လမ်းမပေါ်မှာရောင်းချနေတဲ့ သူ့ရဲ့ခွေးပေါက်စလေးတွေကို စောင့်ကြည့်နေရုံမျှတစ်ပါး ဘားမှမလုပ်နိုင်ခဲ့တဲ့ မိခင်ခွေးမကြီးရဲ့အဖြစ်
Jasmine (Mckzone Daily)
Source: nextshark
Unicode
တရုတ်နိုင်ငံ Hangzhou မြို့ရှိ လမ်းမပေါ်တွင်ရောင်းချနေတဲ့ ခွေးပေါက်စများကို ကြည့်နေတဲ့မိခင်ခွေးလေးတစ်ကောင်ရဲ့ ပုံများဟာ တရုတ် လူမှုမီဒီယာပေါ်တွင် ကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။Le Le လို့ခေါ်တဲ့ခွေးမလေးတစ်ကောင်ဟာ ဈေးဝယ်စင်တာတစ်ခုမှာ နေ့စဉ်နေ့တိုင်း သူမရဲ့၁လအရွယ်သာရှိတဲ့ခွေးပေါက်စလေးတွေကို စိတ်ရှုပ်ထွေးစွာစောင့်ကြည့်နေခဲ့ရပါတယ်။Le Leဟာ သူမရဲ့နောက်ဆုံးသာကျန်ရှိတဲ့ခွေးပေါက်လေး၂ကောင်ကို ဝယ်ယူသွားတဲ့ဝယ်သူနောက်သာ လိုက်နေခဲ့ကြောင်း Daily Mail သတင်းအရ သိရပါတယ်။တနင်္လာနေ့ကအဆိုပါပုံကိုအမိအရရိုက်ကူးထားတဲ့ ဓာတ်ပုံဆရာအား ဆိုင်ပိုင်ရှင်က ၃ နှစ်အရွယ်LeLeဟာ ပြီးခဲ့တဲ့လက ခွေးလေး၄ကောင်ကိုမွေးဖွားခဲ့ပြီး သူမစောင့်ကြည့်နေတဲ့ခွေးပေါက်စလေး ၂ ကောင်သာကျန်ရှိနေခဲ့ကြောင်းပြောပြထားပါတယ်။
Le Le ဟာသူမရဲ့ခွေးပေါက်စများကို ဘယ်လိုအခြေအနေမဆိုကာကွယ်ပေးပြီး အလားအလာရှိတဲ့ဖောက်သည်များကိုသာ စိတ်ဝင်စားမှုပြပြီး သူ့ရဲ့ကလေးတွေကို ညွှန်ပြတတ်တယ်လို့အမည်မဖော်ဓာတ်ပုံဆရာက ပြောပြထားပါတယ်။ခွေးမလေးဟာ သုံးကြိမ်မီးဖွားခဲ့ပြီး သူရဲ့၁လသားအရွယ်ခွေးပေါက်စများကို တစ်ကောင်လျှင် ယွမ် ၁၈၀ (ဒေါ်လာ ၂၆) ဖြင့် ပိုင်ရှင်ဖြစ်သူကရောင်းချခဲ့ကြောင်းကိုလည်း သိရှိရပါတယ်။
တရုတ် netizenတွေကတော့Le Le ခွေးမအပေါ် ပိုင်ရှင်ရဲ့ ပြုမူပုံကို ဝေဖန်နေကြပါတယ်။”ငါက တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်တတ်သူတစ်ယောက်မဟုတ်ပေမယ့် Le Le ဘာကြောင့်ဒီလောက်ဝမ်းနည်းနေလဲဆိုတာကိုငါသိတယ်။ ပိုင်ရှင်က ဘာဖြစ်လို့ Le Le အတွက်ခွေးကလေးတစ်ကောင်တောင်မထားခဲ့တာလဲ”၊”Le Leဟာ သူမရဲ့ကလေးများအားတစ်ချိန်လုံးဆုံးရှုံးရတဲ့နာကျင်မှုကို ခံစားနေရတယ်။”စသဖြင့် မှတ်ချက်အမျိုးမျိုးရေးခဲ့ကြပါတယ်။အဆိုပါခွေးပေါက်လေး၂ကောင်အား အမှန်တကယ်ချစ်ပြီးဂရုစိုက်တတ်တဲ့ ပိုင်ရှင်နှင့်ဆုံစည်းစေရန်အတွက်လည်း မျှော်လင့်နေကြတဲ့သူတွေလည်းရှိနေပါတယ်။
Jasmine (Mckzone Daily)
Be the first to comment on "လမ်းမပေါ်မှာရောင်းချနေတဲ့ သူ့ရဲ့ခွေးပေါက်စလေးတွေကို စောင့်ကြည့်နေရုံမျှတစ်ပါး ဘားမှမလုပ်နိုင်ခဲ့တဲ့ မိခင်ခွေးမကြီးရဲ့အဖြစ်"
Leave a comment
Your email address will not be published.
*