ေတာမီးေလာင္မွုေၾကာင့္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရတဲ့ ေတာရိုင္းတိရိစၧာန္ေလးေတြအတြက္ ရန္ပုံေငြရရန္ ျပကၡဒိန္႐ိုက္ယူခဲ့ၾကတဲ့ မီးသတ္သမားမ်ား

ဩစေၾတးလ်မီးသတ္သမားမ်ားဆိုတဲ့ ျပကၡဒိန္ကို ၁၉၉၃ခုႏွစ္က ကေလးေဆး႐ုံေဖာင္ေဒးရွင္းမ်ားအား ပံ့ပိုးရန္ တည္ေထာင္ခဲ့ၿပီး သက္ဆိုင္သူေတြက ကေလးမီးေလာင္ျခင္းႏွင့္ ပတ္သက္တဲ့ သုေတသနအတြက္ ရန္ပုံေငြ ေထာက္ပံ့ခဲ့ပါတယ္။အဲ့ဒီအခ်ိန္ကတည္းက ပရဟိတလုပ္ငန္းအတြက္ ေဒၚလာ ၃.၂သန္းေက်ာ္ စုေဆာင္းနိုင္ခဲ့ၿပီး ၂၀၂၀ခုႏွစ္မွာေတာ့ ယခင္ရရွိခဲ့တဲ့ပမာဏေလာက္ရရန္ ဘယ္လိုစတင္ ျပဳလုပ္ရမလဲဆိုတာကို သူတို့စဥ္းစားခဲ့ၾကပါတယ္။ဩစေၾတးလ် မီးသတ္သမားအဖြဲ႕က ၂၀၁၉အကုန္၂၀၂၀ခုႏွစ္ အေစာပိုင္းေလာက္မွာ အႀကီးအက်ယ္ပ်က္စီးဆုံးရွုံးမွုေတြ ၾကဳံခဲ့ရၿပီး သဘာဝေဘးအႏၲရာယ္ျဖစ္တဲ့ ေတာမီးေလာင္မွုေၾကာင့္ ကၽြန္ေတာ္တို့ စိတ္နာစြာ ခံစားခဲ့ၾကရတယ္။ကၽြန္ေတာ္တို့ ရဲ့ မ်ားစြာေသာ တိရိစၧာန္မ်ိဳးစိတ္ေပါင္း ၁ဘီလီယံေလာက္ကိုလည္းဆုံးရွုံးခဲ့ရၿပီး ေတာအုပ္ေတြက ပ်က္စီးသြားတာေၾကာင့္ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရတဲ့ ေတာရိုင္းတိရိစၧာန္မ်ားစြာ ရွိခဲ့ေၾကာင္း Bored Pandaသတင္းအား ေျပာျပထားပါတယ္။

ၿပီးခဲ့တဲ့၂၀၂၀ခုႏွစ္ ျပကၡဒိန္ရဲ့ ရန္ပုံေငြဟာ ေထာက္ပံ့မဲ့ ပစၥည္းကိရိယာအသစ္ေတြကို ၆လစာနီးပါးေပးေဆာင္နိုင္ခဲ့ေပမဲ့ ယခု ၂၀၂၁ခုႏွစ္အတြက္ ထုတ္ေဝမဲ့ “Animal Lovers”ဆိုတဲ့ ျပကၡဒိန္မွာေတာ့ ဒဏ္ရာရေတာရိုင္း တိရိစၧာန္ေလးမ်ားကို ကုသေပးရန္ အေရးပါတဲ့ အခန္းကဏၰ တစ္ခုအျဖစ္ ပါဝင္ေနပါတယ္။ဩစေၾတးလ်နိုင္ငံတစ္ဝွမ္းမွ မီးသတ္သမားမ်ားဟာ ျပကၡဒိန္ထဲပါဝင္ရန္ ႏွစ္စဥ္ႏွစ္တိုင္း ဓာတ္ပုံရိုက္ဖို့လာၾကေပမဲ့ ေရႊကမ္းေျခဆိုတဲ့ေနရာမွာ ဓာတ္ပုံရိုက္ရန္အတြက္ ၂၄ဦးသာ ေရြးခ်ယ္ေၾကာင္း ဩစေၾတးလ်မီးသတ္သမားမ်ားျပကၡဒိန္ ဒါရိုက္တာ David Rogers က ဆိုပါတယ္။အဆိုပါဓာတ္ပုံေတြကို ေခြး၊ေၾကာင္၊သိုး၊ဘဲေပါက္၊သားပိုက္ေကာင္ႏွင့္တျခားတိရိစၧာန္ေလးေတြနဲ႔အတူ ရိုက္ကူးထားၾကပါတယ္။

၎ကဲ့သို့ ႀကိဳးစားအားထုတ္မွုအားလုံးေတြဟာ အမွန္တကယ္လိုအပ္ေနတဲ့ အေၾကာင္းျပခ်က္တစ္ခုျဖစ္ၿပီး ေတာမီးေလာင္မွုမွ လြတ္ေျမာက္ရန္ အစြမ္းကုန္ ႀကိဳးပမ္းခဲ့ၾကတဲ့ ကၽြန္ေတာ္တို့ရဲ့ ေတာရိုင္းတိရိစၧာန္ေလးမ်ားကို ေထာက္ပံ့နိုင္ရန္ျဖစ္ေၾကာင္း Rogers က ၂၀၁၉-၂၀၂၀ခုႏွစ္အတြင္း ျဖစ္ပြါးခဲ့တဲ့ ဩစေၾတးလ်ေတာမီးေလာင္မွုကို အေျခခံကာ ေျပာဆိုခဲ့ပါတယ္။၂၀၂၁ခုႏွစ္အတြက္ ဓာတ္ပုံရိုက္ကူးခဲ့ၾကတဲ့ ေယာက်္ားပီသတဲ့ဩစေၾတးလ်မီးသတ္သမားေမာ္ဒယ္ေတြနဲ႔ တိရိစၧာန္ေလးတို့ရဲ့ ပုံတခ်ိဳ့ကိုပါ စာဖတ္သူေတြအတြက္ မၽွေဝေပးလိုက္ပါတယ္။

4

5

6

7

8

9

10

11

12

13

14

15

16

Jasmine (Mckzone Daily)

Source: .boredpanda.

Unicode

ဩစတြေးလျမီးသတ်သမားများဆိုတဲ့ ပြက္ခဒိန်ကို ၁၉၉၃ခုနှစ်က ကလေးဆေးရုံဖောင်ဒေးရှင်းများအား ပံ့ပိုးရန် တည်ထောင်ခဲ့ပြီး သက်ဆိုင်သူတွေက ကလေးမီးလောင်ခြင်းနှင့် ပတ်သက်တဲ့ သုတေသနအတွက် ရန်ပုံငွေ ထောက်ပံ့ခဲ့ပါတယ်။အဲ့ဒီအချိန်ကတည်းက ပရဟိတလုပ်ငန်းအတွက် ဒေါ်လာ ၃.၂သန်းကျော် စုဆောင်းနိုင်ခဲ့ပြီး ၂၀၂၀ခုနှစ်မှာတော့ ယခင်ရရှိခဲ့တဲ့ပမာဏလောက်ရရန် ဘယ်လိုစတင် ပြုလုပ်ရမလဲဆိုတာကို သူတို့စဉ်းစားခဲ့ကြပါတယ်။ဩစတြေးလျ မီးသတ်သမားအဖွဲ့က ၂၀၁၉အကုန်၂၀၂၀ခုနှစ် အစောပိုင်းလောက်မှာ အကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေ ကြုံခဲ့ရပြီး သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ တောမီးလောင်မှုကြောင့် ကျွန်တော်တို့ စိတ်နာစွာ ခံစားခဲ့ကြရတယ်။ကျွန်တော်တို့ ရဲ့ များစွာသော တိရိစ္ဆာန်မျိုးစိတ်ပေါင်း ၁ဘီလီယံလောက်ကိုလည်းဆုံးရှုံးခဲ့ရပြီး တောအုပ်တွေက ပျက်စီးသွားတာကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ တောရိုင်းတိရိစ္ဆာန်များစွာ ရှိခဲ့ကြောင်း Bored Pandaသတင်းအား ပြောပြထားပါတယ်။

ပြီးခဲ့တဲ့၂၀၂၀ခုနှစ် ပြက္ခဒိန်ရဲ့ ရန်ပုံငွေဟာ ထောက်ပံ့မဲ့ ပစ္စည်းကိရိယာအသစ်တွေကို ၆လစာနီးပါးပေးဆောင်နိုင်ခဲ့ပေမဲ့ ယခု ၂၀၂၁ခုနှစ်အတွက် ထုတ်ဝေမဲ့ “Animal Lovers”ဆိုတဲ့ ပြက္ခဒိန်မှာတော့ ဒဏ်ရာရတောရိုင်း တိရိစ္ဆာန်လေးများကို ကုသပေးရန် အရေးပါတဲ့ အခန်းကဏ္ဏ တစ်ခုအဖြစ် ပါဝင်နေပါတယ်။ဩစတြေးလျနိုင်ငံတစ်ဝှမ်းမှ မီးသတ်သမားများဟာ ပြက္ခဒိန်ထဲပါဝင်ရန် နှစ်စဉ်နှစ်တိုင်း ဓာတ်ပုံရိုက်ဖို့လာကြပေမဲ့ ရွှေကမ်းခြေဆိုတဲ့နေရာမှာ ဓာတ်ပုံရိုက်ရန်အတွက် ၂၄ဦးသာ ရွေးချယ်ကြောင်း ဩစတြေးလျမီးသတ်သမားများပြက္ခဒိန် ဒါရိုက်တာ David Rogers က ဆိုပါတယ်။အဆိုပါဓာတ်ပုံတွေကို ခွေး၊ကြောင်၊သိုး၊ဘဲပေါက်၊သားပိုက်ကောင်နှင့်တခြားတိရိစ္ဆာန်လေးတွေနဲ့အတူ ရိုက်ကူးထားကြပါတယ်။

၎င်းကဲ့သို့ ကြိုးစားအားထုတ်မှုအားလုံးတွေဟာ အမှန်တကယ်လိုအပ်နေတဲ့ အကြောင်းပြချက်တစ်ခုဖြစ်ပြီး တောမီးလောင်မှုမှ လွတ်မြောက်ရန် အစွမ်းကုန် ကြိုးပမ်းခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ တောရိုင်းတိရိစ္ဆာန်လေးများကို ထောက်ပံ့နိုင်ရန်ဖြစ်ကြောင်း Rogers က ၂၀၁၉-၂၀၂၀ခုနှစ်အတွင်း ဖြစ်ပွါးခဲ့တဲ့ ဩစတြေးလျတောမီးလောင်မှုကို အခြေခံကာ ပြောဆိုခဲ့ပါတယ်။၂၀၂၁ခုနှစ်အတွက် ဓာတ်ပုံရိုက်ကူးခဲ့ကြတဲ့ ယောကျ်ားပီသတဲ့ဩစတြေးလျမီးသတ်သမားမော်ဒယ်တွေနဲ့ တိရိစ္ဆာန်လေးတို့ရဲ့ ပုံတချို့ကိုပါ စာဖတ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment