ရှေးဟောင်းနည်းပညာတွေကို အသုံးပြုပြီး ခမ်းနားထည်ဝါလွန်းလှတဲ့ နရံကပ်ရုပ်ကြွပုံတွေကို ဖန်တီးပုံဖော်ပြခဲ့သူ


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

Jasmine (Mckzone Daily)

Source: boredpanda

Unicode

Bas-Relief ဆိုတာ လူသားတို့ရဲ့ ရှေးကျလွန်းတဲ့ အနုပညာဗိသုကာလက်ရာတစ်မျိုးဖြစ်ပြီး နံရံပေါ်မှာ ခမ်းနားထည်ဝါလွန်းလှတဲ့ ရုပ်ကြွပုံတွေကိုဖန်တီးပုံဖော်တာပါ ။ များသောအားဖြင့် အီဂျစ် ၊ ရောမ နှင့် ဂရိ နိုင်ငံတို့မှာရှိတဲ့ အဆောက်အအုံကြီးတွေ ၊ ဘုရားကျောင်းတွေရဲ့ နံရံပေါ်မှာ တွေ့ရှိရလေ့ရှိပါတယ် ။ Goga Tandashvili အမည်ရှိတဲ့ ရုရှားနိုင်ငံက အနုပညာရှင်ဟာ လူတွေလေးစားအားကျရလောက်တဲ့ အနုပညာတွေကိုဖန်တီးပုံဖော်ခဲ့ပါတယ် ။ အမြီးရှည်ငှက်လေးတွေ ၊ ပန်းပွင့်လေးတွေ နဲ့ ဇိမ်ခံတန်ဖိုးကြီးပစ္စည်းတွေကို နံရံပေါ်မှာပုံဖော်ပြခဲ့တာပါ ။ Goga ဟာ ပန်းချီဆရာတစ်ဦးလည်းဖြစ်ပြီး ၊ နံရံပေါ်မှာဖန်တီးထားတဲ့ပုံတွေကို 3D effect ပုံစံမျိုးရအောင် ရာစုနှစ်ပေါင်းများစွာအသုံးပြုခဲ့တဲ့ ရှေးဟောင်းနည်းပညာတွေအတိုင်းသာ ဖန်တီးပုံဖော်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment