သတို့သမီးမိဘေတြ ကန္႔ကြက္မွာကိုေၾကာက္တာေၾကာင့္ လူအေယာက္၂၀၀ကို ဧည့္သည္အျဖစ္ဌားရမ္းကာ ဟန္ေဆာင္ေစခဲ့တဲ့ သတို့သား

တ႐ုတ္နိုင္ငံေျမာက္ပိုင္းရွိ မဂၤလာပြဲတစ္ခုမွ သတို့သားဟာ သူစိမ္းအုပ္စု တစ္စုအား သူ႔ေဆြမ်ိဳးမ်ားႏွင့္ သူငယ္ခ်င္းမ်ား အျဖစ္ ဌားရမ္းကာ ဟန္ေဆာင္ေစခဲ့တာေၾကာင့္ ဖမ္းဆီးခံလိုက္ရပါတယ္။သတို့သမီးရဲ့ မိသားစုေတြဟာ Wangလို့ေခၚတဲ့ သတို့သားက မဂၤလာပြဲအတြက္ လူအ​ေယာက္ ၂၀၀ကို ဧည့္သည္အျဖစ္ ဌားရမ္းဟန္ေဆာင္ေစခဲ့တာေၾကာင့္ ေဒါသထြက္ခဲ့ေၾကာင္း BBCသတင္းအရ သိရပါတယ္။ေနာက္ဆုံးအမည္Liuမ်ိဳးဆက္လို့သိရွိရတဲ့ သတို့သမီးရဲ့ ေဆြမ်ိဳးေတြက သတို့သားရဲ့ေဘးမွာရွိတဲ့ ဧည့္သည္မ်ားႏွင့္ စကားစျမည္ေျပာဆိုေနရင္း သူတို့ဟာ မည္သူမည္ဝါျဖစ္ေၾကာင္းကို တစ္ဦးႏွင့္တစ္ဦး အဆက္စပ္မရွိ ေျပာဆိုေနခဲ့တာကို သတိထားမိခဲ့ၾကပါတယ္။Shaanxiျပည္နယ္မွာ မဂၤလာပြဲအခမ္းအနားစတင္ေနတဲ့အခ်ိန္မွာေတာ့ သတို့သားရဲ့ မိဘေတြဟာ ထိုင္ခုံေနရာမွာရွိမေနခဲ့တာကိုလည္း ထပ္မံ သိရွိခဲ့တာေၾကာင့္ သံသယစိတ္ေတြမ်ားလာကာ ေဒသခံအာဏပိုင္ေတြကို ခ်က္ခ်င္း ေခၚခဲ့ၾကပါေတာ့တယ္။

သုံးႏွစ္လုံးလုံးအတူရွိေနခဲ့ေပမဲ့ သတို့သမီးဟာ မတူညီတဲ့ သတို့သားရဲ့ သူငယ္ခ်င္းေတြကို မရိပ္မိခဲ့ပါဘူး။ေဒသခံ ႐ုပ္သံလိုင္း ShaanxiTV အင္တာဗ်ဴးအရ Wangဟာ သူ႔ေဆြမ်ိဳးမ်ားႏွင့္ သူငယ္ခ်င္းမ်ားအျဖစ္ဟန္ေဆာင္ေစၿပီး တစ္ဦးလၽွင္ ယြမ္ ၈၀(ေဒၚလာ၁၂)အခေၾကးေပးကာ ဌားရမ္းခဲ့ေၾကာင္း ဧည့္သည္အတု တစ္ဦးက ဝန္ခံခဲ့ပါတယ္။သတို့သားရဲ့ ထိုကဲ့သို့ဟန္ေဆာင္ဌားရမ္းရျခင္းရဲ့ ရည္ရြယ္ခ်က္မွာ သူ႔မိဘေတြက ၿမိဳ့ျပင္မွာေနတဲ့ Liuမ်ိဳးဆက္ကို လက္ထပ္ရန္ လက္မခံခဲ့တာေၾကာင့္ျဖစ္ပါတယ္။

“သူဟာ ဆင္းရဲတာေၾကာင့္ မိဘေဆြမ်ိဳးႏွင့္ သူငယ္ခ်င္းေတြကို ထိုမဂၤလာပြဲကို ဖိတ္ရမွာ ရွက္ေနခဲ့ၿပီး သတို့သမီးမိဘေတြက ကန္႔ကြက္မွာကိုလည္းေၾကာက္တာေၾကာင့္ ဟန္ေဆာင္ဌားရမ္းခဲ့ပုံရတယ္”လို့ Netizenေတြက ထင္ေၾကးေပးေျပာဆိုထားပါတယ္။အစီရင္ခံစာအရ ရဲတပ္ဖြဲ႕က အဆိုပါ သတို့သားကို စုံစမ္းစစ္ေဆးမွုမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္းကိုလည္း ထပ္မံသိရွိရပါေသးတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံမြောက်ပိုင်းရှိ မင်္ဂလာပွဲတစ်ခုမှ သတို့သားဟာ သူစိမ်းအုပ်စု တစ်စုအား သူ့ဆွေမျိုးများနှင့် သူငယ်ချင်းများ အဖြစ် ဌားရမ်းကာ ဟန်ဆောင်စေခဲ့တာကြောင့် ဖမ်းဆီးခံလိုက်ရပါတယ်။သတို့သမီးရဲ့ မိသားစုတွေဟာ Wangလို့ခေါ်တဲ့ သတို့သားက မင်္ဂလာပွဲအတွက် လူအယောက် ၂၀၀ကို ဧည့်သည်အဖြစ် ဌားရမ်းဟန်ဆောင်စေခဲ့တာကြောင့် ဒေါသထွက်ခဲ့ကြောင်း BBCသတင်းအရ သိရပါတယ်။နောက်ဆုံးအမည်Liuမျိုးဆက်လို့သိရှိရတဲ့ သတို့သမီးရဲ့ ဆွေမျိုးတွေက သတို့သားရဲ့ဘေးမှာရှိတဲ့ ဧည့်သည်များနှင့် စကားစမြည်ပြောဆိုနေရင်း သူတို့ဟာ မည်သူမည်ဝါဖြစ်ကြောင်းကို တစ်ဦးနှင့်တစ်ဦး အဆက်စပ်မရှိ ပြောဆိုနေခဲ့တာကို သတိထားမိခဲ့ကြပါတယ်။Shaanxiပြည်နယ်မှာ မင်္ဂလာပွဲအခမ်းအနားစတင်နေတဲ့အချိန်မှာတော့ သတို့သားရဲ့ မိဘတွေဟာ ထိုင်ခုံနေရာမှာရှိမနေခဲ့တာကိုလည်း ထပ်မံ သိရှိခဲ့တာကြောင့် သံသယစိတ်တွေများလာကာ ဒေသခံအာဏပိုင်တွေကို ချက်ချင်း ခေါ်ခဲ့ကြပါတော့တယ်။

သုံးနှစ်လုံးလုံးအတူရှိနေခဲ့ပေမဲ့ သတို့သမီးဟာ မတူညီတဲ့ သတို့သားရဲ့ သူငယ်ချင်းတွေကို မရိပ်မိခဲ့ပါဘူး။ဒေသခံ ရုပ်သံလိုင်း ShaanxiTV အင်တာဗျူးအရ Wangဟာ သူ့ဆွေမျိုးများနှင့် သူငယ်ချင်းများအဖြစ်ဟန်ဆောင်စေပြီး တစ်ဦးလျှင် ယွမ် ၈၀(ဒေါ်လာ၁၂)အခကြေးပေးကာ ဌားရမ်းခဲ့ကြောင်း ဧည့်သည်အတု တစ်ဦးက ဝန်ခံခဲ့ပါတယ်။သတို့သားရဲ့ ထိုကဲ့သို့ဟန်ဆောင်ဌားရမ်းရခြင်းရဲ့ ရည်ရွယ်ချက်မှာ သူ့မိဘတွေက မြို့ပြင်မှာနေတဲ့ Liuမျိုးဆက်ကို လက်ထပ်ရန် လက်မခံခဲ့တာကြောင့်ဖြစ်ပါတယ်။

“သူဟာ ဆင်းရဲတာကြောင့် မိဘဆွေမျိုးနှင့် သူငယ်ချင်းတွေကို ထိုမင်္ဂလာပွဲကို ဖိတ်ရမှာ ရှက်နေခဲ့ပြီး သတို့သမီးမိဘတွေက ကန့်ကွက်မှာကိုလည်းကြောက်တာကြောင့် ဟန်ဆောင်ဌားရမ်းခဲ့ပုံရတယ်”လို့ Netizenတွေက ထင်ကြေးပေးပြောဆိုထားပါတယ်။အစီရင်ခံစာအရ ရဲတပ်ဖွဲ့က အဆိုပါ သတို့သားကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်းကိုလည်း ထပ်မံသိရှိရပါသေးတယ်။

Jasmine (Mckzone Daily)

  • Leave a Comment