“ကြၽန္ေတာ္မေသခ်င္ေသးဘူး ၊ ေၾကာက္တယ္”ဆိုၿပီး မိဘေတြကိုကင္ဆာေရာဂါကုေပးဖို႔ေတာင္းဆိုေနတဲ့ ကေလးငယ္

တ႐ုတ္ႏိုင္ငံမွာ ေနထိုင္တဲ့အသက္ 5ႏွစ္အရြယ္ေကာင္ေလးဟာ သူ၏ကင္ဆာေရာဂါကုသေပးဖို႔ ဖခင္ျဖစ္သူကိုေတာင္းဆိုခဲ့ပါတယ္ ။ သူ၏ဖခင္ကလည္း သူ၏ေရာဂါကုသစရိတ္အတြက္ ေငြအလံုအေလာက္မ႐ွိေတာ့၍ အေတာ္ေလးကိုဒုကၡေရာက္ေနရေၾကာင္း သိ႐ွိရပါတယ္ ။ Wang Yan အမည္႐ွိတဲ့ အဆိုပါ 5ႏွစ္အရြယ္ေကာင္ေလးဟာ leukemia ဆိုတဲ့ေသြးကင္ဆာေရာဂါကို ခံစားေနရတာျဖစ္ၿပီး ၊ ေရာဂါကုသေနတာ 9လခန္႔႐ွိေနၿပီျဖစ္ေပမဲ့လည္း က်န္မာေရးအေျခအေနတိုးတက္ေကာင္းမြန္လာျခင္းမ်ိဳးေတာ့ မ႐ွိပါဘူး ။ 9လခန္႔ ကုသၿပီးခ်ိန္မွာေတာ့ ၎တို႔မိသားစု စုေဆာင္းထားတဲ့ေငြ တျပားတစ္ခ်က္မွ မ႐ွိေတာ့တဲ့အတြက္ ၊ သားျဖစ္သူ၏ေရာဂါကို ကုသေပးဖို႔အဆင္မေျပေတာ့သျဖင့္ ရင္နာနာျဖင့္ သားျဖစ္သူကိုေဆးရံုမွေခၚဆင္းၿပီး အိမ္သို႔ေခၚျပန္ကာ သားျဖစ္သူေသဆံုးမည့္ေန႔ရက္ကုိသာ ေစာင့္ေနဖို႔သာ ဆံုးျဖတ္ခ်က္ခ်ခဲ့ရပါတယ္ ။ Wang Yan ဟာ 2014 ခုႏွစ္မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး က်န္းမာသန္စြမ္းတဲ့ကေလးငယ္တစ္ေယာက္ျဖစ္ခဲ့ေပမဲ့လည္း 2018 ခုႏွစ္မွာ အျပင္းအထန္ဖ်ားၿပီးေနာက္ ၊ ဆရာဝန္မ်ားစစ္ေဆးေပးခဲ့တဲ့အခ်ိန္မွာေတာ့ ေသြးျဖဴဆဲလ္ေတြမ်ားလြန္းတဲ့ေသြးကင္ဆာေရာဂါမ်ိဳး ခံစားေနရတာျဖစ္ေၾကာင္း႐ွာေဖြေတြ႔႐ွိသြားခဲ့ပါတယ္ ။ အ႐ိုးျခင္ဆီေတြထဲမွာလည္း ေသြးျဖဴဆဲလ္ေတြ အမ်ားအျပားတိုးပြားလာလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Wang Yanရဲ႕က်န္းမာေရးအေျခအေနတိုးတက္ေကာင္းမြန္လာျခင္းမ႐ွိခဲ့တဲ့အတြက္ သူ၏မိဘမ်ားကလည္း ကုသေပးဖို႔ေငြမ်ားလံုးဝမ႐ွိေတာ့တဲ့အခ်ိန္မွာေတာ့ Wang Yan ရဲ႕မိဘမ်ားက သူ႔ကိုအိမ္သို႔ေခၚျပန္ဖို႔သာ ဆံုးျဖတ္ခ်က္ခ်ခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း Wang Yan ဟာသူ၏ဘဝကို အ႐ႈံးေပးလိုက္ဖို႔ အဆင္သင့္မျဖစ္ေသးခဲ့တဲ့အတြက္ သူ၏အိပ္ယာကိုတြယ္ဖက္ကာ ႐ႈိက္ငိုရင္း ” ေဖေဖ ကြၽန္ေတာ့္ကိုကယ္ပါ ၊ ကြၽန္ေတာ္မေသခ်င္ေသးဘူး ၊ ကြၽန္ေတာ္ေၾကာက္တယ္ “ဆိုၿပီး ဖခင္ကိုေတာင္းဆိုခဲ့ပါေတာ့တယ္ ။ ဆရာဝန္မ်ားကလည္း Wang Yan ကိုတျခားေသာေဆးရံုသို႔ လြဲေျပာင္းၿပီးကုသဖို႔ မိဘမ်ားကိုအၾကံေပးခဲ့ၿပီး ကုန္က်စရိတ္မွာ 1 million yuan (ျမန္မာေငြ သိန္းႏွစ္ေထာင္ေက်ာ္) ဝန္က်င္အထက္ ကုန္က်မည္ျဖစ္ေၾကာင္း ႐ွင္းျပခဲ့ပါတယ္ ။ ထို႔ေၾကာင့္ Wang Yan ၏မိဘမ်ားက ျပည္သူလူထုထံသို႔အလႉေငြေတာင္ခံၿပီး အကူအညီေတာင္းခံဖို႔သာ ဆံုးျဖတ္ခ်က္ခ်ခဲ့ၾကပါတယ္ ။

ကံေကာင္းေထာက္မစြာနဲ႔ပဲ နာရီပိုင္းအတြင္းမွာပဲ တ႐ုတ္ျပည္သူလူထုမ်ားက Wang Yan အတြက္ေဆးကုသစရိတ္အကုန္လံုးကို ကူညီေထာက္ပံ့ေပးနိုင္ခဲ့ၾကပါတယ္ ။ လူအမ်ား၏ ၾကင္နာသနာမႈအေပၚ Wamg Yan ရဲ႕မိဘမ်ားကအႏႈိင္းအဆမ႐ွိေအာင္ ေက်းဇူးတင္ခဲ့ၾကၿပီး ” လူ႔အဖြဲ႔အစည္းေတြက ကြၽန္ေတာ္တို႔ကိုအေတာ္ေလးၾကင္နာေပးၾကတယ္ ၊ Wang Yan က်န္းမာလာေအာင္ ကြၽန္ေတာ္တို႔အသက္ႏိုင္ဆံုးႀကိဳးစား ကုသ သြားပါမယ္ ” ဆိုၿပီးေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှာ နေထိုင်တဲ့အသက် 5နှစ်အရွယ်ကောင်လေးဟာ သူ၏ကင်ဆာရောဂါကုသပေးဖို့ ဖခင်ဖြစ်သူကိုတောင်းဆိုခဲ့ပါတယ် ။ သူ၏ဖခင်ကလည်း သူ၏ရောဂါကုသစရိတ်အတွက် ငွေအလုံအလောက်မရှိတော့၍ အတော်လေးကိုဒုက္ခရောက်နေရကြောင်း သိရှိရပါတယ် ။ Wang Yan အမည်ရှိတဲ့ အဆိုပါ 5နှစ်အရွယ်ကောင်လေးဟာ leukemia ဆိုတဲ့သွေးကင်ဆာရောဂါကို ခံစားနေရတာဖြစ်ပြီး ၊ ရောဂါကုသနေတာ 9လခန့်ရှိနေပြီဖြစ်ပေမဲ့လည်း ကျန်မာရေးအခြေအနေတိုးတက်ကောင်းမွန်လာခြင်းမျိုးတော့ မရှိပါဘူး ။ 9လခန့် ကုသပြီးချိန်မှာတော့ ၎င်းတို့မိသားစု စုဆောင်းထားတဲ့ငွေ တပြားတစ်ချက်မှ မရှိတော့တဲ့အတွက် ၊ သားဖြစ်သူ၏ရောဂါကို ကုသပေးဖို့အဆင်မပြေတော့သဖြင့် ရင်နာနာဖြင့် သားဖြစ်သူကိုဆေးရုံမှခေါ်ဆင်းပြီး အိမ်သို့ခေါ်ပြန်ကာ သားဖြစ်သူသေဆုံးမည့်နေ့ရက်ကိုသာ စောင့်နေဖို့သာ ဆုံးဖြတ်ချက်ချခဲ့ရပါတယ် ။ Wang Yan ဟာ 2014 ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကျန်းမာသန်စွမ်းတဲ့ကလေးငယ်တစ်ယောက်ဖြစ်ခဲ့ပေမဲ့လည်း 2018 ခုနှစ်မှာ အပြင်းအထန်ဖျားပြီးနောက် ၊ ဆရာဝန်များစစ်ဆေးပေးခဲ့တဲ့အချိန်မှာတော့ သွေးဖြူဆဲလ်တွေများလွန်းတဲ့သွေးကင်ဆာရောဂါမျိုး ခံစားနေရတာဖြစ်ကြောင်းရှာဖွေတွေ့ရှိသွားခဲ့ပါတယ် ။ အရိုးခြင်ဆီတွေထဲမှာလည်း သွေးဖြူဆဲလ်တွေ အများအပြားတိုးပွားလာလျက်ရှိကြောင်း သိရှိရပါတယ် ။

Wang Yanရဲ့ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာခြင်းမရှိခဲ့တဲ့အတွက် သူ၏မိဘများကလည်း ကုသပေးဖို့ငွေများလုံးဝမရှိတော့တဲ့အချိန်မှာတော့ Wang Yan ရဲ့မိဘများက သူ့ကိုအိမ်သို့ခေါ်ပြန်ဖို့သာ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း Wang Yan ဟာသူ၏ဘဝကို အရှုံးပေးလိုက်ဖို့ အဆင်သင့်မဖြစ်သေးခဲ့တဲ့အတွက် သူ၏အိပ်ယာကိုတွယ်ဖက်ကာ ရှိုက်ငိုရင်း ” ဖေဖေ ကျွန်တော့်ကိုကယ်ပါ ၊ ကျွန်တော်မသေချင်သေးဘူး ၊ ကျွန်တော်ကြောက်တယ် “ဆိုပြီး ဖခင်ကိုတောင်းဆိုခဲ့ပါတော့တယ် ။ ဆရာဝန်များကလည်း Wang Yan ကိုတခြားသောဆေးရုံသို့ လွဲပြောင်းပြီးကုသဖို့ မိဘများကိုအကြံပေးခဲ့ပြီး ကုန်ကျစရိတ်မှာ 1 million yuan (မြန်မာငွေ သိန်းနှစ်ထောင်ကျော်) ဝန်ကျင်အထက် ကုန်ကျမည်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။ ထို့ကြောင့် Wang Yan ၏မိဘများက ပြည်သူလူထုထံသို့အလှူငွေတောင်ခံပြီး အကူအညီတောင်းခံဖို့သာ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ် ။

ကံကောင်းထောက်မစွာနဲ့ပဲ နာရီပိုင်းအတွင်းမှာပဲ တရုတ်ပြည်သူလူထုများက Wang Yan အတွက်ဆေးကုသစရိတ်အကုန်လုံးကို ကူညီထောက်ပံ့ပေးနိုင်ခဲ့ကြပါတယ် ။ လူအများ၏ ကြင်နာသနာမှုအပေါ် Wamg Yan ရဲ့မိဘများကအနှိုင်းအဆမရှိအောင် ကျေးဇူးတင်ခဲ့ကြပြီး ” လူ့အဖွဲ့အစည်းတွေက ကျွန်တော်တို့ကိုအတော်လေးကြင်နာပေးကြတယ် ၊ Wang Yan ကျန်းမာလာအောင် ကျွန်တော်တို့အသက်နိုင်ဆုံးကြိုးစား ကုသ သွားပါမယ် ” ဆိုပြီးပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "“ကြၽန္ေတာ္မေသခ်င္ေသးဘူး ၊ ေၾကာက္တယ္”ဆိုၿပီး မိဘေတြကိုကင္ဆာေရာဂါကုေပးဖို႔ေတာင္းဆိုေနတဲ့ ကေလးငယ္"

Leave a comment

Your email address will not be published.


*