ကိုယ္ဝန္ေဆာင္ခ်ိန္ဟာ အမ်ိဳးသမီးတိုင္းအတြက္ ခက္ခဲပင္ပန္းတဲ့အခ်ိန္ တစ္ခုပါ။ဒါေပမဲ့ ဇနီးျဖစ္သူ ျဖစ္ခ်င္ လိုခ်င္တဲ့ အရာေတြကို လက္တကမ္းအမီွမွာရွိေနေအာင္ ျပဳလုပ္ေပးတဲ့ ခင္ပြန္းတစ္ေယာက္ရွိေနျခင္းဟာလည္း သူမရဲ့ ကိုယ္ဝန္ေဆာင္ခ်ိန္ဟာ အဆင္ေျပလြယ္ကူသလို ျဖစ္သြားနိုင္ပါတယ္။ကိုးရီးယားလူမ်ိဳးတစ္ဦးျဖစ္တဲ့ Lee Jong Chul ဆိုသူခ်စ္တတ္လြန္းတဲ့ ခင္ပြန္းဟာ ဇနီးျဖစ္သူ Lee Yoo Jungက သူမရဲ့အျမင္ရွိတဲ့ခင္ပြန္းဆီက ရရွိခဲ့တဲ့ အံ့အားသင့္စရာ အရာတစ္ခုရဲ့ ဓာတ္ပုံေတြကို မၽွေဝၿပီးေနာက္မွာေတာ့ လူမွုကြန္ရက္မွာ လူသိမ်ားလာခဲ့ေၾကာင္း Allkpop သတင္းအရ သိရပါတယ္။ဓာတ္ပုံထဲကအတိုင္း အိမ္ထဲရွိ အပန္းေရာင္စင္ေတြေပၚမွာ ေခါက္ဆြဲေျခာက္ထုပ္၊အခ်ိဳရည္ဘူးႏွင့္ တျခားေသာ မုန္႔မ်ိဳးစုံကို ေတြ႕ရမွာပါ။
၂၉ႏွစ္အရြယ္ ဇနီ:ျဖစ္သူက သူမခင္ပြန္းဟာ တစ္ေနကုန္ အလုပ္ခြင္မွာရွိေနတာေၾကာင့္ အကယ္လို့ သူမစားခ်င္တဲ့ မုန္႔ရွိခဲ့ရင္ အလြယ္တကူ ယူစားနိုင္ရန္ သူမအတြက္ မုန္႔ဆိုင္အေသးစားေလးလုပ္ေပးခဲ့ေၾကာင္း ဆိုထားပါတယ္။အဲ့လိုျပဳလုပ္ေပးတာကို သူမဟာ ႀကိဳက္ႏွစ္သက္ေပမဲ့ “ပိုက္ဆံျဖဳန္းတယ္”လို့ ခင္ပြန္းျဖစ္သူအား ဆိုခဲ့ကာ အသက္၃၀အရြယ္ခင္ပြန္းကေတာ့ အဆိုပါ စကားကို ျငင္းဆိုခဲ့ပါတယ္။”သူက ကၽြန္မကို နားပူနားဆာမလုပ္နဲ႔တဲ့။ဘာလို့ဆို အဲလိုလုပ္တာဟာ ေဆးလိပ္သမားေတြအတြက္ စီးကရက္ဝယ္စာေလာက္ဘဲ ရွိတယ္”ဟု ဇနီးျဖစ္သူက ေျပာျပထားပါတယ္။ခ်စ္တတ္လြန္းသူႀကီး Lee Jong Chulကို တစ္ေယာက္တစ္ေယာက္က တစ္ႏွစ္တာ အေကာင္းဆုံး ခင္ပြန္းဆု ဆုခ်ေပးၾကပါလားလို့ေျပာလိုက္ခ်င္ပါေတာ့တယ္။
Jasmine (Mckzone Daily)
Source: nextshark
Unicode
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတိုင်းအတွက် ခက်ခဲပင်ပန်းတဲ့အချိန် တစ်ခုပါ။ဒါပေမဲ့ ဇနီးဖြစ်သူ ဖြစ်ချင် လိုချင်တဲ့ အရာတွေကို လက်တကမ်းအမှီမှာရှိနေအောင် ပြုလုပ်ပေးတဲ့ ခင်ပွန်းတစ်ယောက်ရှိနေခြင်းဟာလည်း သူမရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ အဆင်ပြေလွယ်ကူသလို ဖြစ်သွားနိုင်ပါတယ်။ကိုးရီးယားလူမျိုးတစ်ဦးဖြစ်တဲ့ Lee Jong Chul ဆိုသူချစ်တတ်လွန်းတဲ့ ခင်ပွန်းဟာ ဇနီးဖြစ်သူ Lee Yoo Jungက သူမရဲ့အမြင်ရှိတဲ့ခင်ပွန်းဆီက ရရှိခဲ့တဲ့ အံ့အားသင့်စရာ အရာတစ်ခုရဲ့ ဓာတ်ပုံတွေကို မျှဝေပြီးနောက်မှာတော့ လူမှုကွန်ရက်မှာ လူသိများလာခဲ့ကြောင်း Allkpop သတင်းအရ သိရပါတယ်။ဓာတ်ပုံထဲကအတိုင်း အိမ်ထဲရှိ အပန်းရောင်စင်တွေပေါ်မှာ ခေါက်ဆွဲခြောက်ထုပ်၊အချိုရည်ဘူးနှင့် တခြားသော မုန့်မျိုးစုံကို တွေ့ရမှာပါ။
၂၉နှစ်အရွယ် ဇနီ:ဖြစ်သူက သူမခင်ပွန်းဟာ တစ်နေကုန် အလုပ်ခွင်မှာရှိနေတာကြောင့် အကယ်လို့ သူမစားချင်တဲ့ မုန့်ရှိခဲ့ရင် အလွယ်တကူ ယူစားနိုင်ရန် သူမအတွက် မုန့်ဆိုင်အသေးစားလေးလုပ်ပေးခဲ့ကြောင်း ဆိုထားပါတယ်။အဲ့လိုပြုလုပ်ပေးတာကို သူမဟာ ကြိုက်နှစ်သက်ပေမဲ့ “ပိုက်ဆံဖြုန်းတယ်”လို့ ခင်ပွန်းဖြစ်သူအား ဆိုခဲ့ကာ အသက်၃၀အရွယ်ခင်ပွန်းကတော့ အဆိုပါ စကားကို ငြင်းဆိုခဲ့ပါတယ်။”သူက ကျွန်မကို နားပူနားဆာမလုပ်နဲ့တဲ့။ဘာလို့ဆို အဲလိုလုပ်တာဟာ ဆေးလိပ်သမားတွေအတွက် စီးကရက်ဝယ်စာလောက်ဘဲ ရှိတယ်”ဟု ဇနီးဖြစ်သူက ပြောပြထားပါတယ်။ချစ်တတ်လွန်းသူကြီး Lee Jong Chulကို တစ်ယောက်တစ်ယောက်က တစ်နှစ်တာ အကောင်းဆုံး ခင်ပွန်းဆု ဆုချပေးကြပါလားလို့ပြောလိုက်ချင်ပါတော့တယ်။
Jasmine (Mckzone Daily)
Be the first to comment on "ကိုယ္ဝန္ေဆာင္ေနတဲ့ ဇနီးသည္အား မပင္ပန္းေစရန္ အိမ္မွာ မုန္႔ဆိုင္အေသးစားေလးလုပ္ေပးခဲ့တဲ့ ခ်စ္တတ္လြန္းတဲ့ ခင္ပြန္း"