1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Jasmine (Mckzone Daily)
Source: boredpanda
Unicode
အီတလီနိုင်ငံ Monza မြို့ရှိ Matteo Stucchi ဆိုသူဟာ အချိုပွဲဆိုင်ရာစားဖိုမှူးတစ်ဦးဖြစ်ပြီး သူဟာ အချိုပွဲတွေကိုသာ အသုံးပြုပြီး ပုံတူရုပ်တုငယ်လေးများကို အနည်းငယ်ဖြည့်စွက်ကာသေးငယ်တဲ့ ကမ္ဘာငယ်တစ်ခုအဖြစ် တီထွင်ဖန်တီးနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။”အချိုပွဲတစ်ခုရဲ့ပုံပန်းသဏ္ဌာန်ဟာ သူ့အရသာလိုဘဲ အရေးကြီးတယ်”ဟု စားဖိုမှူး Matteoကဆိုထားပါတယ်။ဖုတ်ထားတဲ့အညိုရောင်ပေါင်မုန့်ဟာ သတ္တုတူးဖော်တဲ့နေရာ ဖြစ်လိုက်၊ ကိတ်မုန့်အဝိုင်းတွေကလည်း gym ကစားတဲ့ ကိရိယာ ဖြစ်သွားလိုက်နဲ့ အစရှိတဲ့ သူ့ရဲ့အဆုံးမရှိတဲ့ စိတ်ကူးစိတ်သန်းတွေကို တွေ့ရမှာပါ။ထိုကဲ့သို့ တီထွင်ဖန်တီးနိုင်ရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းကတော့ သူ့ရဲ့ စိတ်ရှည်သည်းခံတတ်တဲ့စိတ်ဖြစ်ပြီး အသေးစိတ်ကျကျကို အာရုံစိုက်နိုင်တာကလည်း အံ့ဩစရာတစ်ခုပါဘဲ။လူအများစုဟာ သူ့ရဲ့အားထုတ်ကြိုးပမ်းမှုကို လျစ်လျူရှုမထားနိုင်ခဲ့ပါဘူး။ပုံတွေကို တင်ပြီး နှစ်လအကြာမှာတော့ သူဟာ followers ၃၅,၀၀၀အထိ တိုးသွားခဲ့ပါတယ်။ဒါကြောင့် စားဖိုမှူးကြီး Matteoရဲ့ ဆန်းသစ်တဲ့ တီထွင်ဖန်တီးမှုတွေကို စာဖတ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။
Jasmine (Mckzone Daily)