ခေတ်မီစွာလှပဖို့အတွက် ငွေအမြောက်အမြားအကုန်ချခံပြီး နှုတ်ခမ်းကြီးအောင်ပြုပြင်ခဲ့တဲ့ အမျိုးသမီး

Andrea Emilova lvanova အမည်ရှိတဲ့ အသက် 22နှစ်အရွယ် Bulgaria နိုင်ငံမှာနေထိုင်တဲ့အမျိုးသမီးဟာ ခေတ်မီစွာလှပနိုင်ဖို့အတွက် သူများထက် 3ဆ လောက်ပိုကြီးမားတဲ့နှုတ်ခမ်းသားရရှိဖို့အတွက် ငွေအမြောက်အမြားအကုန်ကျခံပြီး 15 ကြိမ်လောက် နှုတ်ခမ်းသားပိုကြီးအောင် ဆေးထိုးပြီးကုသမှုပြုလုပ်ခဲ့ပါတယ် ။ နောက်ပိုင်းတွေမှာဆိုရင်လည်း ဒီထက်နှုတ်ခမ်းသားပိုကြီးလာအောင်လည်း စီစဉ်ထားကြောင်း သူမပြောဆိုခဲ့ပါတယ် ။ ကုသမှုတစ်ခေါက်တိုင်းကို ပေါင်135 (မြန်မာငွေ 2သိန်းကျော် ဝန်းကျင်) ခန့် ကုန်ကျခဲ့ပါတယ် ။ Andrea ဟာသူမ ငယ်စဉ်ကတည်းက နှုတ်ခမ်းသားကြီးကြီးလေးကိုအတော်လေး လိုချင်ခဲ့ကြောင်း ၊ ထို့ကြောင့် ပိုပြီးလှပဖို့အတွက် Bulgarian မြို့တွေမှာရှိတဲ့ အလှပြုပြင်ရေးဆေးခန်းသို့ အခေါက်ပေါင်းများစွာသွားရောက်ခဲ့ပြီး ပိုပြီးလှပဖို့အတွက်မျှော်လင့်ခဲ့ကြောင်း သူမကပြောဆိုသွားခဲ့ပါတယ် ။ ထို့အပြင် ” ကျွန်မရဲ့အခုနှုတ်ခမ်းကိုအရင်ကထက်ပို ကြိုက်တယ် ၊ အခုတော်တော်လေး ပျော်ရွှင်တယ် ဘာလို့လဲဆိုတော့ အခု Bulgaria မှာကဒီလို ဖက်ရှင်ကခေတ်စားနေတဲ့အတွက် ကျွန်မနှုတ်ခမ်းကကြီးတော့ ပိုပြီးလှတယ်လို့ခံစားရတယ်၊ ကျွန်မ ဒီမြို့ကဆေးခန်းတွေအကုန်လုံးက နှုတ်ခမ်းဆေးမျိုးစုံထိုးဖူးတယ် ” ဆိုပြီး သူမကပြောဆိုသွားခဲ့ပါတယ် ။

Andrea ဟာ သူမရဲ့ Instagram မှာ follower ပေါင်း 15000 ခန့်ရှိပြီး ၊ သူမရဲ့နှုတ်ခမ်းsize နှင့်ပက်သက်ပြီး ချစ်ဖို့ကောင်းတယ်ဆိုပြီး ချီးမွှမ်းကြတဲ့ comment ပေါင်းများစွာရရှိခဲ့ပေမဲ့လည်း အချို့သောပရိသတ်များကလည်း သူမရဲ့ကြီးမားလွန်းတဲ့ နှုတ်ခမ်းသားကြောင့် social media ကနေများစွာသော တုံ့ပြန်ပြောဆိုမှုများ ရရှိခဲ့ပါတယ် ။ Andrea က ” ကျွန်မရဲ့ နှုတ်ခမ်း ၊ ဝတ်စားဆင်ယင်ပုံတွေနဲ့ ပက်သက်ပြီး ကမ္ဘာတစ်ဝှမ်းက လူထောင်ပေါင်းများစွာဆီက နေ့တိုင်ချီးကျူမှုတွေကို လက်ခံရရှိခဲ့ပေမဲ့လည်း အဆိုးဖက် comment ရေးသားတာမျိုးလည်း လက်ခံရရှိလေ့ရှိပါတယ် ။ အဆိုးတွေကိုတော့ မိန်းကလေးတွေကပဲ အများဆုံး ရေးသားကြတာပါ ၊ ပြီးတော့ နှုတ်ခမ်းကြီးလို့ ကျွန်မကိုကြိုက်သလို ၊ အရင်ကနှုတ်ခမ်းပါးပါးလေးနဲ့ကိုမှ ပိုကြိုက်တဲ့သူတွေလည်း ရှိကြပါတယ်၊ အဲဒါတွေက ကျွန်မအတွက် အရေးမကြီးပါဘူး ၊ ကျွန်မအတွက် အရေးကြီးတာက ကျွန်မကြိုက်နေရင် ရပြီ ” ဆိုပြီးသူမကပြောဆိုသွားခဲ့ပါတယ် ။

သူမကိုယ်သူမ ပြိုင်ဘက်ကင်းဖြစ်အောင်နေထိုင်နေပြီး မည်သည့်နာမည်ကျော်အနုပညာရှင်များထံမှ အတုယူထားခြင်းမျိုးမရှိပဲ သူမ၏ကိုယ်ပိုင် အလှအပပြုပြင်တဲ့ပုံစံသာဖြစ်ကြောင်း သူမကပြောဆိုသွားခဲ့ပါတယ် ။

သူမကို ကမ္ဘာပေါ်မှာ အကြီးဆုံးနှုတ်ခမ်းသားပိုင်ရှင်ဖြစ်ချင်တာလားဆိုပြီး သူမကိုမေးမြန်းခဲ့ချိန်မှာတော့ “ဒါပေါ့ ၊ ဘာလို့မဖြစ်ချင်ရမှာလဲ ” ဆိုပြီးသူမကပြန်ဖြေခဲ့ပါတယ် ။ ဒါ့အပြင် သူမတို့နိုင်ငံမှာ နှုတ်ခမ်းသားထူထူလေးတွေက ခေတ်စားနေတာဖြစ်တဲ့အတွက် မိန်းကလေးတွေအများစုက နှုတ်ခမ်းသားထူအောင် ဆေးထိုးလေ့ရှိကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source:dailymail

Be the first to comment on "ခေတ်မီစွာလှပဖို့အတွက် ငွေအမြောက်အမြားအကုန်ချခံပြီး နှုတ်ခမ်းကြီးအောင်ပြုပြင်ခဲ့တဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*