အ႐ွိန္မေျပေသးတဲ့ အရက္မူးသမားလိုလမ္းေလ်ွာက္ရင္း အေတာ္ေလးကိုနာမည္ႀကီးသြားခဲ့တဲ့ Model (႐ုပ္/သံ)

ဂ်ာမန္ကေမာ္ဒယ္ေလး Leon Dame ဟာသူ႔ရဲ႕တမူထူးျခားတဲ့ runway လမ္းေလ်ွာက္တဲ့ပံုေၾကာင့္ social media အသံုးျပဳသူေတြၾကားမွာ အေတာ္ေလးကို ေရပန္းစားေနခဲ့ပါတယ္ ။ သူ၏ စိတ္အားထက္သန္စြာလမ္းေလ်ွာက္ေနတဲ့ပံုစံကို လူအမ်ားက မနက္ခင္း 7နာရီေလာက္မွ club ကေနထြက္လာၿပီး အရက္မူးလြန္ၿပီးကန္႔လန္႔တိုက္ကာ လမ္းေလ်ွာက္ေနတဲ့ ဆယ္ေက်ာ္သက္အရြယ္ေကာင္ေလးေတြနဲ႔ ႏႈိင္းယွဥ္ခဲ့ၾကပါတယ္ ။ Leon ဟာ Paris Fashion Week ရဲ႕ Maison Margiela Spring 2020 မွာ အပိတ္အေနနဲ႔ေလ်ွာက္ေပးခဲ့တာျဖစ္ပါတယ္ ။ Leon ဟာ အျဖဴေရာင္ေဘာင္းဘီအတိုကိုဝတ္ဆင္ထားၿပီး ၊ သားေရJacket ႏွင့္ ေဒါက္ပါသည့္ ဘိုးဖိနပ္အ႐ွည္ကို ဝတ္ဆင္ထားခဲ့ၿပီး အသက္ 20အရြယ္သာ႐ွိေသးေပမဲ့ catwalk ေလ်ွာက္လာတဲ့ပံုစံ ခြန္အားအျပည့္နဲ႔ျဖစ္ေနခဲ့တဲ့အတြက္ ပြဲလာပရိသတ္ေတြကိုေတာင္ စိတ္လႈပ္႐ွာေစၿပီး ၊ ေၾကာက္သြားေစမဲ့ ပံုစံမ်ိဳးေလးျဖစ္ေနခဲ့တဲ့အတြက္ ပြဲလာပိရိသတ္ထဲကတစ္ေယာက္ျဖစ္တဲ့ ေအတိေအးစက္ေနတတ္တဲ့ Anna Wintour ( British journalist) ကိုပါျပံဳးရယ္သြားေစႏိုင္ခဲ့ပါတယ္ ။

Leon Dame ရဲ႕ေလ်ွာက္လမ္းလာတဲ့ ပံုစံကိုပြဲလာပရိသတ္ေတြျဖစ္ၾကတဲ့ နာမည္ႀကီးဒီဇိုင္နာမ်ား ၊ နာမည္ေက်ာ္အႏုပညာ႐ွင္မ်ားက ၎တို႔၏ social media တြင္ ပံုစံမ်ိဳးစံုေရးသားၿပီးျပန္လည္ေဝမ်ွခဲ့တဲ့အတြက္ Leon အတြက္ေတာ့ အေတာ္ေလးနာမည္ႀကီးေစခဲ့ ပြဲေလးတစ္ခုျဖစ္သြားေစခဲ့ပါတယ္ ။

နာမည္ေက်ာ္ၾကားလြန္းတဲ့ British fashion ဒီဇိုင္နာ Galliano အသက္ 58 ႏွစ္က ပထမကမာၻစစ္ ၊ ဒုတိယကမာၻစစ္တုန္းက ဝတ္စားဆင္ယင္ပံုႏွင့္ အဝတ္စား 39 စံုကို အဆိုပါပြဲအတြက္ျပဳလုပ္ဖန္တီးခဲ့တာျဖစ္ပါတယ္ ။ ထို႔ေၾကာင့္ အခ်ိဳ႕ေမာ္ဒယ္မ်ားရဲ႕ဝတ္စံုမ်ားဟာ အရင္ကဝတ္စံုပံုစံေတြျဖစ္တဲ့ အျဖဴ စင္းေသးေသးေလးေတြပါတဲ့ ဝတ္စံုေတြ ၊ တစ္ဦးႏွင့္တစ္ဦးျခားနားတဲ့ ဂ်င္းဝတ္စံုေလးေတြ ၊ သူနာျပဳေတြရဲ႕ဝတ္စံုမ်ား ၊ စစ္တပ္ရဲ႕ ဦးထုပ္ပံုစံေတြ စသည့္ဝတ္စံုပံုစံမ်ားကို တစ္ေခတ္ဆန္းပံုစံျဖင့္ ျပန္လည္ပံုေဖာ္ခဲ့တာ ျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source:dailymail

Unicode

ဂျာမန်ကမော်ဒယ်လေး Leon Dame ဟာသူ့ရဲ့တမူထူးခြားတဲ့ runway လမ်းလျှောက်တဲ့ပုံကြောင့် social media အသုံးပြုသူတွေကြားမှာ အတော်လေးကို ရေပန်းစားနေခဲ့ပါတယ် ။ သူ၏ စိတ်အားထက်သန်စွာလမ်းလျှောက်နေတဲ့ပုံစံကို လူအများက မနက်ခင်း 7နာရီလောက်မှ club ကနေထွက်လာပြီး အရက်မူးလွန်ပြီးကန့်လန့်တိုက်ကာ လမ်းလျှောက်နေတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးတွေနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ် ။ Leon ဟာ Paris Fashion Week ရဲ့ Maison Margiela Spring 2020 မှာ အပိတ်အနေနဲ့လျှောက်ပေးခဲ့တာဖြစ်ပါတယ် ။ Leon ဟာ အဖြူရောင်ဘောင်းဘီအတိုကိုဝတ်ဆင်ထားပြီး ၊ သားရေJacket နှင့် ဒေါက်ပါသည့် ဘိုးဖိနပ်အရှည်ကို ဝတ်ဆင်ထားခဲ့ပြီး အသက် 20အရွယ်သာရှိသေးပေမဲ့ catwalk လျှောက်လာတဲ့ပုံစံ ခွန်အားအပြည့်နဲ့ဖြစ်နေခဲ့တဲ့အတွက် ပွဲလာပရိသတ်တွေကိုတောင် စိတ်လှုပ်ရှာစေပြီး ၊ ကြောက်သွားစေမဲ့ ပုံစံမျိုးလေးဖြစ်နေခဲ့တဲ့အတွက် ပွဲလာပိရိသတ်ထဲကတစ်ယောက်ဖြစ်တဲ့ အေတိအေးစက်နေတတ်တဲ့ Anna Wintour ( British journalist) ကိုပါပြုံးရယ်သွားစေနိုင်ခဲ့ပါတယ် ။

Leon Dame ရဲ့လျှောက်လမ်းလာတဲ့ ပုံစံကိုပွဲလာပရိသတ်တွေဖြစ်ကြတဲ့ နာမည်ကြီးဒီဇိုင်နာများ ၊ နာမည်ကျော်အနုပညာရှင်များက ၎င်းတို့၏ social media တွင် ပုံစံမျိုးစုံရေးသားပြီးပြန်လည်ဝေမျှခဲ့တဲ့အတွက် Leon အတွက်တော့ အတော်လေးနာမည်ကြီးစေခဲ့ ပွဲလေးတစ်ခုဖြစ်သွားစေခဲ့ပါတယ် ။

နာမည်ကျော်ကြားလွန်းတဲ့ British fashion ဒီဇိုင်နာ Galliano အသက် 58 နှစ်က ပထမကမ္ဘာစစ် ၊ ဒုတိယကမ္ဘာစစ်တုန်းက ဝတ်စားဆင်ယင်ပုံနှင့် အဝတ်စား 39 စုံကို အဆိုပါပွဲအတွက်ပြုလုပ်ဖန်တီးခဲ့တာဖြစ်ပါတယ် ။ ထို့ကြောင့် အချို့မော်ဒယ်များရဲ့ဝတ်စုံများဟာ အရင်ကဝတ်စုံပုံစံတွေဖြစ်တဲ့ အဖြူ စင်းသေးသေးလေးတွေပါတဲ့ ဝတ်စုံတွေ ၊ တစ်ဦးနှင့်တစ်ဦးခြားနားတဲ့ ဂျင်းဝတ်စုံလေးတွေ ၊ သူနာပြုတွေရဲ့ဝတ်စုံများ ၊ စစ်တပ်ရဲ့ ဦးထုပ်ပုံစံတွေ စသည့်ဝတ်စုံပုံစံများကို တစ်ခေတ်ဆန်းပုံစံဖြင့် ပြန်လည်ပုံဖော်ခဲ့တာ ဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အ႐ွိန္မေျပေသးတဲ့ အရက္မူးသမားလိုလမ္းေလ်ွာက္ရင္း အေတာ္ေလးကိုနာမည္ႀကီးသြားခဲ့တဲ့ Model (႐ုပ္/သံ)"

Leave a comment

Your email address will not be published.


*