအတွက် အံ့အားသင့်သွားစေနိုင်ပါတယ်။ဟုတ်ပါတယ် သူဟာ တကယ်ကျောင်းဆရာတစ်ဦးဖြစ်ပါတယ်။ပြင်သစ်နိုင်ငံ ပါရီမြို့မှ အသက်၃၅နှစ်အရွယ် Sylvainဟာ သူငယ်တန်းအတန်းကို သင်ကြားပေးနေပြီး ကံဆိုးချင်တော့ Sylvainရဲ့အတန်းထဲမဟုတ်တဲ့ ကလေးတစ်ဦးဟာ ပုံမှန်နဲ့မတူတဲ့သူ့ရဲ့ ရုပ်သွင်ပြင်ကို ကြောက်နေကြောင်း အမေဖြစ်သူက တိုင်ကြားခဲ့ပြီးနောက် သူ့အရေပြား တက်တူးအနုပညာကို လူသိများသွားခဲ့ပါတယ်။ဒါကြောင့် သူဟာ သူငယ်တန်းကလေးတွေကို သင်ပေးမယ့်အစား Docteur Morere မူလတန်းကျောင်းက မတူညီတဲ့အတန်းတစ်ခုဖြစ်တဲ့ အသက် ၆နှစ်နှင့် အထက်ကျောင်းသားတွေကို သင်ကြားပေးရန် ဆုံးဖြတ်လိုက်ပါတယ်။

Sylvainဟာ သူ့ရဲ့တက်တူးတွေကို အတားအဆီးတစ်ခုအဖြစ် ဘယ်သောအခါမှ မသတ်မှတ်ခဲ့ဖူးသူတစ်ယောက်ပါ။”ငါထင်တာကတော့ ငါဟာ ဆရာကောင်းတစ်ယောက်ဖြစ်ပြီး ငါ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်တယ်။တစ်နှစ်ပြီးတစ်နှစ် တိုးတက်အောင်လည်း အတတ်နိုင်ဆုံးကြိုးစားတယ်”ဟုဆိုပါတယ်။ထို့အပြင်တိုင်ကြားချက်တော်တော်များများဟာသူ့အတန်းထဲက မဟုတ်တဲ့ ကလေးမိဘတွေဆီက လာတာဖြစ်ပြီး”အတန်းထဲက ကလေးတွေနဲ့ ကလေးမိဘတွေနဲ့က ငါ့နဲ့ အဆင်ပြေတယ်။ကလေးတွေနဲ့ အံ့အားသင့်စရာအလုပ်တစ်ခုကို အတူတူလုပ်ပြီးသွားကြရင် သူတို့က ငါ့ကို အတော်ဆုံး၊အမိုက်ဆုံးလို့ ထင်တတ်ကြသေးတယ်”ဟု Sylvainကဆိုထားပါသေးတယ်။

Sylvainရဲ့ကျောင်းသားတစ်ဦးဟာ တက်တူးထိုးထားတဲ့ သူ့ရဲ့မျက်လုံးတွေကို ပထမတော့ သူကြောက်ခဲ့ပြီး”အခုတော့ ငါမကြောက်တော့ဘူး၊သူက ငါအကြိုက်ဆုံးဆရာဖြစ်နေပြီ။သူက ငါထင်ထားတာထက် ပိုကောင်းတဲ့ ဆရာတစ်ယောက်ပါ”လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment