လူတွေရဲ့မျက်နှာထားနဲ့ အတော်လေးကိုဆင်တူလွန်းလှတဲ့ ကြောင်လေးတွေ


1

2

3

4

5

6

7

8

9

10

11

Jasmine (Mckzone Daily)

Source: boredpanda

Unicode

တစ်ခါတစ်လေမှာ လူတွေ နဲ့ တိရစ္ဆာန်လေးတွေဟာလည်း အတော်လေးကိုဆင်တူလွန်းလှပါတယ် ။ Gerrard Gethings အမည်ရှိတဲ့ Professional ဓာတ်ပုံဆရာတစ်ဦးဟာ လူတွေဟာသူတို့ရဲ့ ကြောင်လေးတွေနဲ့ဆင်တူလွန်းလှတဲ့ project တစ်ခုကို ဓာတ်ပုံရိုက်ယူခဲ့ပါတယ် ။ ဆင်တူမှုတွေက မယုံနိုင်လောက်အောင်ဖြစ်ခဲ့ပြီး ဓာတ်ပုံတွေကလည်း တစ်ကယ့်မျက်လှည့်တစ်ခုလို ပြောင်မြောက်လွန်းလှပါတယ် ။ ဆံပင်တွေ ၊ အကြည့်တွေနဲ့ အရောင်အဆင်းတွေကို တစ်ပုံစံထဲဖြစ်အောင်ရွေးချယ်ထားပါသေးတယ် ။ ဓာတ်ပုံထဲကလူတွေက ကြောင်လေးတွေရဲ့သခင်တွေလို့ ထင်ရပေမဲ့လည်း အမှန်တကယ်တော့ ဓာတ်ပုံအတွက်မော်ဒယ်အနေနဲ့ ခေါ်ယူထားတဲ့လူတွေဖြစ်ပါတယ် ။ ခေါင်းစဉ်ကိုတော့ ‘ Do you look like your cat ‘ ဆိုပြီး အမည်ပေးထားပါတယ် ။ ” ကျွန်တော်အရင်က people who look like dogs ဆိုတဲ့ series တစ်ခုလုပ်ခဲ့သေးတယ် ၊ အတော်လေးအောင်မြင်ခဲ့တယ် ပြီးတော့ ဒီတစ်ခေါက် project အတွက်လည်း ကြောင်လေးကအသင့်တော်ဆုံးမို့လို့ပါ ၊ ကြောင်လေးတွေက ခွေးလေးတွေထက် ဓာတ်ပုံရိုက်ရတာပိုပြီး ခက်ခဲပါတယ် ” ဆိုပြီး ဓာတ်ပုံဆရာကပြောပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment