ကားေတြေၾကာင့္ သြားလာရခက္တဲ့ လမ္းမေပၚမွာပိတ္မိေနတဲ့ ေၾကာင္ေပါက္ေလးအား ကိုယ္က်ိဳးမငဲ့ကယ္တင္ခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)

Netizenေတြဟာ ကိုယ့္အသက္ကို မငဲ့ကာ လမ္းမေပၚရွိ ေၾကာင္ေပါက္စေလးကို ကယ္တင္ေပးခဲ့တဲ့ ေဟာင္ေကာင္အမ်ိဳးသားအား သူရဲေကာင္းတစ္ဦးဟု ခ်ီးက်ဴးခဲ့ၾကပါတယ္။ေႏြးေထြးမွုအျပည့္ရွိတဲ့ Kwok Kin Wai ဆိုတဲ့ ေဒသခံမီးသတ္သမားတစ္ဦးဟာ အဆိုပါေန႔က Kevin Kwokရွိ မီးသတ္ဌာနကို သြားေနတာျဖစ္ေၾကာင္း Shanghaiistသတင္းအရ သိရပါတယ္။ဗုဒၶဟူးေန႔က တ႐ုတ္မီဒီယာမွာ မၽွေဝခဲ့တဲ့ Kwokရဲ့ သူရဲေကာင္းဆန္တဲ့လုပ္ရပ္ ဗြီဒီယိုဟာ သုံးရက္အတြင္းၾကည့္ရွုသူေပါင္း ၁.၄သန္းေက်ာ္ရွိခဲ့ပါတယ္။အဆိုပါ ဗြီဒီယိုကို Lion Rockဥမင္လိုဏ္ေခါင္းကေန ထြက္လာတဲ့ ကားတစ္စီးရဲ့ dash camကေန ရရွိခဲ့ၿပီး သူဟာ မေကာက္ယူခင္ ေၾကာင္ေပါက္စေလးအနီးရွိသြားလာေနတဲ့ကားေတြကို ရပ္ေစကာ လမ္းေဘးတစ္ေနရာမွာရပ္ထားတဲ့သူ႔ရဲ့ ေမာ္ေတာ္ဆိုင္ကယ္ဆီသို့ ကယ္တင္ယူေဆာင္သြားခဲ့ပါတယ္။

အဲ့ဒီေနာက္ပိုင္းေတာ့ Kwok ဟာ သူ႔ရဲ့ Facebookစာမ်က္ႏွာမွာ ေၾကာင္ေပါက္စေလးရဲ့ ဗြီဒီယိုႏွင့္ ဓာတ္ပုံေတြကို မၽွေဝခဲ့ပါတယ္။သူဟာ ဆိုင္ကယ္ေမာင္းေနရင္း လမ္းေပၚမွာ လွုပ္ေနတဲ့အရာတစ္ခုကို သတိျပဳမိခဲ့ၿပီး အစေတာ့ ဆိုင္ကယ္ရပ္ရန္ အလြန္အႏၲရာယ္မ်ားတာေၾကာင့္ မသြားၾကည့္ေတာ့ရန္ စဥ္းစားခဲ့ပါေသးတယ္။ဒါေပမဲ့ အဆုံးမွာေတာ့ ကားလမ္းေပၚမွာပိတ္မိေနတဲ့ ေၾကာင္ေပါက္စေလးကို ကယ္တင္ရန္ ဆုံးျဖတ္ခဲ့ေၾကာင္း သူ႔ရဲ့ပိုစ့္အရ သိရပါတယ္။ေနာက္ဆုံးပိုစ့္တစ္ခုမွာအဆိုပါ ေၾကာင္ေပါက္စေလးကို ေမြးစားခ်င္သူတိုင္းအား ရွာေဖြေနေၾကာင္း တင္ထားခဲ့ၿပီး ေနာက္ၾကာသပေတးေန႔မွာ​ေတာ့ သူကယ္တင္ခဲ့တဲ့ေၾကာင္ေပါက္စေလးနဲ႔ေမြးစားမယ့္ပိုင္ရွင္တို့ရဲ့ ပုံကို Facebook pageမွာ ထပ္တင္ခဲ့ပါတယ္။

Jasmine (Mckzone Daily)

Source: nextshark.

Unicode

Netizenတွေဟာ ကိုယ့်အသက်ကို မငဲ့ကာ လမ်းမပေါ်ရှိ ကြောင်ပေါက်စလေးကို ကယ်တင်ပေးခဲ့တဲ့ ဟောင်ကောင်အမျိုးသားအား သူရဲကောင်းတစ်ဦးဟု ချီးကျူးခဲ့ကြပါတယ်။နွေးထွေးမှုအပြည့်ရှိတဲ့ Kwok Kin Wai ဆိုတဲ့ ဒေသခံမီးသတ်သမားတစ်ဦးဟာ အဆိုပါနေ့က Kevin Kwokရှိ မီးသတ်ဌာနကို သွားနေတာဖြစ်ကြောင်း Shanghaiistသတင်းအရ သိရပါတယ်။ဗုဒ္ဓဟူးနေ့က တရုတ်မီဒီယာမှာ မျှဝေခဲ့တဲ့ Kwokရဲ့ သူရဲကောင်းဆန်တဲ့လုပ်ရပ် ဗွီဒီယိုဟာ သုံးရက်အတွင်းကြည့်ရှုသူပေါင်း ၁.၄သန်းကျော်ရှိခဲ့ပါတယ်။အဆိုပါ ဗွီဒီယိုကို Lion Rockဥမင်လိုဏ်ခေါင်းကနေ ထွက်လာတဲ့ ကားတစ်စီးရဲ့ dash camကနေ ရရှိခဲ့ပြီး သူဟာ မကောက်ယူခင် ကြောင်ပေါက်စလေးအနီးရှိသွားလာနေတဲ့ကားတွေကို ရပ်စေကာ လမ်းဘေးတစ်နေရာမှာရပ်ထားတဲ့သူ့ရဲ့ မော်တော်ဆိုင်ကယ်ဆီသို့ ကယ်တင်ယူဆောင်သွားခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းတော့ Kwok ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ ကြောင်ပေါက်စလေးရဲ့ ဗွီဒီယိုနှင့် ဓာတ်ပုံတွေကို မျှဝေခဲ့ပါတယ်။သူဟာ ဆိုင်ကယ်မောင်းနေရင်း လမ်းပေါ်မှာ လှုပ်နေတဲ့အရာတစ်ခုကို သတိပြုမိခဲ့ပြီး အစတော့ ဆိုင်ကယ်ရပ်ရန် အလွန်အန္တရာယ်များတာကြောင့် မသွားကြည့်တော့ရန် စဉ်းစားခဲ့ပါသေးတယ်။ဒါပေမဲ့ အဆုံးမှာတော့ ကားလမ်းပေါ်မှာပိတ်မိနေတဲ့ ကြောင်ပေါက်စလေးကို ကယ်တင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သူ့ရဲ့ပိုစ့်အရ သိရပါတယ်။နောက်ဆုံးပိုစ့်တစ်ခုမှာအဆိုပါ ကြောင်ပေါက်စလေးကို မွေးစားချင်သူတိုင်းအား ရှာဖွေနေကြောင်း တင်ထားခဲ့ပြီး နောက်ကြာသပတေးနေ့မှာတော့ သူကယ်တင်ခဲ့တဲ့ကြောင်ပေါက်စလေးနဲ့မွေးစားမယ့်ပိုင်ရှင်တို့ရဲ့ ပုံကို Facebook pageမှာ ထပ်တင်ခဲ့ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment