ေပ်ာက္ဆုံးေနတဲ့ကေလးမေလးကို မိလႅာကန္တစ္ခုရဲ့ေအာက္ေျခတြင္ေတြ႕ရွိခဲ့တဲ့အျဖစ္ (႐ုပ္သံ)

တ႐ုတ္နိုင္ငံရွိ မိန္းကေလးငယ္တစ္ဦးဟာ မီးသတ္သမားမ်ားရဲ့ကယ္ဆယ္ျခင္းမခံရမီအထိ ၄ ​​နာရီေက်ာ္ၾကာ မိလႅာကန္တစ္ခုတြင္ပိတ္မိေနခဲ့ပါတယ္။ Daily Mail သတင္းစာရဲ့အဆိုအရ ေျခာက္ႏွစ္အရြယ္ကေလးငယ္ဟာ ဧၿပီ ၂၄ ရက္ သူငယ္ခ်င္းမ်ားကိုသြားရွာမည္ဟု ဖခင္အားေျပာခဲ့ၿပီးေနာက္ အိမ္သို့ျပန္မလာခဲ့ပါဘူး။ဖခင္ျဖစ္သူဟာစိုးရိမ္ပူပန္ၿပီး သူရဲ့သမီးကိုရွာရန္ ေဒသခံအာဏာပိုင္မ်ားအားအကူအညီေတာင္းၿပီးေနာက္ Yubei ရဲမ်ားႏွင့္မီးသတ္သမားမ်ားက ခ်က္ခ်င္းပင္စုံစမ္းစစ္ေဆးမွုျပဳလုပ္ခဲ့ပါတယ္။ဖခင္ျဖစ္သူရဲ့ဆိုင္ခန္းရွိCCTV မွတ္တမ္းမ်ားကိုစစ္ေဆးၾကည့္ရာ သူမဟာအမ်ားသုံးအိမ္သာ ေလွကားအခ်ိဳ့ကိုတက္ၿပီးေနာက္ ေပ်ာက္သြားခဲ့တာကိုေတြ႕ရွိခဲ့ၾကပါတယ္။

Chongqing ျပည္နယ္Yubei ခရိုင္ရဲ့ အမ်ားသုံးအိမ္သာအနီးအနားဧရိယာအတြင္း မိန္းကေလးငယ္တစ္ဦးရဲ့ငိုသံကိုၾကားၿပီးေနာက္ ရွာေဖြေရးအဖြဲ႕ဟာ မိလႅာကန္တစ္ခုရဲ့ မီတာအနည္းငယ္နက္တဲ့ေအာက္ေျခမွာ သူမကိုေတြ႕ရွိခဲ့ပါတယ္။မီးသတ္သမားအဖြဲ႕ဟာ အခ်ိန္ျဖန္းမေနခဲ့ဘဲေလွကားတစ္စင္းသုံးကာ အဆိုပါမိန္းကေလးငယ္ဆီ ဆင္းခဲ့ၾကပါတယ္။မိန္းကေလးရဲ့ခါးပတ္ပတ္လည္ကို ႀကိဳးျဖင့္ခ်ည္ထားကာ သူမကိုေဘးကင္းစြာ ပင့္ခ်ီၿပီး လူနာထမ္းစင္ေပၚတင္ေပးခဲ့ၾကပါတယ္။ထိုမိန္းကေလးငယ္အား ေဒသခံေဆး႐ုံသို့အျမန္ပို့ေဆာင္ခဲ့ၿပီး သူမရဲ့ေျခေထာက္ေပၚရွိဒဏ္ရာမ်ားကိုကုသေပးခဲ့ပါတယ္။

ရဲစြမ္းသတၱိရွိတဲ့ ကယ္ဆယ္ေရးသမားမ်ားကို ဗီဒီယိုျဖင့္ဖမ္းယူၿပီး တ႐ုတ္လူမွုမီဒီယာမွာမၽွေဝခဲ့ၾကတယ္။ေဒသခံသတင္းေထာက္တစ္ဦးရဲ့အဆိုအရ မိန္းကေလးငယ္ဟာ မိလႅာကန္ထဲဲမွ အေပၚသို့တက္ရန္ ပင္ပန္းစြာႀကိဳးစားခဲ့ေၾကာင္း၊မိလႅာကန္ရဲ့အေပၚဘက္မွာ ဘိလပ္ေျမအဖုံးမရွိဘဲ အလြန္ပါးလႊာတဲ့ကတ္ထူျပားတစ္ခုသာရွိေၾကာင္းဖခင္ျဖစ္သူကရွင္းျပခဲ့တယ္ဟု ဆိုထားပါတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံရှိ မိန်းကလေးငယ်တစ်ဦးဟာ မီးသတ်သမားများရဲ့ကယ်ဆယ်ခြင်းမခံရမီအထိ ၄ နာရီကျော်ကြာ မိလ္လာကန်တစ်ခုတွင်ပိတ်မိနေခဲ့ပါတယ်။ Daily Mail သတင်းစာရဲ့အဆိုအရ ခြောက်နှစ်အရွယ်ကလေးငယ်ဟာ ဧပြီ ၂၄ ရက် သူငယ်ချင်းများကိုသွားရှာမည်ဟု ဖခင်အားပြောခဲ့ပြီးနောက် အိမ်သို့ပြန်မလာခဲ့ပါဘူး။ဖခင်ဖြစ်သူဟာစိုးရိမ်ပူပန်ပြီး သူရဲ့သမီးကိုရှာရန် ဒေသခံအာဏာပိုင်များအားအကူအညီတောင်းပြီးနောက် Yubei ရဲများနှင့်မီးသတ်သမားများက ချက်ချင်းပင်စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့ဆိုင်ခန်းရှိCCTV မှတ်တမ်းများကိုစစ်ဆေးကြည့်ရာ သူမဟာအများသုံးအိမ်သာ လှေကားအချို့ကိုတက်ပြီးနောက် ပျောက်သွားခဲ့တာကိုတွေ့ရှိခဲ့ကြပါတယ်။

Chongqing ပြည်နယ်Yubei ခရိုင်ရဲ့ အများသုံးအိမ်သာအနီးအနားဧရိယာအတွင်း မိန်းကလေးငယ်တစ်ဦးရဲ့ငိုသံကိုကြားပြီးနောက် ရှာဖွေရေးအဖွဲ့ဟာ မိလ္လာကန်တစ်ခုရဲ့ မီတာအနည်းငယ်နက်တဲ့အောက်ခြေမှာ သူမကိုတွေ့ရှိခဲ့ပါတယ်။မီးသတ်သမားအဖွဲ့ဟာ အချိန်ဖြန်းမနေခဲ့ဘဲလှေကားတစ်စင်းသုံးကာ အဆိုပါမိန်းကလေးငယ်ဆီ ဆင်းခဲ့ကြပါတယ်။မိန်းကလေးရဲ့ခါးပတ်ပတ်လည်ကို ကြိုးဖြင့်ချည်ထားကာ သူမကိုဘေးကင်းစွာ ပင့်ချီပြီး လူနာထမ်းစင်ပေါ်တင်ပေးခဲ့ကြပါတယ်။ထိုမိန်းကလေးငယ်အား ဒေသခံဆေးရုံသို့အမြန်ပို့ဆောင်ခဲ့ပြီး သူမရဲ့ခြေထောက်ပေါ်ရှိဒဏ်ရာများကိုကုသပေးခဲ့ပါတယ်။

ရဲစွမ်းသတ္တိရှိတဲ့ ကယ်ဆယ်ရေးသမားများကို ဗီဒီယိုဖြင့်ဖမ်းယူပြီး တရုတ်လူမှုမီဒီယာမှာမျှဝေခဲ့ကြတယ်။ဒေသခံသတင်းထောက်တစ်ဦးရဲ့အဆိုအရ မိန်းကလေးငယ်ဟာ မိလ္လာကန်ထဲမှ အပေါ်သို့တက်ရန် ပင်ပန်းစွာကြိုးစားခဲ့ကြောင်း၊မိလ္လာကန်ရဲ့အပေါ်ဘက်မှာ ဘိလပ်မြေအဖုံးမရှိဘဲ အလွန်ပါးလွှာတဲ့ကတ်ထူပြားတစ်ခုသာရှိကြောင်းဖခင်ဖြစ်သူကရှင်းပြခဲ့တယ်ဟု ဆိုထားပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment