Modelအလှလေးတွေနဲ့အတူ ပဲပေးကာ ဓာတ်ပုံရိုက်ကူးနေခဲ့တဲ့ ရုရှားနိုင်ငံရှိ Stepan လို့ခေါ်တဲ့အညိုရောင်ဝက်ဝံလေး


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ရုရှားနိုင်ငံရှိ ၂၈ နှစ်အရွယ် Stepan လို့ခေါ်တဲ့အညိုရောင်ဝက်ဝံလေးတစ်ကောင်ဟာ အကြောင်းအမျိုးမျိုးကြောင့် ရုရှားမှာလူသိများကြပါတယ်။အတိတ်က အမည်ဆိုးကြောင့်ကျော်ကြားတဲ့ ရုရှားဝက်ဝံပေါက်စလေးကို အမေဖြစ်သူကစွန့်ပစ်ခဲ့သော်လည်းကံကောင်းထောက်မစွာဖြင့် Stepanဟာ အလွန်ချစ်တတ်တဲ့ Svetlana နှင့် Yuriy Panteleenko ဆိုတဲ့ ချစ်သူစုံတွဲရဲ့ မွေးစားခြင်းကိုခံခဲ့ရပါတယ်။ Stepanဟာ သူ့ရဲ့ဘဝတစ်လျှောက်လုံးကို လူသားတွေနှင့်သာကြီးပြင်းလာခဲ့ရတာကြောင့် အိမ်မွေးတိရစ္ဆာန်ဝက်ဝံတစ်ကောင်လိုဖြစ်လာပါတော့တယ်။ယနေ့ခေတ်မှာတော့ Stepan ဟာ ဖော်ရွေပြီးလူတွေကိုချစ်တတ်တဲ့ဝက်ဝံလေးဖြစ်နေရုံသာမက နာမည်ကြီးရုရှားဓာတ်ပုံဆရာ Mila Zhdanova ရဲ့အချစ်တော်လေးလည်းဖြစ်ပါတယ်။ ပိုင်ရှင်ဖြစ်သူတွေမှတဆင့် Mila Zhdanova ဟာ Stepanရဲ့အကြောင်းကိုပိုမိုသိရှိခဲ့ရပါတယ်။ Mila ဟာ Stepanနဲ့အမျိုးသမီးတစ်ဦးတို့ရဲ့Disneyရုပ်ရှင်အလား စိတ်ကူးယဉ်ဆန်တဲ့ဓာတ်ပုံများကို မကြာခဏမျှဝေလေ့ရှိပါတယ်။ကမ္ဘာတစ်ဝှမ်းလုံးမှနိုင်ငံပေါင်းစုံရှိမော်ဒယ်တို့ဟာ Stepanဝက်ဝံလေးနှင့်အတူအလုပ်တွဲလုပ်နိုင်မဲ့အခွင့်အရေးကိုရရန် ၅ နှစ်တာမျှစောင့်ဆိုင်းကြရပါတယ်။ရုးရှာ ရိုးရာဝတ်စုံဝတ်ဆင်ကာ အလှကြီးလှနေကြတဲ့ မော်ဒယ်မလေးများနှင့် Stephanဝက်ဝံလေးတို့ရဲ့ အမိုက်စားရိုက်ချက်တွေကို စာဖတ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment